-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Wednesday, January 27, 2010

ကင်ဂျိ နာဂါအိ အမှတ်တရဆု အကျဉ်းကျ သတင်းထောက် (၂) ဦးရရှိ


စိုးမိုး/ ၂၇ ဇန်န၀ါရီ ၂ဝ၁ဝ


ပြည်တွင်းသတင်းရယူမှုဖြင့် စစ်အစိုးရ၏ နှစ်ရှည် ထောင်ဒဏ်ချခံထားရသည့် သတင်းထောက် မလှလှဝင်းနှင့် ကိုဝင်းမော်တို့ (၂) ဦးကို ယမန်နေ့က ကင်ဂျိ နာဂါအိ အမှတ်တရဆု ရွေးချယ်ပေးအပ်လိုက်သည်။

၂၀၀၇ စက်တင်ဘာ သံဃာ့လှုပ်ရှားမှုတွင် စစ်အစိုးရ သတ်ဖြတ်ခြင်းခံလိုက်ရသည့် ဂျပန်သတင်းထောက် မစ္စတာ ကင်ဂျိ နာဂါအိ အမှတ်တရအဖြစ် ဂျပန်အခြေစိုက် သတင်းဌာန အေပီအက်ဖ်နှင့် မြန်မာသတင်းသမဂ္ဂတို့ ပူးပေါင်းပြီး ယခုဆုကို ပေးအပ်ခြင်းဖြစ်သည်။

ဆုချီးမြှင့်ခြင်းခံရသူ သတင်းထောက် (၂) ဦးမှာ စစ်အစိုးရ အကျဉ်းထောင်ထဲတွင် နှစ်ရှည်ထောင်ဒဏ်များ ကျခံနေရဆဲဖြစ်သည်။

အသက် (၂၆) နှစ်အရွယ် သတင်းထောက် မလှလှဝင်းသည် ပခုက္ကူမြို့ သံဃာတော်များအား တွေ့ဆုံမေးမြန်း သတင်းရယူခဲ့ သောကြောင့် ပြီးခဲ့သည့် ၂၀၀၉ ဒီဇင်ဘာလတွင် စစ်အစိုးရ၏ ထောင်ဒဏ် (၂၇) နှစ် ချမှတ်ခြင်းခံရသည်။

ဗီဒီယိုနှင့် ဓာတ်ပုံသတင်းထောက် ကိုဝင်းမော်ကိုလည်း စစ်အစိုးရက ၂၀၀၇ ခုနှစ်တွင် ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် (၁၇) နှစ် ချမှတ်ခဲ့သည်။

ဆုချီးမြှင့်ခံရသည့် မြန်မာသတင်းထောက် (၂) ဦး၏ လုပ်ငန်းစွမ်းဆောင်ချက်အပေါ် ဂုဏ်ယူပါကြောင်းနှင့် မိသားစုဝင်များ၏ ဒုက္ခကိုလည်း စာနာပါကြောင်း သေဆုံးသူ ဂျပန် သတင်းထောက် ကင်ဂျိ နာဂါအိ အလုပ်လုပ်ကိုင်ခဲ့သည့် ဂျပန်အခြေစိုက် အေပီအက်ဖ် သတင်းဌာနဥက္ကဋ္ဌက ပြောကြားသည်။

ကင်ဂျိ နာဂါအိ အမှတ်တရဆုကို ဂျပန်အခြေစိုက် အေပီအက်ဖ် သတင်းဌာနက ပေးအပ်ပြီး မြန်မာသတင်းသမဂ္ဂက ဆုချီးမြှင့်ရန် ရွေးချယ်ပေးခြင်းဖြစ်ကာ လာမည့် ဖေဖော်ဝါရီလအတွင်း ထိုင်းနိုင်ငံတွင် ကျင်းပမည့် မြန်မာ့မီဒီယာညီလာခံတွင် ပေးအပ်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်အစိုးရ ပစ်သတ်ခံရသည့် ကင်ဂျိ နာဂါအိ ကွယ်လွန်ခဲ့အပြီး တနှစ်အကြာတွင် မြန်မာသတင်းသမားများ အတွက် ရည်စူး၍ အမှတ်တရဆုကို အေပီအက်ဖ် သတင်းဌာနနှင့် မြန်မာသတင်းသမဂ္ဂတို့ ပူးပေါင်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။

