Tuesday, February 23, 2010
သူရဦးတင်ဦး အတွက် အမှန်လမ်း.....
ဒီ “အမှန်လမ်း” ကဗျာကို ကွယ်လွန်သူ ဆရာကြီးတင်မိုးက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒု-ဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦး ၏ (၇၉)နှစ်မြောက် မွေးနေ့အထိမ်းအမှတ် မွေးနေ့လက်ဆောင် အဖြစ် ရေးခဲ့သော ကဗျာဖြစ်ပါတယ်။
အမှန်တရားအတွက် တိုက်ပွဲဆိုတာ သွေး၊ ချွေး၊ အသက်၊ စည်းစိမ်းနဲ့ အနာဂတ်တွေရင်းထပ်ပြီး၊ ပေးဆပ် အနစ်နာခံမှုပေါင်း များစွာနဲ့သာ အောင်ပန်းကို ဆွတ်ခွာနိုင်မှာဖြစ်ပြီး၊ လွယ်လင့်တကူ အချောင်ရနိုင်သည်အရာမျိုး မဟုတ်ပေ။ ထိုပေးဆပ်မှုတွေနဲ့ ရလာတဲ့အောင်မြင်မှု၌သာ မြတ်နိုး တန်းဖိုးထားမှုနဲ့အတူ အောင်မြင်မှုရဲ့ ကြည်နူးပီတိ တမြမြခံစား စံစားကြရနိုင်မှာကို .... ဆရာကြီးက ....
“ အမှန်လမ်း ”
မှန်ကန်တဲ့လမ်းဆိုတာ
ကြမ်းတော့ ခရီးကြမ်းပဲ
လျှောက်လှမ်းတဲ့သူ နည်းတယ်။
ညာသံပေးရုံ ပေးပြီး
ဒလိမ့်ခေါက်ကွေး လိမ့်ကျ
မထနိုင်လို့ နောက်ဆုတ်
ပုဆစ်ဒူးတုပ် အရှုံးပေး
ပြေးသူလဲ ပြေးသပေါ့။
ရေတစက် ရေတခွက်မျှ
လက်ကမ်းသူမရှိ။
ထိုင်ခုံကလေး တနေရာမျှ
နားစရာမရှိ
ပန်းကလေး တပွင့်မျှ
ကမ်းလင့်သူ မရှိ။
ဘယ်လောက်ပဲ တောခေါင်ခေါင်
အောင်စိတ်ကို ရှေ့ဆောင်ပြီး
တောင်ကိုကျော် မှော်ရုံဖြတ်
တောစပ်ကိုနင်း
အဖော်ကင်းပေမယ့်
အားတင်းလို့ ချီတက်ရမှာပဲ။
ခက်ခဲတဲ့လမ်းမှာမှ
သစ္စာပန်းက ပွင့်တတ်တယ်။
လွယ်လွယ်ကူကူ၊ ဆွတ်ချူလို့မရ
ဒုက္ခကို အရင်းအနှီးပြု ပြီးမှ
သုခချမ်းသာနဲ့ ပြည့်လျှမ်းတဲ့
ပန်းပွင့်ကို ရနိုင်မယ်။
အခက်အခဲကို မကြောက်
ဒူးမထောက် လက်မမြှောက်နဲ့
မရောက်အရောက် လှမ်းတက်
စိတ်ပျက်တာတွေ ဖယ်ရှား
သွားဖန်များ ခရီးရောက်မှာမို့
နောက်သို့ မဆုတ်တမ်း
ရှေ့သို့ အဟုတ်လမ်း
တို့စခန်း မြင်ရပြီ
မဟုတ်လားကွယ် ။ ။
တင်မိုး
Read More ...
Thank ...
Posted by မြတ်လေးငုံ at Monday, February 22, 2010 , Links to this post , 1 comments
Labels: ကဗျာ
အမှန်တရားအတွက် တိုက်ပွဲဆိုတာ သွေး၊ ချွေး၊ အသက်၊ စည်းစိမ်းနဲ့ အနာဂတ်တွေရင်းထပ်ပြီး၊ ပေးဆပ် အနစ်နာခံမှုပေါင်း များစွာနဲ့သာ အောင်ပန်းကို ဆွတ်ခွာနိုင်မှာဖြစ်ပြီး၊ လွယ်လင့်တကူ အချောင်ရနိုင်သည်အရာမျိုး မဟုတ်ပေ။ ထိုပေးဆပ်မှုတွေနဲ့ ရလာတဲ့အောင်မြင်မှု၌သာ မြတ်နိုး တန်းဖိုးထားမှုနဲ့အတူ အောင်မြင်မှုရဲ့ ကြည်နူးပီတိ တမြမြခံစား စံစားကြရနိုင်မှာကို .... ဆရာကြီးက ....
