, 18 စက်တင်ဘာ 2010
ရွေးကောက်ပွဲမှာ မဲမပေးဘဲ သပိတ်မှောက်ဖို့ စည်းရုံး လှုံ့ဆော်တာဟာ လက်ရှိ ရွေးကောက်ပွဲ ဥပဒေအရ ပြစ်မှုမြောက်ပြီး ထောင်ဒဏ် ငွေဒဏ်နှစ်ရပ်စလုံးနဲ့ အရေးယူ အပြစ်ပေးလို့ရတယ်လို့ မြန်မာအစိုးရပိုင် သတင်းစာမှာ ဒီကနေ့ ရေးသားဖော်ပြခဲ့ပါတယ်။ ရွေးကောက်ပွဲကို သပိတ်မှောက်မယ်လို့ ပြောထားတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို အဓိက ပစ်မှတ်ထားပြီး ရေးသားတာဖြစ်တယ်လို့ ယူဆရပါတယ်။ ရွေးကောက်ပွဲမှာ မဲပေးတာ မဲမပေးတာဟာ ရွေးကောက်ပွဲဆိုင်ရာ အခွင့်အရေး ဆိုပြီး ပြဌာန်းထားပေမဲ့လို့ ရွေးကောက်ပွဲမှာ မဲမပေးဖို့ စည်းရုံးလှုံ့ဆော်မယ်ဆိုရင် မဲဆန္ဒရှင်တွေရဲ့ အခွင့်အရေး လွတ်လပ်စွာ သုံးစွဲလို့ မရအောင် မလျော်သြဇာသုံးပြီး ဆောင်ရွက်တာဖြစ်တယ်လို့ ရေးပါတယ်။
ဒီအတိုင်းဆိုရင် လက်ရှိ ရွေးကောက်ပွဲ ဥပဒေအရ အရေးယူ အပြစ်ပေးလို့ ရတယ်လို့ ဖော်ပြထားပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဉာဏ်ဝင်းကတော့ သူတို့အမြင်မှာတော့ ရွေးကောက်ပွဲကို သပိတ်မှောက်တာဟာ ဥပဒေကို ချိုးဖောက်တာမဟုတ်ဘူးလို့ ပြောပါတယ်။
“ကျနော်တို့ပြောတာတော့ ညီတယ်ဗျ။ သူပြောချင်တဲ့ စကားလုံးကို ကျနော်တို့ လုံးဝ မပြောဘူး။ ကျနော်တို့ ပြောတာက မဲပေးနိင်တယ်၊ မဲမပေးလည်း နေနိုင်တယ်။ boycott လုပ်တာ ကျနော်တို့ ကိုယ့်လူနဲ့ကိုယ် လုပ်တာ၊ ကိုယ့် ထောက်ခံသူတွေနဲ့ ကိုယ် လုပ်တာ။ ဘာဥပဒေမှ ချိုးဖောက်တာ မရှိဘူး။”
အထိမ်းသိမ်းခံရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆာင် ဒေါ်အောင်ဆန်းစုကြည် ကတော့ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသလို၊ မဲမပေးဘဲ နေနိုင်ခွင့် ရှိတယ်လို့ သူနဲ့တွေ့ဆုံခဲ့တဲ့ ဦးဉာဏ်ဝင်းကတဆင့် လူထုကို စကားပါးခဲ့ပါတယ်။ ဒီနောက်မှာတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေဟာ နယ်အရပ်ရပ်ကို ဆင်းပြီး ရွေးကောက်ပွဲ သပိတ်မှောက်ရေး အစီအစဉ်တွေကို လှုပ်ရှား ဆောင်ရွက်လျက်ရှိပါတယ်။
နောက်တချက်ကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ပါတီပျက်ပြယ်မှု မရှိသးဘူးလို့ ပြောဆိုနေတာတွေဟာ ဥပဒေပါ ပြဌာန်းချက်တွေကို မျက်ကွယ်ပြုပြီးတော့ လူထု ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်ဆောင်တာလို့ ဥပဒေလေ့လာသူ တဦးဆိုတဲ့ စာရေးသူက ဒီကနေ့ အစိုးရသတင်းစာတွေမှာ ရေးထားပါတယ်။ စစ်အစိုးရသတင်းစာပါ ဆောင်းပါးတွေဟာ စစ်အစိုးရရဲ့ သဘောထား ကြေညာချက်တော့ မဟုတ်ပေမဲ့ ဒီဆောင်းပါးတွေဟာ စစ်အစိုးရရဲ့ သဘောကို ထင်ဟပ်လေ့ရှိတယ်လို့ လေ့လာသူတွေက ပြောပါတယ်။
VOA
Sunday, September 19, 2010
မြန်မာ့ရွေးကောက်ပွဲ အာဆီယံ-အမေရိကန် ဆွေးနွေးမည်
စနေ, 18 စက်တင်ဘာ 2010
“အမေရိကန်-အင်ဒိုနီးရှား Joint Commission” ခေါ် နှစ်နိုင်ငံဘက်ပေါင်းစုံကနေ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ကို တရားဝင် အကောင်အထည်ဖော်ကြဖို့ အစပြုတဲ့အနေနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton နဲ့  အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Marty Natalegawa တို့ဟာ မနေ့က အမေရိကန် နိင်ငံခြားရေး ၀န်ကြီးဌာနမှာတွေ့ ဆုံခဲ့ပါတယ်။ နှစ်နိုင်ငံဆက်ဆံရေး ပိုမို ခိုင်မာအောင် ဘာတွေများ ဆွေးနွေးခဲ့ကြသလဲ ဆိုတာနဲ့ပတ်သက်ပြီး VOA သတင်းထောက် Suzanne Presto ပေးပို့ထားတဲ့ သတင်းလွှာနဲ့အတူ မနေ့က ၀ါရှင်တန်က သီးခြားဆွေးနွေးပွဲတခုမှာ မိန့်ခွန်းပြောရာမှာ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဘာများ ပြောသွားခဲ့သလဲ ဆိုတာတွေကို မနော်ရှိုးက အစီရင်ခံထားပါတယ်။
မနေ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton နဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Marty Natalegawa တို့ဟာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ စနစ်တကျ တိုးမြင့်လုပ်ဆောင်ဖို့ အစီအစဉ်ကို တရားဝင် အစပြုဖို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
US-Indonesia Joint Commission လို့ခေါ်တဲ့ နှစ်နိုင်ငံ ဘက်ပေါင်းစုံကနေ ပူးပေါင်းဆောင်ရွက်ကြမယ့် အစီအစဉ်ကို လုပ်ဆောင်ဖို့ နှစ်နိုင်ငံ သမ္မတတွေကြားမှာ သဘောတူညီခဲ့တဲ့ လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်ကတည်းကစလို့ နှစ်ဘက်စလုံးက ကြိုးစားပမ်းစား လုပ်ဆောင်လာခဲ့ကြတယ်လို့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ကလင်တန်က ပြောပါတယ်။ ဒါ့အပြင် အင်ဒိုးနီးရှားဟာ အမေရိကန်နိုင်ငံ အတွက် ဘက်ပေါင်းစုံကနေ ပူးပေါင်းဆောင်ရွက်နိုင်မယ့် လုပ်ဖော်ကိုင်ဖက်ကောင်း မဟာမိတ်နိုင်ငံဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