ပထမအကြိမ် ပေးအပ်သည့် ကင်ဂျိ နာဂါအိ အမှတ်တရဆုကို အမျိုးသမီးသတင်းထောက် မအိမ့်ခိုင်ဦး ရရှိခဲ့ပြီး ယခုဒုတိယ အကြိမ်တွင်လည်း မြန်မာအမျိုးသမီး သတင်းထောက်တဦး ထပ်မံရရှိခြင်းဖြစ်သည်။

အဆိုပါဆုကို ရည်စူးရာတွင် အကျဉ်းကျခံနေရသည့် သတင်းသမား၊ သတင်းထောက်များက ထိပ်ဆုံးမှပါရှိပြီး သတင်းယူရင်း အလုပ်ပြုတ်သွားသူများ၊ သတင်းဖော်ပြမှုကြောင့် စီးပွားရေးအရ အခက်အခဲဖြစ်သွားသူများ၊ သတင်းထောက်လိုင်စင် အပိတ်ခံရသူများ စသည်တို့ကို အစဉ်အလိုက် စီစဉ်ထားကြောင်း သိရသည်။

တရားရုံးက ဒေါ်အောင်ဆန်းစုကြည် အယူခံမှု ပြည်ထဲရေးဝန်ကြီး ကြိုတင်ဆုံးဖြတ်

26 January 2010


ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာလမှာ လွှတ်ပေးနိုင်တယ်လို့ ပြည်ထဲရေး ၀န်ကြီး ဗိုလ်ချုပ် မောင်ဦး ပြောဆိုလိုက်တာဟာ နေအိမ်အကျယ်ချုပ် သက်တမ်း တိုးထားတဲ့ ကာလအတွင်း ကောင်းကောင်းမွန်မွန် နေထိုင်မယ်ဆိုရင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အမိန့်နဲ့ စောပြီး လွှတ်ပေးနိုင်တယ်ဆိုတဲ့ အရင်က တရားရုံး ဆုံးဖြတ်ချက်ကို ပယ်ဖျက်လိုက်သလို ဖြစ်နေတဲ့အကြောင်း NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြောပါတယ်။ လက်ရှိ တရားရုံးမှာ တင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူခံမှုနဲ့ ပတ်သက်လို့ ပြည်ထဲရေး ၀န်ကြီးက ကြိုတင် ဆုံးဖြတ်ချက် ချလိုက်သလို ဖြစ်နေတယ်လို့လည်း ပြောပါတယ်။ အကြောင်စုံကို မညိုညိုလွင်က တင်ပြထား

မန္တလေးတိုင်းအဖွဲ့ချုပ်ရဲ့ ခြေဆန့်လက်ဆန့် စည်းရုံးရေးခရီးစဉ်

Tuesday, January 26, 2010

လူထုဦးလှ ရာပြည့်အမှတ်တရ စာမျက်နှာ


လူထုဦးလှ
(၁၉ ဇန်နဝါရီ ၁၉၁၀ - ၇ သြဂုတ် ၁၉၈၂)


Wednesday, 20 January 2010 13:06 ရိုးမ ၃

အမှတ်တရသစ်ပင်၊ ကျောက်တုံးထဲမှာ အရုပ်ကရှိပြီးသား၊ ကျုပ်က မလိုတာ ခွာချပြီး အရုပ်ကို လှပ်ရုံပဲ။ မိုက်ကယ် အိန်ဂျလို ဒီလိုပဲ ဦးလှက လူငယ်တွေ ထင်ပေါ်အောင် ပွဲထုတ်ပေးခဲ့တယ်။

သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း





--------------------------------------------------------------------------------

လူထုဦးလှရဲ့ ဈာပနနေ့မှာ ကျွန်တော်တို့ မိသားစုက…. လူထုဘက်မှာ သစ္စာရှိရှိ ရပ်တည်ခဲ့လို့ သစ္စာပန်း။ လူထုဘက်က သတ္တိပြည့်ပြည့် ဆောင်ရွက်ခဲ့လို့ အနီရောင်။ သစ္စာပန်းအနီတွေ စုစည်းပြီး “လူထုချစ်သမျှ လူထုဦးလှ” စာတန်း။


တော်ဘုရားကလေး (အောင်ဇေ)




--------------------------------------------------------------------------------
ကိုလှရေ


ကိုလှ ဒုက္ခရောက်အောင် ကျွန်တော်လုပ်ခဲ့တဲ့ အပြစ်ဟာ မသေးပါဘူး။ အင်မတန် ကြီးမားပါတယ်။ ကျွန်တော် ဝမ်းနည်းပါတယ်။ ကျွန်တော် တောင်းပန်ပါတယ်။

မောင်နု





--------------------------------------------------------------------------------
ကိုလှက မြန်မာယဉ်ကျေးမှုတို့၊ သမိုင်းတို့ မြန်မာစာပေတို့မှာ ပြောင်မြောက်တယ်။ သူပြောင်မြောက်တဲ့ ဘဝမှာပဲ သူ့ကို ထားလိုက်ပါ။ သူ့ကို သွားပြီး မနှောင့်ယှက်ပါနဲ့။


သခင်သန်းထွန်း




--------------------------------------------------------------------------------
စာရေးမှ ကြိုက်တယ်

ဦးလေးက သူသာ အလုပ်နဲ့လက် မပြတ်အောင် လုပ်နေတာမဟုတ်ဘူး။ အနားရှိ လူအားလုံးကိုလည်း အလုပ်လုပ်ကြဖို့ အမြဲ နှိုးဆော်နေတာပါ။ ဒေါ်ဒေါ့်ကိုလည်း အမြဲတမ်း စာရေးနေမှ ဦးလေးက ကြိုက်တာ။ ဒေါ်ဒေါ် “ပြည်သူချစ်သော အနုပညာသည်များ” စာအုပ်လို စာတွေ ရေးဖြစ်တာက ဦးလေးရဲ့ တိုက်တွန်းနှိုးဆော်မှုကြောင့်ပဲ ဖြစ်တယ်။ လူငယ်တွေဖြစ်တဲ့ တင်မိုးတို့၊ ကြည့်အောင်တို့ အင်းဝကိုလေးတို့ဆိုရင် ကဗျာတွေမရေးဖြစ်တာ ကြာသွားရင် ဦးလေးအခန်းထဲ မသွားကြဘူး။ ဒေါ်ဒေါ့် အခန်းထဲနဲ့ ကျွန်တော်တို့ အခန်းတွေထဲသာ လာအချိန်ဖြုန်းရဲကြတာ။ စာရေးဖို့ အမြဲလှုံ့ဆော်ပေမယ့် ဦးလေးက အကြောင်းအရာ မယ်မယ်ရရမရှိဘဲ စာဖြစ်ရင်ပြီးရော ရေးတာမျိုးကိုတော့ မကြိုက်ပါဘူး။