“ အမှန်လမ်း ”
မှန်ကန်တဲ့လမ်းဆိုတာ
ကြမ်းတော့ ခရီးကြမ်းပဲ
လျှောက်လှမ်းတဲ့သူ နည်းတယ်။
ညာသံပေးရုံ ပေးပြီး
ဒလိမ့်ခေါက်ကွေး လိမ့်ကျ
မထနိုင်လို့ နောက်ဆုတ်
ပုဆစ်ဒူးတုပ် အရှုံးပေး
ပြေးသူလဲ ပြေးသပေါ့။
ရေတစက် ရေတခွက်မျှ
လက်ကမ်းသူမရှိ။
ထိုင်ခုံကလေး တနေရာမျှ
နားစရာမရှိ
ပန်းကလေး တပွင့်မျှ
ကမ်းလင့်သူ မရှိ။
ဘယ်လောက်ပဲ တောခေါင်ခေါင်
အောင်စိတ်ကို ရှေ့ဆောင်ပြီး
တောင်ကိုကျော် မှော်ရုံဖြတ်
တောစပ်ကိုနင်း
အဖော်ကင်းပေမယ့်
အားတင်းလို့ ချီတက်ရမှာပဲ။
ခက်ခဲတဲ့လမ်းမှာမှ
သစ္စာပန်းက ပွင့်တတ်တယ်။
လွယ်လွယ်ကူကူ၊ ဆွတ်ချူလို့မရ
ဒုက္ခကို အရင်းအနှီးပြု ပြီးမှ
သုခချမ်းသာနဲ့ ပြည့်လျှမ်းတဲ့
ပန်းပွင့်ကို ရနိုင်မယ်။
အခက်အခဲကို မကြောက်
ဒူးမထောက် လက်မမြှောက်နဲ့
မရောက်အရောက် လှမ်းတက်
စိတ်ပျက်တာတွေ ဖယ်ရှား
သွားဖန်များ ခရီးရောက်မှာမို့
နောက်သို့ မဆုတ်တမ်း
ရှေ့သို့ အဟုတ်လမ်း
တို့စခန်း မြင်ရပြီ
မဟုတ်လားကွယ် ။ ။
တင်မိုး
Read More ...
Thank ...
Posted by မြတ်လေးငုံ at Monday, February 22, 2010 , Links to this post , 1 comments
Labels: ကဗျာ
မြန်မာ့ဘဝ ၊မြန်မာ့ပါတ်ဝန်းကျင် နှင့် မြန်မာ့ကဗျာ...
27037977 Jrefrmhb0 Jrefrmh0ef Usif ESifh JrefrmhuAsm Wifrdk
Posted by မြတ်လေးငုံ at Monday, February 22, 2010 , Links to this post , 0 comments
Labels: စာအုပ်
Posted by မြတ်လေးငုံ at Monday, February 22, 2010 , Links to this post , 0 comments
Labels: စာအုပ်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ သူရဦးတင်ဦးကို ဇိုမီးအမျိုးသားကွန်ဂရက်မှဆုချီးမြှင့်သည့် ဂုဏ်ပြုမှတ်တမ်းလွှာ


ပြည်သူလူထု လွတ်ငြိမ်းချမ်းသာခွင့်ရဖို့၊ ပြည်သူလူထုအနေနဲ့ ဒီမိုကရေစီရဖို့နဲ့ ဒီမိုကရေစီတိုက်ပွဲ အောင်မြင်ဖို့လုပ်နေတဲ့အတွက်ကြောင့် သူ့ကို အမျိုးသားပြန်လည်သင့်မြတ်ရေး သူရဲကောင်းဆု ပေးတာ ဖြစ်တယ်” ဟု UNAထဲမှ အဖွဲ့အစည်းတခုဖြစ်သည့် ဇိုမီးအမျိုးသားကွန်ဂရက် ZNC ဥက္ကဋ္ဌ ပူကျင့်ရှင်းထန်က ပြောသည်။
ကျနော်တို့ ချင်းပြည်နယ်ကို လာပြီးအပြန် ဒီပဲယင်းမှာ အရိုက်ခံရတယ်။ အခုလို ခံရပြီးတော့ ပထမဦးဆုံး အင်းစိန်ထောင်မှာ မပို့ဘဲ ကလေးထောင်မှာ ၈ လလောက် ကျတယ်။ ဦးတင်ဦးကို ကျနော်တို့ ပြည်သူတွေက အသဲစွဲ ဖြစ်နေတယ်။ အဲဒီအတွက် ဤဆုကိုဦးတင်ဦးအားပေးရခြင်း ဖြစ်တယ်” ဟု ပူကျင့်ရှင်းထန်က ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဒုဥက္ကဋ္ဌသူရဦးတင်ဦးမှဇိုမီးအမျိုးသားကွန်ဂရက်(ZNC)အားကျေးဇူးတင်
