-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Friday, March 5, 2010

NDD Monthly Chronology Events February - 2010

NDD Monthly Chronology Events February - 2010[1]

အမေ လေးဆယ့်ခြောက်


လင်ကွန်းရဲ့အမေ
သခင်အောင်ဆန်းရဲ့အမေ
ထူးအိမ်သင်းရဲ့အမေ
နေဇာမျိုးဝင်းရဲ့အမေ
အမေတွေဆိုတာက ဘယ်လိုသားကိုမဆို
တိုင်းပြည်ဖျက်ဖို့ မွေးခဲ့တာမဟုတ်
တိုင်းပြည်ကောင်းဖို့ မွေးခဲ့ကြတာပဲဖြစ်တယ်။

အရပ်သားရဲ့အမေ
ဘုရားသားရဲ့အမေ
တိုင်းရင်းသားရဲ့အမေ
ကျောင်းသားရဲ့အမေ
ရဲသားရဲ့အမေ
သံလမ်းလုပ်သားရဲ့အမေ
လယ်သမားရဲ့အမေ
စစ်သားရဲ့အမေ
သားအားလုံးရဲ့အမေ
အမေတိုင်းက သားအတွက်ဆို
ရင်ဘတ်တခြမ်း အပုတ်ခံမယ်
ကောင်းကင်က ကြယ်တစ်လုံးကို သားနံမည်ထိုးဖို့
ခေါင်းထဲက ဦးနှောက်ကိုထုတ်ပြီး အသုံးချမယ်
သားအတွက်ဆို အမေဟာ
အရဲရင့်ဆုံးနဲ့ အကြောက်တတ်ဆုံး “သူရဲကောင်းဖြစ်တယ်”။

ဒါပေမဲ့ အမေရယ်
တစ်ခုတော့ အကြံပေးချင်တယ်
သားတွေကို “ဆရာကောင်း” ရွေးပေးစေချင်တယ်
ဆရာမကောင်းရင်
တိုင်းပြည်မှာ အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ၊ ဥစ္စာ ညောင်းရမယ်
အမေ့မျက်စိရှေ့မှာ မြင်နေတယ်၊ မြင်တယ်၊ မြင်ရမယ်
အမေနဲ့သား ရင်တစ်ခွင်မှာ အောင်မြင်သွားပါစေ
မေတ္တာတွေပွား လွတ်လပ်ခြင်းတရားနဲ့ ပေါင်းဆုံကြပါစေ။ ။
× × ×


ဒေါ်လှလှဝင်း (ခ) ဒေါ်ယမင်း မွေးနေ့သို့ …
စောဝေ
(ရမည်းသင်းထောင်သား)
(20-Aug-2009)

နော်အုန်းလှတို့ကို ထောင်ပြောင်းရွှေ့