“ကျမတို့ နှစ်နိုင်ငံစလုံး မတူကွဲပြားပြီး အရောင်အသွေးစုံတဲ့ လူမှုအဖွဲ့အစည်းတွေ ရှိတယ်။ ဒီလို မတူကွဲပြားတာတွေကို အပြန်အလှန် နားလည်ပေးပြီး အမျိုးသမီးနဲ့ လူနည်းစု အခွင့်အရေးကို လေးစားတဲ့ အစဉ်အလာ ရှိကြပါတယ်။ ကျမတို့အနေနဲ့ ပိုမို အောင်မြင်ကြီးပွားတဲ့ အရှေ့တောင်အာရှ ဒေသကို မြင်ချင်သလို ကမ္ဘာကြီး ပိုမိုငြိမ်းချမ်းဖို့လည်း မဖြစ်မနေ ဆောင်ရွက်လိုတဲ့ဆန္ဒ ရှိပါတယ်။ အင်ဒိုနီးရှားအနေနဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက်အပြင် သဘာဝပတ်ဝန်ကျင် ထိမ်းသိန်းရေး၊ ရာသီဥတု ပြောင်းလဲမှုနဲ့ တခြား အရေးကြီးတဲ့ကိစ္စတွေ တော်တော်များများမှာ ကမ္ဘာကို အသိပေး လှုံ့ဆော်နေတာတွေ အတွက် ချီးကျူးပါတယ်။”
အမေရိကန်-အင်ဒိုနီးရှား ပူးတွဲကော်မရှင်အနေနဲ့ နှစ်နိုင်ငံကြား ကဏ္ဍ ၆ ခုမှာ ပူးပေါင်း ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။ အဲဒါတွေကတော့ ဒီမိုကရေစီ၊ သဘာဝပတ်ဝန်းကျင်၊ လုံခြုံရေး၊ စွမ်းအင်၊ ပညာရေးနဲ့ ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှုတို့ပဲ ဖြစ်ပါတယ်။ အဲဒီထဲမှာမှ ပညာရေး ပူးပေါင်း ဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး အထူး စိတ်လှုပ်ရှားရတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillay Clinton က ပြောခဲ့ပါတယ်။
“ကျမတို့အနေနဲ့ အမေရိကန်မှာ ပညာသင်တဲ့ အင်ဒိုနီးရှား ကျောင်းသား အရေအတွက်ကို တိုးစေမှာဖြစ်သလို အင်ဒိုနီးရှားမှာ ပညာ သင်ယူမယ့် အမေရိကန် ကျောင်းသားတွေ တိုးလာအောင် ပူးပေါင်း ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန် ထုတ်ကုန် သွင်းကုန် ဘဏ်ကနေပြီး အင်ဒိုနီးရှားဘဏ် ၁၁ ခု ပူးပေါင်းပြီး အမေရိကန် ဒေါ်လာ သန်း ၁ ထောင် အကြွေးထုတ်ချေးပေးမယ့် အစီအစဉ် အပါအ၀င် နှစ်နိုင်ငံ ကုန်သွယ်ရေးကို နှစ်ဆတိုးနိုင်အောင် ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။”
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Natalegawa ကလည်း ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနှစ်နိုင်ငံ အခုလို ဘက်ပေါင်းစုံကနေ ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြင့် လုပ်ဆောင်နိုင်ဖို့ ဆောင်ရွက်ရာမှာ လက်တွေ့အောင်မြင်မှုတွေ ရရှိအောင် သန္နိဌာန်ချထားတယ်လို့ ပြောခဲ့ ပါတယ်။
“ကျနော့်အနေနဲ့ ပညာရေးနဲ့ တခြားကဏ္ဍတွေ၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်၊ ရာသီဥတု ပြောင်းလဲမှုနဲ့ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ကိစ္စတွေမှာ တကယ်ပဲ ပူးပေါင်း ဆောင်ရွက်ကြရေး အတွက် ကြိုးစားမှာ ဖြစ်ပါတယ်။ ခုလို နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကနေ တိုးတက်မှုတွေ ပုံမှန်နဲ့ ဖြစ်နိုင်ရင် တမုဟုတ်ချင်းတိုးတက်မှုတွေရှိလာအောင်တောင် လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။”
ဝန်ကြီးနှစ်ဦးကြား ဆွေးနွေးပွဲအဆုံးမှာတော့ နှစ်ဘက်စလုံးက နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုမှာ လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့ တိုးတက်မှု ရှိအောင်လုပ်ဖို့ အရေးကြီးကြောင်း ပြောခဲ့ပါတယ်။ ဒီနှစ်နိုင်ငံ ပူးတွဲကော်မရှင် အစီအစဉ်ကို အင်ဒိုနီးရှားမှာ ၂၀၁၁ ခုနှစ်မှာ စတင်မှာ ဖြစ်ပါတယ်။
တဆက်တည်းမှာပဲ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက မနေ့က ၀ါရှင်တန်မြို့တော်က သီးခြား ဆွေးနွေးပွဲတခုမှာ မိန့်ခွန်းပြောရာမှာ မြန်မာနိုင်ငံမှာ နိုဝင်ဘာလမှာကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အင်ဒိုနီးရှားအစိုးရရဲ့ သဘောထားကို ခုလို ပြောသွားပါတယ်။
“မြန်မာနိုင်ငံ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ ကြည့်တဲ့သူအပေါ်မှာ တည်ပါလိမ့်မယ်။ ရေတ၀က်ပဲ ရှိတယ်လို့ မြင်လို့ရသလို ရေတ၀က်တောင် လျော့နေတယ်လို့လည်း မြင်လို့ရပါတယ်။ မြန်မာအစိုးရအနေနဲ့ သူတို့ကိုယ်တိုင် ကတိပြုထားသလို လွတ်လပ်မျှတပြီး အားလုံး ပါဝင်နိုင်မယ့် ရွေးကောက်ပွဲ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ အဲဒီလိုဖြစ်အောင်လည်း ကျနော်တို့ တိုက်တွန်းနေပါတယ်။ မြန်မာအစိုးရကလည်း သူတို့ကတိပေးထားတဲ့အတိုင်း လုပ်သွားမယ်ဆိုပြီး အကြိမ်ကြိမ် ပြောထားပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာလည်း အာဏာရှင်စနစ် နှစ် ၃၀ နီးပါး ကြာပြီးတဲ့နောက် ပထမဆုံးလုပ်တဲ့ ရွေးကောက်ပွဲဟာ အခုနောက်ဆုံးလုပ်တဲ့ ၂၀၀၄ ခုနှစ်၊ ၂၀၀၉ ခုနှစ်က ရေးကောက်ပွဲတွေနဲ့ ပုံစံမတူပါဘူး။ ဒါပေမဲ့ အဲဒီရွေးကောက်ပွဲဟာ အပြောင်းအလဲ အတွက် ပထမဆုံးအဆင့် ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာလုပ်မယ့် ရွေးကောက်ပွဲနဲ့ တွေ့ဆုံဆွေးနွေးမှုတွေဟာ အပြောင်းအလဲအတွက် အစိတ်အပိုင်းတရပ် ဖြစ်လာလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ထားပါတယ်။”
ဆက်လက်ပြီး မစ္စတာ Natalegawa က လာမယ့် သောကြာနေ့ နယူးယောက်မြို့မှာ ကျင်းပမယ့် ဒုတိယအကြိမ်မြောက် အမေရိကန်နဲ့ အာဆီယံ ခေါင်းဆောင်တွေ အစည်းအဝေးမှာလည်း မြန်မာနိုင်ငံမှာ ကျင်းပမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အဓိကထား ဆွေးနွေးသွားဖို့ ရှိတယ်လို့ ပြောခဲ့ပါတယ်။

မြန်မာ့ပြည်တွင်းရေး တရုတ် ၀င်စွက်ဖက်သည်ဟု NCUB သဘောထားထုတ်ပြန်