လူထုစိန်ဝင်း

ကိုဇာဂနာမွေးနေ့ပွဲ သီးလေးသီး ပြုလုပ်မည်


ကျော်ခ | အင်္ဂါနေ့၊ ဇန်နဝါရီလ ၂၆ ရက် ၂၀၁၀ ခုနှစ် ၁၅ နာရီ ၅၇ မိနစ် .
မဇ္ဈိမ (ချင်းမိုင်) ။ ။ အကျဉ်းကျနေသည့် နိုင်ငံကျော် ဟာသသရုပ်ဆောင် ကိုဇာဂနာ၏ မနက်ဖြန် ကျရောက်မည့် ၄၉ နှစ်မြောက် မွေးနေ့တွင် “ဆေးရောင်စုံအငြိမ့်သဘင်” အဖွဲ့သားများက ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဆွမ်းကပ်ဆုတောင်းပွဲ ပြုလုပ်မည်ဟု သိရသည်။

မြန်မာနိုင်ငံနှင့် နယ်ချင်းကပ် ချင်းမိုင်မြို့ရှိ “ဝပ်ဆိုင်မွန်း” မြန်မာဘုန်းတော်ကြီးကျောင်း၌ လူရွှင်တော် ဂေါ်ဇီလာ ခေါင်းဆောင်သည့် သီးလေးသီး “ဆေးရောင်စုံ အငြိမ့်သဘင်” အဖွဲ့သားများက ကိုဇာဂနာ မွေးနေ့တွင် သံဃာတော်များကို ဆွမ်းကပ်၍ ဆုတောင်းပွဲ ပြုလုပ်ရန် စီစဉ်ထားခြင်း ဖြစ်သည်။

“ကျနော်တို့ ဆရာ ကိုဇာဂနာ အပါအဝင် ကိုယ်ကျိုးစွန့်ပြီး တိုင်းပြည်အတွက် အနစ်နာခံနေတဲ့ နိုင်ငံရေး အကျဉ်းသားများ အားလုံး အချုပ်နှောင်ခံဘဝမှ အမြန်ဆုံး လွတ်မြောက်ပါစေဆိုပြီး မနက်ဖြန် ၁ဝ နာရီမှာ သီးလေးသီးအဖွဲ့သားတွေက ဆွမ်းကပ် ဆုတောင်းပွဲ လုပ်မှာပါ” ဟု အဖွဲ့ခေါင်းဆောင် လူရွှင်တော် ကိုဂေါ်ဇီလာက မဇ္ဈိမကို ပြောသည်။

၁၉၈၇ ခုနှစ်တွင် မြပုဏ္ဏမာအငြိမ့်ကို ကိုဇာဂနာ၊ အရိုင်းတို့က စတင်တည်ထောင်ခဲ့ပြီး နောက်ပိုင်းတွင် ကင်းကောင်၊ ဖိုးဖြူ ၊ဌက်ပျောကြော်၊ ဂေါ်ဇီလာတို့ ပါဝင်လာခဲ့၍ အစိုးရအား ထောက်ပြသရော်သည့် ပြက်လုံးများ ရဲဝံ့စွာ ထုတ်ဖော် တင်ဆက်ခဲ့ကြသည်။

ထို့နောက် ၂ဝဝ၅ ခုနှစ်တွင် မြပုဏ္ဏမာ၏ မျိုးဆက်သစ်အဖြစ် သီးလေးသီး ဆေးရောင်စုံ အငြိမ့်သဘင်ကို စတင်၍ လက်ဆင့်ကမ်း ပွဲထုတ်ပေးခဲ့သည်။

“သီးလေးသီး” ကို ဂေါ်ဇီလာ၊ စိန်သီး၊ ကြယ်သီး၊ ပန်းသီး၊ ဇီးသီးနှင့် မင်းသမီး ချောစုမျိုး၊ မြစံပယ်ငုံတို့ဖြင့် ဖွဲ့စည်းထားပြီး ၂ဝဝ၈ ခုနှစ်မှ စတင်၍ ထိုင်းနိုင်ငံ အပါအဝင် နိုင်ငံတကာ၌ လှည့်လည်ဖျော်ဖြေနေကြသည်။