စကားနှင့်အတူဤသို့ပြောကြားခဲ့ပါသည်.။အမှန်ကတော့ဗျာ၊ဒီလောက်တောင်သူရဲကောင်းလည်း
မဟုတ်သေးပါဘူးဗျာ။ တကယ်တမ်း ပြောရလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်တို့ ခေါင်းဆောင်ပြီး
ပါလာတဲ့အခါမှာကျနော်ရဲ့လုပ်ကိုင်ဖူးတဲ့အတွေ့အကြုံတွေအရဒေါ်အောင်ဆန်းစုကြည်ကိုကူညီဖို့ပဲ ပါလာတဲ့သူပါ” ဟု ပြောသည်။“ချင်းတိုင်းရင်းသားများထဲက ပေးတာဆိုတော့ ကျေးဇူးတင်တယ်၊
ဝမ်းသာတယ်။သူတို့နိုင်ငံရေးမျှော်မှန်းချက်၊ရည်ရွယ်ချက်တွေကိုတတ်နိုင်သမျှကူညီဖြေရှင်းပေးမယ်ဆိုတဲ့ သဘောဆောင်တယ်။တိုင်းရင်းသားတွေရဲ့စည်းလုံးညီညွတ်နဲ့ယုံကြည်မှုရမှာသာဒီနိုင်ငံတော်ကြီးဟာ ပြည်ထောင်စု နိုင်ငံတော် ထူထောင်နိုင်မှာပါ။ တိုင်းရင်းသားပေါင်းစုံ တဖက်နဲ့ တဖက် ယုံကြည်စိတ်ချစွာ
ပါဝင်ပြီးပေါင်းစပ်တဲ့နိုင်ငံတော်ကြီးဖြစ်အောင်တစိတ်တဒေသအားဖြင့်ကူညီနိုင်ဖို့စိတ်ကူးပါတယ်”
ဟုပြောကြားခဲ့သည်.။
ပေးပို့ ပေးသော ဇိုမီးအမျိုးသားကွန်ဂရက် (ZNC) အားကျေးဇူးတင်ပါသည်.။
Read More ...
Thank ...
Posted by မြတ်လေးငုံ at Tuesday, February 23, 2010 , Links to this post , 0 comments
Labels: သတင်း
ဗဟိုဦးစီးအဖွဲ့ရွေးချယ်ရေး အန်အယ်ဒီဗဟိုစတင်

ကျော်ခ | တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၂၂ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၃၅ မိနစ် .
ချင်းမိုင် (မဇ္ဈိမ) ။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုဦးစီးအဖွဲ့ CC အဖွဲ့ဝင်များကို စီစစ်ရွေးချယ်ရေး လုပ်ငန်းများ အဖွဲ့ချုပ် ရုံးချုပ်၌ ယနေ့စတင်ဆောင်ရွက်နေပြီဖြစ်သည်။
ဗဟိုအလုပ်မှူဆောင်အဖွဲ့ CEC အစည်းအဝေးကျင်းပ ရွေးချယ်ကြခြင်းဖြစ်ပြီး ယနေ့ ပြီးပြတ်ခြင်း မရှိသော် လည်း လာမည့်အပတ် တနင်္လာနေ့တွင် အတည်ပြုနိုင်ဘွယ်ရှိကြောင်း အန်အယ်ဒီက ပြောသည်။
“တချို့ ထပ်တင်လာတာတွေလည်းရှိတော့ အဲဒါတွေ ပြန်စစ်ရသေးတယ်။ အောက်ခြေမှာကလည်း ကန့် ကွက်တာတို့၊ အတည်ပြုတာတို့ ရှိနေကြတာကိုး။ အဲဒါကြောင့် ကြာသာပတေးနေ့မှာ ထပ်လုပ်မယ်” ဟု ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။