Submitted by Karen Information Center on Saturday, 18 September 2010No Comment.စက်တင်ဘာလ ၁၈ရက်။ စောခါးစူးညား (ကေအိုင်စီ)
တရုတ်နိုင်ငံက သူတပါးပြည်တွင်းရေးကို ၀င်ရောက်မစွက်ဖက်ရန် နိုင်ငံတကာသို့ ဆယ်စုနှစ်ကျော် တောင်းဆိုထားခဲ့သော် လည်း ၎င်းကိုယ်၌ကမူ မြန်မာပြည်တွင်းရေးကို စွက်ဖက်နေသည်ဟု ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသားကောင်စီ (NCUB)က ယမန်နေ့တွင် သဘောထားကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။
NUCB ဥက္ကဌ စောဒေးဗစ်သကဘောက “မြန်မာစစ်အစိုးရက မတရားအာဏာချုပ်ကိုင်ထားတာ၊ လူ့အခွင့်အရေးချိုးဖောက် တာတွေကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ နိုင်ငံတကာက အရေးယူမယ်လုပ်တိုင်း တရုတ်က အမြဲ ဗစ်တိုအာဏာသုံးတယ်။ အခုလည်း သူပြောနေတာက နအဖလုပ်နေတဲ့ ရွေးကောက်ပွဲဟာ ပြည်တွင်းရေးကိစ္စဖြစ်တယ်။ ဘယ်သူမှ ၀င်မစွက်ဖို့။ ဒါပေမဲ့ ဒီလိုမျိုး နအဖကို အကာအကွယ်ပေးတာလည်း ပြည်တွင်းရေးကို ၀င်စွက်တာပဲပေါ့။”ဟု ကေအိုင်စီကို ပြောသည်။
မြန်မာနယ်စပ်တလျှောက်ရှိ တိုင်းရင်းသားများသည် နအဖ အတုအယောင် ရွေးကောက်ပွဲကို မဲဆန္ဒပေးခြင်း၊ မပေးခြင်းသည် ၎င်းတို့၏ ကိုယ်ပိုင်အခွင့်အရေးဖြစ်ပြီး ယင်းအခွင့်အရေးအပေါ် တရုတ်အစိုးရက သွယ်ဝိုက်သောနည်းဖြင့် ဖိအားပေးနေသည် ဟုလည်း သူက ယခုလို ဆက်ပြောသည်။
“သူတို့(တရုတ်)က နအဖ လုပ်တဲ့ရွေးကောက်ပွဲကို မဖျက်ဖို့။ နောက်တခု လက်ခံနိုင်ရင် ကောင်းတာတို့ ပြောတဲ့ဟာတွေက သွယ်ဝိုက်ပြီး ဖိအားပေးတာနဲ့ တူတူပဲ။ ကျနော်တို့ အခု ကြေညာချက်ထုတ်ရတာလည်း တရုတ်ရဲ့လုပ်ရပ်ကို ဒီမိုကရေစီ လို လားတဲ့နိုင်ငံတွေကို သိပြီး တရုတ်ကို ကန့်ကွက်ဖို့ပဲ။”ဟု ၎င်းက ဆိုသည်။
နအဖ စစ်အုပ်စုသည် အတိုက်အခံအင်အားစုများနှင့် တိုင်းရင်းသားများကို မြန်မာ့နိုင်ငံရေးတွင် ပါဝင်ခွင့် မရရှိစေရန် ရည်ရွယ် ချက်ဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နှင့် အခြားနိုင်ငံရေးပါတီများ ဖျက်သိမ်းလိုက်ခြင်းသည် မြန်မာပြည်အတွက် တည်ငြိမ်ခြင်းနှင့် ငြိမ်းချမ်းရေးကို ဖြစ်ပေါ်စေမည်မဟုတ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူး ဘန်ကီမွန်း၏ စိုးရိမ်မှုကို တရုတ် နိုင်ငံအနေဖြင့် အလေးထားရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တရုတ်အစိုးရ၏ မြန်မာ့ပြည်တွင်းရေးကို ၀င်စွက်ဖက်၍ တိုင်းပြည်အတွက် မလိုအပ်သော လက်နက်များကို စစ်အုပ်စုအား ရောင်းချပေးနေခြင်း၊ မြန်မာ့သဘာဝ သယံဇာတများနှင့် မြေယာများကို ချုပ်ကိုင်နေခြင်းကို ဆန့်ကျင်ဆန္ဒပြကြရန် NCUB က မြန်မာပြည်သူလူထုတရပ်လုံးကို တိုက်တွန်းထားသည်။
၎င်းအပြင် တရုတ်နိုင်ငံနှင့် ခေါင်းဆောင်များအနေဖြင့် နအဖ စစ်အုပ်စုအား စစ်ရေးအရ ကူညီပေးမှုကို လုံးဝ ရပ်တန့်ပေးရန်၊ တရုတ်-မြန်မာနယ်စပ်ရှိ တိုင်းရင်းသား အင်အားစုများအား နည်းမျိုးစုံဖြင့် ဖိအားပေး ခြိမ်းခြောက်နေခြင်းများကို အဆုံးသတ် ရန်၊ မြန်မာနိုင်ငံသားများ၏ အသက်အိုးအိမ်စည်းစိမ်များကို ထိခိုက်စေမည့် သဘာဝသယံဇာတနှင့် မြေယာများဝယ်ယူနေခြင်း ကို ရပ်တန့်ရန်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အဓိက မူဝါဒဖြစ်သည့် ဒေသတွင်းတည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးကို အလေးထားသောအားဖြင့် စစ်အုပ်စုအား နျူကလီးယားနည်းပညာများ မိတ်ဆက်ပေးနေခြင်းကိုလည်း လုံးဝ ရပ် တန့်ပေးရန်လည်း တောင်းဆိုလိုက်သည်။
ထို့အပြင် NUCB က နအဖ စစ်အစိုးရကို အကျိုးပြုပြီး တရားမှုတမှု မရှိသည့် ၂၀၁၀ ရွေးကောက်ပွဲကို အသိအမှတ်မပြုဘဲ ဆန့် ကျင်နေကြသည့် ပြည်သူများနှင့်အတူ အခိုင်အမာရပ်တည်ပေးရန် ကမ္ဘာ့ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂနှင့် အာစီယံနိုင်ငံများအား လုံးသို့ တောင်းဆိုကြောင်းလည်း ပြောဆိုထားသည်။
NCUB ကို ၁၉၉၂ခုနှစ်၊ စက်တင်ဘာလ ၂၂ရက်နေ့၌ မာနယ်ပလောတွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အတိုက်အခံ မြန်မာ့ဒီမို ကရေစီအင်အားစုနှင့် ကရင်၊ ချင်း၊ ပအိုဝ်း၊ ပလောင်၊ မွန်၊ ရခိုင်၊ လားဟူနှင့် ‘၀’ စသည့်တိုင်းရင်းသားအဖွဲ့များ ပါဝင်သည်။

၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်ကန့်ကွက်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားအားလုံးအမြန်ဆုံးပြန်လည်လွှတ်ပေးရေး ဆန္ဒပြတောင်းဆို
JAPAN နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီအဖွဲ့ ချုပ်(နာဂိုယာ)မှဦးစီး၍
အာဏာသိမ်းနှစ်ပါတ်လည်နှင့် ၂၀၁၀ ရွေးကောက်
ပွဲအားဆန့် ကျင်သည့် SignCampaign အား (၁၉.၉.၂၀၁၀) နေ့ တွင်ဂျပန်နိုင်ငံ(နာဂိုယာ)မြို့ ၌ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားနေကြသော မြန်မာလူမျိုးများနှင့်ဂျပန်လူမျိုးများကပါပူးပေါင်းပါဝင်၍အောင်မြင်စွာ
ကျင်းပခဲ့ကြပါသည်...။
( KSOE-NGY )
News from LDB (Nagoya)
၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင် ကန့်ကွက်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားအားလုံးအမြန်ဆုံးပြန်လည်လွှတ်ပေးရေး ဆန္ဒပြတောင်းဆိုမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲ- နဂိုယာစည်းရုံးရေးဒေသမှယနေ့ (၁၉-၀၉-၂၀၁၀) တနင်္ဂနွေနေ့ နေ့လည်(၂)နာရီ မှ (၄)နာရီ အထိ နဂိုယာမြို့ Kanayamaဘူတာ၊ တောင်ဘက်ထွက်ပေါက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အုတ်တံတိုင်း နောက်ကွယ်က ပညာရေး
အရှင်ဇဝန Saturday, September 18, 2010 အောက်မေ့ဖွယ် . ပညာရှာဖွေရေး အခက်အခဲနဲ့ အသိတခုရဖို့ ခြစ်ခြုတ်ပြီး ရှာကြံရတဲ့ဒုက္ခကို အစောပိုင်း ထောင်ထဲ ရောက်ခဲ့သူ တွေကတော့ ကောင်းကောင်း သဘောပေါက်တယ်။
ဘ၀တက္ကသိုလ်လို့ နာမည်လှလှ တပ်ထားပေမယ့် ထောင်ထဲရောက်လာတဲ့ နိုင်ငံရေးသမား တယောက်အတွက် ပညာ ရှာဖွေရတဲ့ ဒုက္ခဟာ တော်တော် ကြီးမားတာကို တွေ့ရတယ်။ စာရွက်လေး လက်နှစ်လုံးလောက် ခဲတံလေး လက်တဆစ် လောက်ဟာလည်း စစ်ခွေးလို့ခေါ်တဲ့ ငရဲခန်းထဲကို ရက်ရှည် ပို့ဆောင်နိုင်တဲ့ အရာတွေပဲဖြစ်တယ်။
ဒါပေမယ့် ဘယ်လိုပဲ နှိပ်ကွပ်မှုတွေ ရှိပါစေ။ လိုချင်တဲ့ ပညာကို အရိုက်ခံ၊ တိုက်ပိတ်ခံပြီး ရှာကြံခဲ့ကြတဲ့ ရဲဘော်တွေရဲ့ ဇွဲကိုတော့ ဦးညွှတ်မိတယ်။ ဘာစာရွက်မှ မရှိ၊ ဘာခဲတံမှ မရှိတဲ့ ဒီလိုနေရာမှာ သင်ကြားရေး အထောက် အကူပစ္စည်း တွေကို ရှာဖွေခဲ့တဲ့ ရှေ့က လူများရဲ့ ကြံဆောင်မှု ကိုလည်း လေးစားမိ ပြန်တယ်။ အပြင် လောကမှာ အမှိုက်အဖြစ် စွန့်ပစ်ခံရတဲ့ ပစ္စည်း တချို့ဟာ ထောင်ထဲမှာ အဖိုးတန်ပစ္စည်း ဖြစ်နေတာကို တွေ့ရတယ်။
ပလတ်စတစ် အိတ်တွေဟာ အပြင်မှာဆို အမှိုက်ပုံထဲ တောင်လိုပုံနေမယ့် အရာပါ။ ဒါပေမယ့် ထောင်ထဲမှာ တန်ဖိုး အရှိဆုံး အလိုအပ်ဆုံး ပစ္စည်းထဲမှာ သူလည်း တခုအပါအ၀င် ဖြစ်တယ်။ ပလတ်စတစ်ကို အသုံးပြုပြီး လောင်စာ သုံးတယ်။ ပလတ် စတစ် ဖြူဖြူလေးတွေကို စုပြီး ကြိုးဆွဲ၊ ကြိုးကျစ်ပြီး အိတ်လှလှ လေးတွေ ထိုးတယ်။ အစကတော့ ပလတ်စတစ်ကို ဒီလောက်ပဲ အသုံးဝင်တာလို့ ထင်ထားခဲ့တာ။ ထောင်ထဲ ရောက်ရောက်ချင်းမှာ ဒါကိုပဲ တွေ့ဖူးသေး တာကိုး။ အခု တွေ့လိုက်ရတာက မြင်နေကြ အရာထက် ပိုတဲ့ အသုံးဝင်မှု တခုကို ထပ်တွေ့ လိုက်ရတယ်။
ကြည့်မြင်တိုင်က ကိုမြတ်သူရက သူ့ကို အဘိဓမ္မာ သင်ပေးဖို့ ဦးပဉ္ဇင်းကို လာကမ်းလှမ်းတယ်။ ဦးပဉ္ဇင်းကလည်း လိုလို လားလားပဲ သူသိချင်တဲ့ အဘိဓမ္မာကို ပြပေးဖို့ သဘောတူလိုက်တယ်။ ခက်တာက ဘယ်လိုသင်ရမလဲဆိုတဲ့ ကိစ္စပဲ။ သူနဲ့ ကိုယ်တွေ့ဖို့က ၁၅ မိနစ်ပဲ အချိန်ရတယ်။ ဒီ အချိန်အတွင်းမှာ အဘိဓမ္မာကို နားလည်အောင် ဘယ်လိုရှင်းပြမလဲ။ ဒီလို အခက်အခဲနဲ့ ကြုံတယ်။
ဒါပေမယ့် ဒီအခက်အခဲကို ဦးပဉ္ဇင်းတို့ ကျော်လွှားနိုင်ခဲ့တယ်။ ဒါကတော့ ပလတ်စတစ် အိတ်ဖြူဖြူကို ထုံးပေနေတဲ့ နံရံမှာ ပွတ်တိုက် လိုက်တယ်။ မှုန်ဝါးဝါး ဖြစ်သွားတဲ့ ပလတ်စတစ်ပေါ်မှာ သွပ်နန်းကြိုးလို လက်တဆစ်လောက် သံချောင်းလေး ဒါမှမဟုတ် ၀ါယာကြိုး ကြေးနန်းတိုတိုလေးကို ကလောင်တံအဖြစ် သုံးပြီး ရေးလို့ရပါတယ်။ အဲဒီလိုနဲ့ ပလတ်စတစ်ပြားပေါ်မှာ သင်္ဂြိုဟ် ကိုးပိုင်းစလုံးကို မျှဝေပေးနိုင်ခဲ့တယ်။ ဒါကလည်း လွတ်လွတ်လပ်လပ် မဟုတ်ဘူး။ အာဏာပိုင် တစ်ယောက် ယောက်၊ ချွန်တွန်းလုပ်တဲ့ အကျဉ်းသား တယောက်ယောက်ကများ အတို့အထောင် လုပ်လိုက်ရင် သင်သူရော သင်ပြသူ ရော နှစ်ယောက်စလုံး စစ်ခွေးတိုက်ကို ရက်ရှည်ခရီး ချီတက်ရလိမ့်မယ်။ စွန့်စွန့်စားစား ပညာရှာဖွေကြရတဲ့ အချိန်ကာလ တွေပေါ့။
သာယာဝတီထောင် ရောက်တော့ အင်းစိန်ထက်စာရင် နည်းနည်းလေးတော့ လူးသာလွန့်သာ ရှိလာတယ်လို့ ဆိုရမယ်။ စာသင်တဲ့ ပစ္စည်းတွေကို ပလတ်စတစ်ပေါ် သံချွန်နဲ့ ရေးရတဲ့ အနေအထားကနေ မယ်လမင်း ပန်းကန်ပြားပေါ် ခဲတံနဲ့ ရေးရတဲ့ အနေအထားကို တိုးတက်သွားတယ်။ ဒါကလည်း ရှာဖွေလေ တွေ့ရှိလေဆိုတဲ့ စကားအတိုင်း တွေ့ရှိသွားခဲ့ကြတာ။ မယ်လမင်း ပန်းကန်းပြားပေါ် ဒီအတိုင်း ခဲဆံနဲ့ ရေးလို့ကတော့ ဘာစာလုံးမှ မထင်ဘူး။ အုတ်နီခဲမှုန့် စတဲ့ အမှုန့်လေးတွေနဲ့ ပန်းကန်းပြားရဲ့ ချောမွတ်နေတဲ့ မျက်နှာပြင်ကို ခပ်နာနာလေး ပွတ်တိုက်ပေးလိုက်မှ မျက်နှာပြင်ပေါ် စာရေးလို့ရတယ်။ ခဲဆံကတော့ ၀န်ထမ်းကို မတန်တဆ ကြေးကြီးကြီးပေးပြီး သွင်းခိုင်းရတယ်။ ခဲတံတချောင်းလုံးဆိုရင် သွင်းပေးသူရော အသွင်းခိုင်းသူပါ အန္တရာယ်ကြီးကြီး ကြုံတွေ့နိုင်မယ်မှန်း သိလျက်နဲ့ လုပ်ကြရတာ။ သွင်းပေးတဲ့ ၀န်ထမ်းက အလုပ်ပြုတ် ထောင်
ကျတဲ့အထိ ဖြစ်နိုင်သလို သွင်းခိုင်းတဲ့ အကျဉ်းသား ထောင်ဝင်စာပိတ် တိုက်ပိတ် (၀င်းမြင့်တို့ လူလှတို့လို ခပ်ဆိုးဆိုး ထောင်ပိုင်တွေနဲ့ တွေ့ရင်) အရိုက်ခံရမှာတွေကို သိလျက်နဲ့ ပညာလိုချင်လွန်းလို့ စွန့်စားကြရတာ။
ခဲတံက တချောင်းလုံးသွင်းလို့ ရတာမဟုတ်ဘူး။ ယူလာခဲ့ရမယ့် ၀န်ထမ်းကလည်း တချောင်းလုံး မယူရဲဘူး။ ခဲတံကိုခွဲ အထဲက ခဲဆံကို လက်တဆစ်လောက်လေးတွေ ဖြတ်ပြီး ယူလာခဲ့ရတာ။ လမ်းမှာမိလို့ကတော့ ၀န်ထမ်း ခံရောပဲ။ အဲဒီလို ၀န်ထမ်းက ခဲရာခဲဆစ် သွင်းလာတဲ့ ခဲဆံကို တံမြက်စည်း ရိုးတံထဲမှာစွပ်၊ သားရေပင်နဲ့ ပတ်ပြီး ထောင်တွင်းဖြစ် ခဲတံ ဖန်တီးတယ်။ တချိန်လုံး တံမြက်စည်း ရိုးတံထဲ ခဲဆံကို တပ်ထားလို့မရဘူး။ စာသင်ပြီးတာနဲ့ တနေရာဆီထားရတယ်။ ခဲဆံကိုဖြုတ်ပြီး လုံးခြုံတဲ့နေရာမှာ ၀ှက်ရတယ်။