နာမည်ကျော် စွယ်စုံ အနုပညာရှင် ဇာဂနာ (ကိုသူရ) သည် ဆိုင်ကလုန်းမုန်တိုင်း ဒုက္ခသည်များကို ကူညီနေစဉ် ၂ဝဝ၈ ခုနှစ် ဇွန်လတွင် အာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

၂ဝဝ၈ ခုနှစ် နိုဝင်ဘာလ၌ အင်းစိန်ထောင်တွင်းခရိုင်တရားရုံးက အီလက်ထရောနစ် အက်ဥပဒေ အပါအဝင် အမှုပေါင်း ၈ မှုဖြင့် စွဲဆိုကာ သူ့အား ထောင်ဒဏ် ၅၉ နှစ်ချမှတ်ခဲ့သည်။ ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် တိုင်းတရားရုံးက အီလက်ထရောနစ် ဥပဒေ ပုဒ်မ ၃ ခုမှ တမှုလျှင် ၈ နှစ်စီဖြင့် ၂၄ နှစ် လျှော့ပေးခဲ့သဖြင့် ၃၅ နှစ်သာ ကျန်တော့သည်။

ကိုဇာဂနာသည် အပြင်၌ ရှိစဉ်ကလည်း မွေးနေ့အတွက် သံဃာတော်များအား ဆွမ်းကပ်လှူခြင်းသာ ပြုလုပ်လေ့ရှိကြောင်း ကိုဇာဂနာ၏ ခယ်မဖြစ်သူက ပြောသည်။

“ကျမတို့တော့ ထွေထွေထူးထူးတော့ မရှိဘူး။ သူလည်း မရှိတော့လေ။ အရင် သူရှိတုန်းကတော့ မနက်ပိုင်း ကုသိုလ်ကောင်းမှု လုပ်တတ်တယ်။ သံဃာတော်တွေကို ဆွမ်းကပ်တာပေါ့။ ပြီးရင် မိသားစုတွေ အကုန်လုံး ညနေစာ သွားစားကြတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

ထောင်တွင်း၌လည်း နိုင်ငံရေး အကျဉ်းသားများအနေဖြင့် မွေးနေ့ပွဲ ကျင်းပခွင့်မရဘဲ ကျင်းပကြောင်း သိရှိပါက “တိုက်ပိတ်” ခံရတတ်သဖြင့် တိတ်တဆိတ် လျှို့ဝှက်စွာ ပြုလုပ်ကြရကြောင်း သိရသည်။

မြန်မာနိုင်ငံအနှံ့ အကျဉ်းထောင်များတွင် ယုံကြည်ချက်ကြောင့် ချုပ်နှောင်ခံထားရသူ ဦးရေ ၂၁၀၀ ကျော်ရှိကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) AAPP-B က စာရင်းထုတ်ပြန်ထားသည်။

(ကိုဝိုင်း တည်းဖြတ်သည်။)

ဒေါ်စုကို လွှတ်မည်ဆိုခြင်းမှာ တရားမဝင်ဟု အန်အယ်ဒီ ပြော

ဖနိဒါ | တနင်္လာနေ့၊ ဇန်နဝါရီလ ၂၅ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၂၂ မိနစ် .
ချင်းမိုင် (မဇ္ဈိမ)။ ။ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမည်ဟု ပြောဆိုခြင်းမှာ တရားမဝင်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ယနေ့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား ယခုနှစ် နိုဝင်ဘာတွင် ပြန်လွှတ်ပေးမည်ဟု မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့၌ ပြီးခဲ့သည့် ကြာသပတေးနေ့တွင် ဗိုလ်ချုပ်မောင်ဦးက ပြောကြားခဲ့မှုအပေါ် အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်ဆွေက သုံးသပ်ပြောဆိုခြင်း ဖြစ်သည်။