ပြည်နယ်-တိုင်းများမှ ဗဟိုဦးစီးအဖွဲ့ဝင် လျာထားစာရင်းကို လျှော့ခြင်း၊ တိုးခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပါဝင်သင့် ပါဝင် ထိုက်သော ပုဂ္ဂိုလ်များကို ထည့်သွင်းနိုင်ခြင်းတို့အတွက် CEC အဖွဲ့မှ ယနေ့စတင်ပြုလုပ်နေခြင်းဖြစ်သည်။
အန်အယ်ဒီ ဦးဆောင်အဖွဲ့ကို CEC ၂ဝ ဦး၊ ဗဟိုဦးစီးအဖွဲ့ CC ၁ဝဝ ဦး ပေါင်း ၁၂ဝ သာထားရှိသွားမည်ဟု သတ်မှတ်ထားသော်လည်း ဗဟိုဦးစီးအဖွဲ့ လျာထားဦးရေမှာ ၁ဝဝ ကျော် ရှိနေကြောင်း သိရသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပိုမို ကျစ်လစ် ခိုင်မာတောင့်တင်းရန်နှင့် ရှေ့လုပ်ငန်းစဉ်များ ထိရောက်စွာ လုပ်ဆောင်နိုင်ရန် “ဗဟိုဦးစီးအဖွဲ့” ကို ဖွဲ့စည်းခြင်း ဖြစ်ကြောင်း သိရသည်။
CC ရွေးချယ်ရာတွင် တိုင်းကြီးတတိုင်းစီလျင် ၇ ဦးစီ၊ တိုင်းငယ်နှင့်ပြည်နယ်တခုစီလျင် ၅ ဦးစီ အထိသာ ရွေးချယ်ကြရမည်ဟု ဗဟို အလုပ်အမှုဆောင် ကော်မတီက ပြည်နယ်နှင့်တိုင်း စည်းရုံးရေး အဖွဲ့များထံ ယခင်လက ညွှန်ကြားခဲ့သည်။
တိုင်းစည်း၊ ပြည်နယ်စည်းများ၊ မြို့နယ်စည်းများနှင့် အမတ်များ အကြား ညှိနှိုင်းကြပြီး မဲခွဲခြင်း၊ အစည်း အဝေးထိုင် ဆုံးဖြတ်ခြင်းများ ပြုလုပ်ကာ ဗဟိုဦးစီးအဖွဲ့ဝင် လျာထားစာရင်းကို ယခုလ ၁၆-၁၇ ရက်နေ့က ဗဟိုဌာနချုပ်တွင် သက်ဆိုင်ရာ ကိုယ်စားလှယ်များက CEC သို့ တင်ပြခဲ့ကြသည်။
“အရည်အချင်းရှိသူ”၊ “အဖွဲ့ချုပ်အပေါ် သစ္စာရှိသူ”၊ “အဖွဲ့ချုပ်နှင့် မကင်းမကွာ တာဝန်ထမ်းဆောင်နေသူ” “မူဝါဒများအတိုင်း ရပ်တည်နေသူ”၊ “အဖွဲ့ချုပ် စည်းကမ်းအရ အရေးယူခံနေရသူ မဖြစ်စေရ” စသည့်မူ အတိုင်း စီစစ်ရွေးချယ်သွားမည်ဖြစ်ကြောင်း အန်အယ်ဒီက ထုတ်ပြန်ထားသည်။
ပုံမှန်အားဖြင့် ပါတီတွင် လုပ်ပိုင်ခွင့် အမြင့်ဆုံးဖြစ်သော ဗဟိုဦးစီးအဖွဲ့မှတဆင့် ဗဟိုအလုပ်မှုဆောင်ကို ရွေးချယ်တင်မြှောက်ရသော်လည်း ညီလာခံခေါ်ယူနိုင်ခြင်း မရှိသေးသောကြောင့် အန်အယ်ဒီအနေဖြင့် CEC ကို အရင်တိုးချဲ့ဖွဲ့စည်းပြီးနောက် CC ကိုလည်း CEC ကပင် ရွေးချယ်နေရခြင်းဖြစ်ကြောင်း သိရသည်။
၁၉၉ဝ ခုနှစ်အတွင်း စတင်ဖွဲ့စည်းစဉ်က CC အဖွဲ့ဝင် ဦးရေ ၈ဝ ရှိခဲ့သော်လည်း ၁၉၉၇ ခုနှစ်တွင် အဖွဲ့ဝင် အများအပြားကို အာဏာပိုင်များက ဖမ်းဆီးခဲ့သဖြင့် လုပ်ငန်းမဖော်ဆောင်နိုင်ဘဲ ဖြစ်ခဲ့ရသည်။
(ကိုဝိုင်း တည်းဖြတ်သည်)
Subscribe to:
Posts (Atom)