မယ်လမင်း ပန်းကန်ပြားပေါ် ရေးထားတဲ့စာကိုလည်း အမြဲတမ်း သတိထားနေရတယ်။ ရှာဖွေရေးလို့ အသံကြားလိုက်တာနဲ့ မယ်လမင်း ပန်းကန်ပြားပေါ်က စာတွေကို အမြန်ဖျက်။ မဖျက်မိလိုက်လို့ ရှာဖွေရေး တွေ့သွားရင် အဖြေကောင်းရင်ကောင်း၊ အဖြေမကောင်းလို့ကတော့ မီးခိုးကြွက်လျှောက် တသီကြီး ခံရရော။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုအခက်အခဲတွေကြားကပဲ စာတွေအများကြီး သင်ခဲ့ကြရတယ်။ အန္တရာယ်ကြားထဲက စွန့်စွန့်စားစား ရယူခဲ့ရတယ်။ တချို့က အင်္ဂလိပ်စာ၊ ဒေါက်တာ အေးချမ်းလို ဆရာသမားတွေနဲ့ ကြုံသူတွေက ဂျပန်စာ တွေကို သင်ရတယ်။
နောက်သင်တန်းတခုကို ထူးထူးခြားခြား တွေ့ဖူးတယ်။ ပန်းချီဆရာကြီး ဦးခင်မြင့်အောင် အဆောင်ကနေ တိုက်ကိုရောက် လာတော့ ပညာသင်ပေးမယ့်သူ တယောက်တိုးလာတယ်။ ဦးခင်မြင့်အောင် အဆောင်မှာ နေစဉ်ကလည်း သူ့ရဲ့ ပညာတွေကို ရဲဘော်တွေကို ဝေငှတယ်လို့ သိရတယ်။ အခုလည်း သူ့ဆီက ပညာတွေကို တိုက်မှာ ဝေငှတယ်။ သူ့ရဲ့ သင်တန်းက ဘာအထောက်အကူပစ္စည်းမှ မရှိလည်း မြေကြီးနဲ့ ခဲလုံးရှိရင် သင်တန်းလုပ်လို့ ရတယ်ဆိုပဲ။
သူ့သင်တန်းသားတွေကို မျဉ်းကြောင်းတွေ အုတ်နီခဲနဲ့ ကြမ်းပြင်မှာ ရေးခြစ်ပြီး သင်ပေးခဲ့ရတယ်ဆိုတာကို သူက ပြောပြ တယ်။ အခုတော့ ထောင်ထဲမှာ အဆင့်မြင့်နေပြီ။ မယ်လမင်း ပန်းကန်ပြားနဲ့ ခဲဆံတွေက သူ့သင်တန်းကို များစွာ အ ထောက် အကူပြုတယ်။ သူ့ရဲ့သင်တန်းသားတွေကတော့ ၈၈ ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်၊ ရမည်းသင်းက ကိုကျော်ဆွေ၊ မန္တလေးက ကိုအောင်မြင့်၊ မှော်ဘီက ကိုခင်မောင်ကြည်။ ဒါ သူ့သင်တန်းသားတွေ။ ဦးပဉ္ဇင်းတို့ကတော့ သူတို့ ပန်းချီဆွဲရင် အလှည့်နဲ့ မော်ဒယ်လ် ထိုင်ပေးရတယ်။ နောက်တော့ ရောင်စုံဆေးတွေကိုပါ စွန့်စွန့်စားစား အထဲ ရောက်အောင် သွင်းယူကြတယ်။ သူ့ပန်းချီသင်တန်းက ပန်းချီပြပွဲတွေကို နှစ်ခါ သုံးခါလောက် လုပ်တာ ကြုံလိုက်ရတယ်။ ကန္တာရထဲမှာ တွေ့လိုက်ရတဲ့ အိုအေစစ်လေးပါပဲ။ သောကတွေ၊ ဒုက္ခတွေ၊ အခက်အခဲတွေကြားက အနုပညာ ထုတ်ကုန် တွေကို ရဲဘော်တွေ ဖန်တီးလိုက်နိုင်တယ်။
ထောင်ထဲမှာ ဦးပဉ္ဇင်းတို့ အဆင့်မြင့်ပညာတွေကို အရည်အချင်းမီမီ ပြန်လည်ဝေငှနိုင်သူတွေ အမြောက်အမြားပါပဲ။ တက္ကသိုလ် အဆင့်မီ ဆရာတွေ တကယ့် ပရော်ဖက်ရှင်နယ် ပညာရှင်တွေ အများကြီးပါပဲ။ လွတ်လပ်စွာ သင်ယူခွင့်ကို ပြင်းပြင်းထန်ထန် အကန့်အသတ် ခံရခြင်းကသာ အားလုံးအတွက် အခက်အခဲဖြစ်တာပါ။ အာဏာရှင်တွေရဲ့ စိတ်ထဲမှာ တော့ ဒီလူတွေ စာတွေဖတ်၊ အသိပညာတွေ ဒီထက်မက တိုးလာရင် ငါတို့ကို ပိုဆန့်ကျင်မယ်။ ဒီ အကြောက်တရားက ထောင်ထဲက လူတွေရော၊ ထောင်အပြင်ကလူတွေပါ အကန့်အသတ် ခံနေရတာပါ။ အဲဒီတော့ ကိုယ့်တိုင်းပြည်ကို ကမ္ဘာ့ အလယ်မှာ အဆင့်အတန်းနိမ့်ကျတဲ့ ဘ၀ကို ရောက်စေတော့တာပေါ့။
ရှာဖွေရေး အသံကြားရင် ကိုယ့်အနီးအနားက ပြဿနာရှာနိုင်တဲ့ ပစ္စည်းတွေကို ၀ှက်ကြရတယ်။ မ၀ှက်မိလို့ကတော့ ထောင်ဝင်စာ ပိတ်တာ၊ တိုက်ပိတ်တာတွေနဲ့ တဦးတည်း အထီးကျန် အထားခံရမှာ ကျိန်းသေတယ်။ တခါက ဒေါက်တာ အေးချမ်း ပြောဖူးတာက ရှာဖွေရေးလာတုန်း သူ့ဆီမှာ စာရွက်စာတမ်းတွေက အပြည့်။ နောက်ဆုံး တရွက်ဆီကို ဆွဲစုတ်၊ စွန့်ထားပြီးသား မိလ္လာခွက်ထဲကို စာရွက်အစအနတွေကို လက်နဲ့ထိုးထည့်၊ ပြာနဲ့ ပြန်အုပ်၊ ပေရေနေတဲ့လက်ကို အ၀တ်စုတ်နဲ့ သုတ်ထားပြီး ခပ်တည်တည်နဲ့ နေလိုက်တယ်။ ဒီလိုနဲ့ ရှာဖွေရေးကို သူကျော်လွှားလိုက်ခဲ့တယ်ဆိုတာကို ပြောပြဖူးတယ်။
နောက်တယောက်ကတော့ သတင်းစာ တစောင်လုံးကို ရေနဲ့စိမ်၊ ၀ါးစားပြီး မြိုချပစ်လိုက်တယ်။ ရှာဖွေရေးကို ကျော်ဖြတ် နည်း တွေကတော့ အမျိုးစုံပဲ။ လွတ်သွားတာလည်း ရှိတယ်။ မလွတ်ဘဲ ခံလိုက်ရတာလည်း ရှိတယ်။
ကြုံလို့ ခံခဲ့ရတာလေးတခု ပြောပြချင်သေးတယ်။
၁၉၉၆ ခု ဒီဇင်ဘာလဆန်း တမနက်ခင်းမှာ “ရှာဖွေရေး ... ရှာဖွေရေး” လို့ အထိတ်တလန့် အော်လိုက်တဲ့ အသံက ဦးပဉ္ဇင်း တို့ တတိုက်လုံးကို အလန့်တကြား ဖြစ်သွားစေတယ်။ အနီးအနားမှာ ပြဿနာရှာနိုင်တဲ့ ပစ္စည်းကို စဉ်းစားလိုက်တော့ မနေ့ ကမှ ကိုယ့်လက်ထဲရောက်လာတဲ့ ကဗျာစာရွက် တရွက်ကို သွားတွေ့တယ်။ ကဗျာဆိုရင် ကိုယ်ကလည်း မြတ်နိုး၊ လက် တ၀ါးလောက် စာရွက်ကလေးကို ကိုယ်တိုင်ပဲ တာဝန်ယူချင်တယ်။ မဖြဲလည်း မဖြဲရက်ဘူး။ ဒါနဲ့ ဖွဲပြာအိတ်ထဲ ထိုးထည့် ထားလိုက်တယ်။ တခါမှ ပြာအိတ်ကို လှန်လှောပြီး ရှာတာ မကြုံခဲ့ရဘူးတော့ အေးဆေးပေါ့။ ဒီလိုပဲ ထင်ခဲ့တာ။ ရှာလိုက်တဲ့ ကိုယ်တော်တွေ စေ့စပ်လိုက်တာမှ ပြာအိတ်ကို သွန်ပါလေရော။ လွန်ခဲ့တဲ့ မိနစ်ပိုင်းကမှ ထိုးထည့်ထားတဲ့ ကဗျာစာရွက် ခေါက်လေးက ထွက်ကျလာတယ်။ ကဗျာဆရာရဲ့ နာမည်ပါ ပါလာတော့ ကဗျာဆရာက ဘယ်လိုနည်းနဲ့မှ ရှောင်လို့ မလွတ်နိုင်တော့ဘူး။ လမ်းဘေးက ကောက်ရတယ်လို့ ဖြေပြန်ရင်လည်း ကိုယ်သာ လွတ်ချင်လွတ်မယ်။ ကဗျာဆရာက တော့ ဘယ်လိုမှ မလွတ်နိုင်ဘူး။ ဒီလိုနဲ့ ဦးပဉ္ဇင်းနဲ့ ကဗျာဆရာ နှစ်ယောက်သား ဒီဇင်ဘာ ဆောင်းညရဲ့ချမ်းအေးတဲ့ ဒဏ်ကို ကဗျာတွေနဲ့ ခုခံဖို့ ပြစ်ဒဏ်တိုက်ရဲ့ အခန်းတခုထဲမှာ နှစ်ယောက်သား ၀င်ရောက်သွားခဲ့ကြတယ်။
ကဗျာဆရာ ကိုဖြိုးထိန်နဲ့ ဦးပဉ္ဇင်း ထောင်ထဲမှာ ပတ်သတ်ခဲ့ရတာက ပြစ်ဒဏ်တိုက်ထဲမှာလို့ ဆိုရမယ်။ နေ့ရော ညရော ချမ်းအေးနေလို့ အခင်းလည်းမရှိ၊ ခေါင်းအုံးလည်းမရှိ၊ တမံသလင်း ကြမ်းပြင်ပေါ်မှာ ငိုက်လိုက်၊ တယောက်တလှည့် ကဗျာရွတ်လိုက်နဲ့ ပစ်ဒဏ်နေ့ရက်တွေကို ကုန်ဆုံးစေခဲ့ရတယ်။ ကိုဖြိုးထိန်အတွက် မမေ့နိုင်တဲ့ ထောင်တွင်းနေ့ရက်တွေကို ပြောရင် ကဗျာကြောင့် တိုက်ပိတ်ခံရတဲ့ အဲဒီနေ့ရက်တွေကို သူပြောမှာ မလွဲဘူး။ ပြစ်ဒဏ်တိုက်ထဲမှာ နှစ်ယောက်အတူနေတုန်း ကဗျာကြောင့် တိုက်ပိတ်ခံရတာကို သူက ၀မ်းသာမဆုံး ဖြစ်နေတယ်။ ပြစ်ဒဏ်ကို ဆုလာဘ်လို့ သတ်မှတ်ရဲတဲ့ ကဗျာချစ် စိတ်ဓာတ်ကတော့ လေးစားစရာပါ။
ကိုဖြိုးထိန်ရဲ့ ထောင်တွင်း ကဗျာရေးနည်းကတော့ ခဲဆံမလို၊ ပလတ်စတစ်မလို ရေးနည်းဆိုတာကို သိခဲ့ရတယ်။ စိတ်နဲ့ ရေးတဲ့ ကဗျာတဲ့။ ဦးပဉ္ဇင်းလည်း ထောင်ထဲမှာ ကဗျာတွေ အများကြီး ရေးဖြစ်ခဲ့တယ်။ ဒါပေမယ့် ကိုဖြိုးထိန်လို စိတ်နဲ့ ရေးနည်း မဟုတ်တော့ အားလုံး ပျောက်ပျက်ကုန်တယ်။ တချို့တ၀က်သာ မှတ်မိတော့တယ်။ ကိုဖြိုးထိန်ကတော့ ရေးထား သမျှအားလုံးကို ပြန်လည် သယ်ဆောင်သွားနိုင်မှာ အမှန်ပဲ။ စိတ်ထဲက စာရွက်ကို ဘယ်သကောင့်သားကမှ ပြစ်ဒဏ်မပေး နိုင်ဘူးလေ။
အခုတော့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ အဖွဲ့ (ICRC) ရဲ့ကျေးဇူး၊ အပြင်က မီဒီယာတွေရဲ့ ကျေးဇူးတွေကြောင့် ထောင် ထဲမှာ သူတို့ လုပ်ချင်သလိုလုပ်လို့ မရတော့တဲ့ အနေအထားတွေ ဖြစ်လာပြီ။ ဒါတောင် လစ်ရင်လစ်သလို ပညာပြခြင်းကို နိုင်ငံရေးသမားတွေ ခံနေရတယ်။
ငါတို့က အပြင်မှာနေတာပဲ၊ ထောင်ထဲက လူတွေအတွက် ဘာမှ မလုပ်ပေးနိုင်ဘူးလို့ ဥပေက္ခာစိတ်တွေ မမွေးကြပါနဲ့။ အပြင်လောကက ကိုယ့်ရဲဘော်တွေအတွက် ပြောကြားလိုက်တဲ့ အသံတွေဟာ ကိုယ့်ရဲဘော်တွေရဲ့ ကျောပေါ် ကျရောက် တော့မယ့် တုတ်ချက်တွေကို ဟန့်တားပေးနေတာပါ။ သူတို့ ဆုံးရှုံးတဲ့ အခွင့်အရေးတွေကို ၀ိုင်းဝန်း တိုက်ပွဲဝင်ပေးနေကြပါ။ ဒါမှလည်း ကိုယ့်ရဲဘော်တွေ ဒုက္ခထဲ၊ ငရဲထဲမှာ လူးသာလွန့်သာ အနေအထားကို ရရှိမှာပါ။ သူတို့လက်ခုပ်ထဲမှာ လုပ်ချင် သလို လုပ်ခွင့်ကို စစ်အာဏာပါးကွက်သားတွေ လက်ထဲရှိနေတုန်းပါပဲ။
အများအကျိုးအတွက် ဘ၀တွေ၊ အချိန်တွေ ပေးဆပ်နေရသူတွေအတွက် ဘာရုပ်ဝတ္ထုပစ္စည်းမှ မကမ်းလှမ်းနိုင်ရင်တောင် သူတို့လွတ်မြောက်ရေးအတွက် တတ်နိုင်တဲ့ဘက်က စကားသံတွေ ထုတ်ပေးကြပါ။ ဒီလိုလုပ်ပေးတာဟာ ဘ၀နဲ့ ရင်းပြီး လုပ်ဆောင် နေကြသူတွေကို ကူညီရာရောက်ပါတယ်။
အရှင်ဇဝနသည် နိုင်ငံရေး အကျဉ်းသားဟောင်း ဖြစ်ပြီး သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့၊ မဲဆောက်ရုံး ၏ တာဝန်ခံ လည်းဖြစ်ပါသည်။
Copyright © 2010 ဧရာဝတီ.

မြန်မာ့ရွေးကောက်ပွဲ အတုအယောင်ဖြစ်ကြောင်း ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီးဝေဖန်

(Photo: AFP)
ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ဝီလီယမ် ဟိဂ်။ (Photo: AFP)
2010-09-17
နိုဝင်ဘာလမှာ ကျင်းပမဲ့ မြန်မာ့ရွေးကောက်ပွဲဟာ လက်ရှိ မြန်မာစစ်အစိုးရရဲ့ အာဏာကို ဆက်ပြီး အသက်သွင်းဖို့ ကြိုးစားတဲ့ အတုအယောင် ရွေးကောက်ပွဲပဲ ဖြစ်တယ်လို့ ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး William Hague က ပြောကြားလိုက်ပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲတွေဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အခွင့်အလမ်းတခု ဖြစ်သင့်တဲ့အပြင်၊ ဆယ်စုနှစ်ပေါင်းများစွာ ဖြစ်ပွားနေတဲ့ တိုင်းရင်းသားတွေနဲ့ စစ်ပွဲတွေကို အဆုံးသတ်စေမဲ့ ရွေးကောက်ပွဲ ဖြစ်သင့်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး က ပြောပါတယ်။
မြန်မာနိုင်ငံမှာ အခု နောက်ဆုံးဖြစ်နေတဲ့ အခြေအနေတွေအရ ဆိုရင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ စိတ်ပျက်စရာကောင်းပြီး ပြစ်တင်ရှုတ်ချသင့်တဲ့ အခြေအနေဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြန်မာပြည်သူတွေကို ထောက်ခံအားပေးဖို့ ပိုမို ဆောင်ရွက်သင့်တဲ့ အခြေအနေဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး Mr. Hague က ပြောသွားပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဟောင်း David Miliband ကလည်း မြန်မာစစ်အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို ပြစ်တင် ရှုတ်ချလိုက်ပါတယ်။ နိုဝင်ဘာလမှာ ကျင်းပမဲ့ ရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီး တရားမျှတမှုရှိမှာ မဟုတ်သလို၊ မြန်မာပြည်သူတွေရဲ့ လည်မျိုကို ပိုညှစ်တဲ့ ရွေးကောက်ပွဲတွေပဲ ဖြစ်လိမ့်မယ်လို့ သူက ပြောပါတယ်။
ဒါ့အပြင် မြန်မာပြည်သူတွေဟာ တဖက်မှာ ရေငုံနှုတ်ပိတ် ခံထားရတဲ့ အခြေအနေ ရောက်နေသလို တဖက်မှာလည်း နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲနိုင်မဲ့ အခွင့်အလမ်းတွေအားလုံးကို ပိတ်ပင်ခံထားရ ကြောင်း၊ ဒါကြောင့် မြန်မာပြည်သူတွေကိုယ်စား မိမိတို့ ဘာလုပ်မလဲဆိုတာ အရေးကြီးကြောင်း ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဟောင်းက ပြောပါတယ်။
Copyright © 1998-2010 Radio Free Asia. All rights reserved.
ဘန်ကီမွန်း ချဉ်းကပ်မှု ပျော့လွန်းဟု ဝေဖန်ခံရ
သောမတ်စ်မောင်ရွှေ | သောကြာနေ့၊ စက်တင်ဘာလ ၁၇ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၄၂ မိနစ် .
ချင်းမိုင် (မဇ္ဈိမ) ။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် နိုင်ငံရေးပါတီ ၁ဝ ပါတီ ဖျက်သိမ်းခံရသည်ကို `အနည်းငယ် စိုးရိမ်ပူပန်ကြောင်း´ ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်း ပြောဆိုသည်မှာ ခပ်ပျော့ပျော့ ချဉ်းကပ်မှုအဖြစ် နိုင်ငံရေးအကဲခတ်များက ရှုမြင်လိုက်ကြသည်။
’’ဘန်ကီမွန်းက အခုအတိုင်းသာ စစ်အစိုးရကို ခပ်ပျော့ပျော့ ချဉ်းကပ်နေရင် ဟိုကလည်း သူ့ကို အခုလိုပဲ ဂရုစိုက်မှာ မဟုတ်ဘူး။ သူတို့ (စစ်အစိုးရ) က နိုင်ငံတော် အကြမ်းဖက်သမားတွေ’’ ဟု ၁၉၉ဝ ခုနှစ် ကရင်ပြည်နယ်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အမတ်တဦးအဖြစ် ရွေးကောက် တင်မြှောက်ခံခဲ့ရသူ ဦးခွန်မြင့်ထွန်းက ပြောသည်။
’’ဒီလိုဘဲ ခပ်ပျော့ပျော့ ကြေညာချက်တွေပဲ တခုပြီးတခု
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် မစ္စတာဘန်ကီမွန်းတို့ ပြီးခဲ့သည့်နှစ် ဇူလိုင်လတွင် တွေ့ဆုံသည်ကို စစ်အစိုးရပိုင် ရုပ်မြင်သံကြားမှ ထုတ်လွှင့်သည်ကို မြင်ရပုံ။ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်းသည့်အပေါ် `အနည်းငယ် စိုးရိမ်ပူပန်မိကြောင်း´ မစ္စတာဘန်က စက်တင်ဘာ ၁၆ ရက်နေ့ ဗုဒ္ဓဟူးနေ့တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။ (ဓာတ်ပုံ - မဇ္ဈိမ မော်ကွန်းတိုက်
ထုတ်နေပြီး သူအလုပ်လုပ်နေပါတယ်ဆိုတာ ပြနေတာ’’ ဟု အဆိုပါ နိုင်ငံရေးအကျဉ်းသားဟောင်း အမတ်က ပြောသည်။ ဤသို့ဖြင့် ဘန်ကီမွန်းသည် မြန်မာပြည်သူများကို မျက်နှာပျက်စေခဲ့ကြောင်း သူယုံကြည်သည်ဟု ဆိုသည်။
မြန်မာပြည် အပြည့်အဝ ဒီမိုကရေစီနိုင်ငံ ဖြစ်စေရေး လှုပ်ရှားမှုအတွင်း ရှိနေကြသည့် ဘန်ကီမွန်းကို ဝေဖန်သူများထဲမှ အဆင့်မြင့် နာမည်ကြီးဝေဖန်သူတို့က အတွင်းရေးမှူးချုပ်၏ လူထုဆက်ဆံရေးဌာနက ယခင်ကြေညာချက်များအတိုင်းသာ ခပ်လွယ်လွယ်ပင် နည်းနည်းပါးပါး မွမ်းမံပြင်ဆင်၍ ထုတ်ပြန်နေခြင်း၊ ယခုကဲ့သို့ စိုးရိမ်ပူပန်နေကြောင်းများကို မြန်မာ စစ်အစိုးရ အုပ်ချုပ်သူများ သိရှိအောင် အမှန်တကယ် ကြိုးပမ်းမှုများ မပြုလုပ်ခဲ့ခြင်းတို့အတွက် စိုးရိမ်ပူပန်မိကြောင်း ထုတ်ဖော်ပြောဆိုကြသည်။
အန်အယ်ဒီ ဖျက်သိမ်းခံရသည့်အပေါ် မစ္စတာဘန်၏ ရပ်တည်ချက်နှင့် သူ၏ မြန်မာပြည်ဆိုင်ရာ ယာယီသံတမန်နှင့် ရုံးအရာရှိချုပ် ဗီဂျေးနမ်ဘီယား (Vijay Nambiar) ဘာလုပ်နေသည်ကို Inner City Press ၏ ကုလဆိုင်ရာ သတင်းထောက် မက်သယူးရပ်ဆဲလ် (Matthew Russell) က ကုလဌာနချုပ် သတင်းစာရှင်းလင်းပွဲ၌ အတွင်းရေးမှူးချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ် မာတင်နီဆားကီး (Martin Nesirky) ကို မေးမြန်းခဲ့အပြီး နာရီပေါင်းအတော်ကြာမှ စိုးရိမ်ကြောင်း ကြေညာချက် ထွက်လာခဲ့ခြင်း ဖြစ်သည်။
မစ္စတာဘန်၏ ရုံးမှ ယမန်နေ့ထုတ် ကြေညာချက်တွင် စစ်အစိုးရကို နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲများ၌ `အပြည့်အဝ အားလုံး ပါဝင်ခွင့်ရှိစေရေး´ အတွက် ထပ်မံတောင်းဆိုထားသည်။
ဘန်ကီမွန်းက `အားလုံးပါဝင်ရေး´ ပြောနေသည်မှာ အလွန်ရယ်ဖွယ်ကောင်းကြောင်းနှင့် ရွေးကောက်ပွဲ ဥပဒေများအရ၎င်း၊ လက်တွေ့အခြေအနေများအရ၎င်း၊ ယင်းသည် မဖြစ်နိုင်ကြောင်းမှာ အလွန်ထင်ရှားနေပြီဟု ဘားမား ကင်ပိန်း ယူကေမှ ဒါရိုက်တာ Mark Farmaner က မဇ္ဈိမကို ပြောသည်။
’’ရွေးကောက်ပွဲတွေမှာ လွတ်လပ်မျှတတယ်ပဲ ဆိုဦးတော့၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်မှာ အာဏာရှင်စနစ်ကို ထိန်းသိမ်းသွားဖို့ ရည်ရွယ်ရေးဆွဲထားတာကြောင့် ဘယ်လိုမှ အကြောင်းထူးမှာမဟုတ်´ ဟု Farmaner က မြန်မာနိုင်ငံ၏ ဝေဖန်ခံနေရသော ဖွဲ့စည်းပုံသစ်ကို ရည်ညွှန်းပြောဆိုသွားသည်။ အဆိုပါ ဖွဲ့စည်းပုံသစ်အရ လွှတ်တော်သုံးရပ်စလုံးတွင် စစ်တပ်ဖွဲ့ဝင်များကို ရွေးကောက်ပွဲ ဝင်စရာမလိုဘဲ ခန့်ထားရမည်ဖြစ်ပြီး၊ ဝန်ကြီးအဖွဲ့တွင်လည်း စစ်တပ်ကိုယ်စားလှယ်များ ထည့်သွင်းဖွဲ့စည်းပေးရမည်။
ပအိုဝ့်လူနည်းစု တိုင်းရင်းသားအမတ် ဦးခွန်မြင့်ထွန်းကလည်း ကုလအထွေထွေ ညီလာခံအနေဖြင့် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံရသော အတိုက်အခံများ၊ မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူနည်းစု ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပါရန် မကြာခဏ မရှင်းမလင်း ကြေညာချက်များ အကြိမ်ကြိမ် ထုတ်နေသည့်အပေါ် လွန်စွာ စိတ်ပျက်မိသည်ဟု ဆိုသည်။ `ဘန်ကီမွန်းက သူလုပ်နေပါတယ်ပြောရင်တောင် အဲဒါက ဘာမှ မဟုတ်သေးဘူး´။
’’ကုလအပေါ်မှာ မျှော်လင့်ချက်က နှစ်ပေါင်းများစွာအတွင်း အတော်ကုန်သွားပြီ။ ဒါပေမဲ့ မျှော်လင့်ချက်တော့ နည်းနည်းထားသေးတယ်။ အရင် အတွင်းရေးမှူးချုပ်တွေ တုန်းကတော့ သူတို့ရော၊ သူတို့ကိုယ်စားလှယ်တွေရော တိုးတက်မှုရအောင် တစုံတရာ ကြိုးပမ်းကြသေးတယ်။ ဘန်ကီမွန်းကတော့ ဒီလက်ကျန်မျှော်လင့်ချက် နည်းနည်းလေးကိုတောင် လုံးဝ ကုန်သွားအောင် လုပ်ပစ်လိုက်တယ်’’ ဟု ဦးခွန်မြင့်ထွန်းက ဆိုသည်။
ဦးခွန်မြင့်ထွန်း၏ ကုလအပေါ် ယခုကဲ့သို့ ရှုမြင်ချက်အပေါ် Farmerner အပါအဝင် မြန်မာ့အကဲခတ် အများအပြားက သဘောတူကြသည်။
’’လွန်ခဲ့တဲ့ ၇ နှစ်လုံးလုံး ဗိုလ်ချုပ်ကြီးတွေရဲ့ လမ်းပြမြေပုံကို ပြုပြင်ပြောင်းလဲဖို့ ကုလသမဂ္ဂက လုပ်ခဲ့တယ်။ ဒါပေမဲ့ ဒီလမ်းပြမြေပုံရဲ့ ခရီးဆုံးပန်းတိုင်က အမြဲတမ်း တခုထဲပဲ ရှိတယ်။ အာဏာရှင်စနစ်ကို ဆက်လက်ကျင့်သုံးဖို့ပဲ။ ကုလမှာ ရှိတာက လုံးဝချွတ်ယွင်းနေတဲ့၊ မအောင်မြင်တဲ့ မဟာဗျူဟာပဲ။ အခုထိလည်း ဒီအတိုင်း အရူးအမူး စိတ်ကူးယဉ်နေတုန်းပဲ။ ရွေးကောက်ပွဲက တစုံတရာများ လွတ်လပ်မျှတမလားဆိုပြီး’’ ဟု Farmaner က ပြောသည်။
’’ရွေးကောက်ပွဲဟာ လွတ်လပ်မျှတမှာ မဟုတ်ဘူးဆိုတာ ဘန်ကီမွန်း သိတယ်။ ဒါဆို ဘာလို့ သူက ဒီအကြောင်း ကြေညာချက်တွေ ထုတ်နေရသေးတာလဲ။ မြန်မာနိုင်ငံမှာ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ ကြိုးပမ်းပါဆိုပြီး သူ့ကို ကုလအထွေထွေညီလာခံက အခွင့်အာဏာပေး လွှဲအပ်ထားတာ။ အခုလိုပဲ ကြေညာချက်တွေ မပြီးနိုင်မစီးနိုင် ထုတ်နေတာဟာ တာဝန်မဲ့ရာကျတယ်’’ ဟု သူက ဆက်ပြောသည်။
ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းဖြေဆိုခဲ့သည်များကို ရိုက်နှိပ်ဖြန့်ဝေသော တရားဝင် ထုတ်ပြန်ချက်တွင် သတင်းထောက် မက်သယူးရပ်ဆဲလ်က လက်ရှိမြန်မာနိုင်ငံဆိုင်ရာ ကုလသံတမန်အကြောင်း အသေးစိတ် မေးခွန်းများစွာ မေးခဲ့သည်။ မစ္စတာဘန်၏ မြန်မာနိုင်ငံဆိုင်ရာ ယာယီသံတမန် နန်ဘီးယား အမှန်တကယ် အလုပ်လုပ်နေရဲ့လားဆိုသော မေးခွန်းမျိုး မြောက်မြားစွာကို သတင်းစာရှင်းလင်းပွဲ၌ ဖြေဆိုခြင်း မပြုခဲ့ပါ။
ဘန်ကီမွန်း၏ ပြောခွင့်ရပုဂ္ဂိုလ် Nesirky က အဆိုပါသံတမန်အကြောင်း မေးခွန်းအမြောက်အမြားကို မဖြေဘဲ ရှောင်လွှဲသွားခဲ့သည်ကို ကုလဝဘ်ဆိုဒ်ရှိ အဆိုပါ သတင်းစာရှင်းလင်းပွဲ မေးမြန်းဖြေဆိုချက်များ မှတ်တမ်းအပြည့်အစုံတွင် ဤသို့ တွေ့ရသည်။
Inner City Press: မစ္စတာ (ဗီဂျေး) နန်ဗီးယားရဲ့ ကုလလုပ်ကိုင်ခွင့်အတွင်း ပါဝင် ဆောင်ရွက်နေတာ ဘာတွေရှိပါသလဲ။ လာမယ့် အထွေထွေညီလာခံ အခြေအတင်ဆွေးနွေးပွဲမှာ အတွင်းရေးမှူးချုပ် ဖွဲ့စည်းထားတဲ့ မြန်မာမိတ်ဆွေများအဖွဲ့ရဲ့ အစည်းအဝေးကနေ ဘယ်လိုရလဒ်တွေ ထွက်ပေါ်လာမယ်လို့ အတွင်းရေးမှူးချုပ်က မျှော်မှန်းထားပါသလဲ။
ပြောခွင့်ရပုဂ္ဂိုလ်။ မစ္စတာနမ်ဘီးယားရဲ့ လုပ်ကိုင်ခွင့်အာဏာတွေကို ခင်ဗျား အပြည့်အဝ အကျွမ်းတဝင်ရှိပြီး ဖြစ်လိမ့်မယ်လို့ ကျနော် ထင်ပါတယ်။ မြန်မာမိတ်ဆွေများ ဆွေးနွေးပွဲက ဝန်ကြီးများအဆင့် ပြုလုပ်မှာဖြစ်ပြီး စက်တင်ဘာ ၂၇ ရက်လောက်မှာ လုပ်ဖြစ်လိမ့်မယ်။ သတင်းထုတ်ပြန်ရေး အပါအဝင် အသေးစိတ်ကတော့ စီစဉ်ဆောင်ရွက်နေတုန်းပါ။ အစည်းအဝေးပြီးတဲ့အခါ ဘာတွေဆွေးနွေးခဲ့တယ်ဆိုတာ ခင်ဗျားတို့ သိရလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။
Inter City Press: မစ္စတာနမ်ဘီးယားနဲ့ ပတ်သက်လို့ သူ့ရုံးက ဘာတွေလုပ်နေတယ်ဆိုတာ ကျနော် တကယ့်ကို သေချာမသိပါဘူး။ ဒီလိုဆုံးဖြတ်ချက်မျိုးချဖို့ အစိုးရက လုပ်နေပြီဆိုတာ သူတို့ ကြိုတင်သိခဲ့ပါသလား။ ဒါမျိုးလေးတွေကို ကျနော် သိချင်ပါတယ်။ ဒီလို စိုးရိမ်ပူပန်တဲ့ အကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုရော သူတို့ ဆက်သွယ်ပြောခဲ့လား။ ဒါမှမဟုတ် ကြေညာပြီးတော့မှ နောက်ကလိုက် ပြောတာလောက်ပဲလား။ ကျနော် စော်ကားတဲ့အနေနဲ့ မေးတာ မဟုတ်ဘူး။ တကယ့်ကို သိချင်လို့ မေးတာပါ။ မြန်မာအစိုးအဖွဲ့က အခုလို ဆုံးဖြတ်ချက်မချခင် ဒီရုံးက ကြိုတင်ဟန့်တားဖို့ ကြိုးစားခဲ့သေးလား။ ဒါမှမဟုတ် သူတို့လည်း သူများတွေလိုပဲ ကြားလိုက်မှ မှင်တက်မိသွားတာလား။
ပြောခွင့်ရပုဂ္ဂိုလ်။ ဟုတ်ကဲ့။ ဒီမှာပြောစရာက အတော်လေး ရှိပါတယ်။ ဒီအကြောင်း နေ့စဉ် အချိန်ပြည့် လေ့လာစောင့်ကြည့်နေတဲ့ သူတွေက မစ္စတာနန်ဗီးယားကို ကူညီဆောင်ရွက်ပေးနေပါတယ်။ သူ့မှာ အကူအညီ၊ အထောက်အပံ့တွေ ရှိပါတယ်။ ဒီတော့ ဘာတွေဖြစ်နေတယ်ဆိုတာကို သူတို့ သေချာ ရှင်းရှင်းလင်းလင်း သိပါတယ်။ သံတမန်ရေးအရ ဘာတွေဆက်လုပ်မယ် ဆိုတာကတော့ ကျနော်က ဖြေဆိုနိုင်စွမ်းရှိသူ မဟုတ်ပါဘူး။ ကုလအတွင်းရေးမှူးချုပ် ပြောခဲ့တာကိုပဲ ထပ်လောင်းပြောချင်ပါတယ်။ မြန်မာအာဏာပိုင်တွေနဲ့ တွေ့ခွင့်ရဖို့နဲ့ ဒီအကြောင်းတွေ ဆွေးနွေးခွင့်ရရေး ကိစ္စတွေအတွက် သူအတော်မချင့်မရဲ ဖြစ်ခဲ့တယ်လို့ သူက ပြောခဲ့ပါတယ်။ ဒီလိုဆို ခင်ဗျားရဲ့ မေးခွန်းကို ကျနော် ဖြေပြီးဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။
© Copyright 1998 - 2009 Mizzima News. All Rights Reserved

Subscribe to:
Posts (Atom)