“ပါးစပ်နဲ့ ဒီလိုပြောတာက တရားဝင်လို့ ယူဆလို့တော့ မရဘူးပေါ့။ ဥပဒေအရ အထမမြောက်ဘူးလေ။ တရားဝင် သတင်းစာ ရှင်းလင်းပွဲတို့၊ သတင်းထုတ်ပြန်ချက်တို့၊ အမိန့်တို့ ထွက်မှသာ ခိုင်မာတဲ့ အချက်လို့ ခံယူရမှာပေါ့” ဟု သူက မဇ္ဈိမကို ပြောသည်။

ယခုလ ၂၁ ရက်နေ့၌ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးသည် မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့မှ မြို့မိမြို့ဖများ၊ ကြံ့ဖွံ့များ၊ ပညာရေးဌာန၊ အမျိုးသမီးရေးရာအဖွဲ့များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများကို မြို့တော်ခန်းမ (အားကစားခန်းမ) ၌ တွေ့ဆုံစဉ် ယင်းသို့ပြောကြောင်း ကျောက်ပန်းတောင်းမြို့ အန်အယ်ဒီ အဖွဲ့ဝင်တဦးက ပြောသည်။

အန်အယ်ဒီ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်အား နိုဝင်ဘာလနှင့် ဒုဥက္ကဋ္ဌ ဦးတင်ဦးအား လာမည့်လတွင် လွှတ်ပေးမည်ဟု ပြောခဲ့ကြောင်း အန်အယ်ဒီ အဖွဲ့ဝင်ထံမှ သိရသည်။

“တပ်မတော်ဟာ ညစ်ပတ်တဲ့ အစိုးရ မဟုတ်ဘူး။ အာဏာမမက်ဘူး။ ဦးတင်ဦးကို အရင်လွှတ်ပေးမယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာလမှာ လွှတ်ပေးမယ်လို့ မြို့နယ်ခန်းမမှာ ပြောတာ။ ကျနော့်ကို ဝန်ထမ်းတွေထဲက ပြောပြတာ” ဟု သူက မဇ္ဈိမကို ပြောသည်။

ယနေ့ထုတ် ရိုက်တာသတင်း တပုဒ်တွင်လည်း အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးတင်ဦးကို လာမည့်လ ၁၃ ရက်နေ့တွင် လွှတ်ပေးမည်ဖြစ်ပြီး အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာလတွင် လွှတ်ပေးမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ပြောကြားခဲ့သည်ဟု မျက်မြင်များကို ကိုးကားဖော်ပြထားသည်။

လာမည့်လ ၁၃ ရက်နေ့တွင် ဒုဥက္ကဋ္ဌ ဦးတင်ဦး နေအိမ် အကျယ်ချုပ်သက်တမ်း ၆ နှစ် ပြည့်တော့မည်ဖြစ်ပြီး လွတ်မြောက်ရန် မျှော်လင့်ကြောင်း သားဖြစ်သူ ဦးသန့်ဇင်ဦး (ဥက္ကဌ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ လွတ်မြောက်နယ်မြေ - ဂျပန်ဌာနခွဲ) က မဇ္ဈိမကို ပြောသည်။

အငြိမ်းစား ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးတင်ဦးသည် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ၂ဝဝ၃ ခုနှစ် မေလ ၃ဝ ရက်နေ့က စည်းရုံးရေးခရီး လှည့်လည်စဉ် အထက်မြန်မာပြည် ဒီပဲယင်းမြို့၌ စစ်အစိုးရ လက်သပ်မွေး လူအုပ်စုကြီး၏ ရိုက်နှက်ခြင်း ခံရပြီးနောက် ဖမ်းဆီးခံခဲ့ရသည်။

ဖမ်းဆီးခံရပြီးနောက် စစ်ကိုင်းတိုင်း ကလေးမြို့ ကလေးအကျဉ်းထောင်သို့ ပို့ဆောင်ခံရကာ ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ရန်ကုန်မြို့ရှိ သူ၏ နေအိမ်တွင် ယနေ့ထိတိုင် အကျယ်ချုပ် ချခံနေရသည်။

ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ အတွင်းက အကျယ်ချုပ် ကျခံနေရသည့် ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦး အပါအဝင် ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ၁၁ ဦးနှင့် တွေ့ဆုံခွင့်ပြုရန် စာရေးသား တောင်းဆိုခဲ့သော်လည်း ယခုထိ တွေ့ခွင့် မရသေးပေ။

(ကိုဝိုင်း တည်းဖြတ်သည်။)

Monday, January 25, 2010

ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာတွင် လွတ်မည်ဟုဆို


Monday, 25 January 2010 14:18 ရန်ပိုင် .မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လာမည့် နိုဝင်ဘာလတွင် လွှတ်ပေးမည်ဟု ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ပြောကြားကြောင်း ယနေ့ ရိုက်တာ သတင်းတွင် ဖော်ပြထားသည်။


၂၀၀၉ ခုနှစ် နိုဝင်ဘာ ၄ ရက်နေ့က အမေရိကန်ကိုယ်စားလှယ်များနှင့် ရန်ကုန်မြို့ အင်းလျားလိတ် ဟိုတယ်တွင် တွေ့ဆုံခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်။ (ဓာတ်ပုံ - AP)
ပြီးခဲ့သည့် ကြာသာပတေးနေ့က ကျောက်ပန်းတောင်းမြို့၊ မြို့တော် ခန်းမတွင် ကျင်းပသည့် ၀န်ထမ်းများ၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းဝင်များနှင့် တွေ့ဆုံခဲ့စဉ် ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း ကျောက်ပန်းတောင်း မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မြို့နယ် အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးမြင့်လွင်က ပြောသည်။

“အခု လာနားထောင် နေတဲ့ သူတွေထဲမှာ NLD ပါဝင်ကောင်း ပါဝင်လိမ့်မယ်၊ နားထောင် သွားကြလို့ ပြောတယ်။ NLDက ရွေး ကောက်ပွဲ ၀င်ချင်လည်း ၀င်နိုင်တယ်လို့ ပြောတယ်” ဟု ၎င်းက ဆိုသည်။

နေအိမ် အကျယ်ချုပ် ချထားခြင်း ခံရသည့် NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးကိုလည်း လာမည့်ဖေဖော်ဝါရီလထဲတွင် လွှတ်မည်ဟု ပြောဆိုကြောင်း သိရသည်။

ဦးတင်ဦးသည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သည့် ဒီပဲယင်း အကြမ်းဖက် တိုက်ခိုက်မှုကြီး အပြီး အထိန်းသိမ်း ခံခဲ့ရခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မောင်ဦးသည် ပြည်ထဲရေးဝန်ကြီးဖြစ်သည့်အပြင် ဒေါ်အောင်ဆန်းစုကြည်၏ အမှုတွင် ဗိုလ်ချုပ်မှူးကြီး၏ ပြစ်ဒဏ် လျှော့ပေါ့ပေးသည့် အမိန့်ကို တရားခွင်၌ လာရောက် ဖတ်ကြားသွားသူလည်း ဖြစ်သည်ဟု NLD ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်ကပြောသည်။

“မန္တလေးက ပြန်လာကတည်းကကြားတယ်၊ အပြစ်မရှိဘဲ ဖမ်းဆီးထားတဲ့သူကို လွှတ်ပေးတာဝမ်းသာတယ်” ဟု ၎င်းကဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲ မတိုင်မီ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် လွှတ်ပေးရန်လိုအပ်ကြောင်း၊သို့သော် နိုဝင်ဘာလ ဆိုသည်မှာလည်း ရွေးကောက်ပွဲ ကျင်းပ ပြီးစီးသွားချိန်ဖြစ်မည်ဟု ထင်မြင်ကြောင်း ဦးဝင်းတင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၉ ခုနှစ် သြဂုတ်လက နေအိမ်ခြံဝန်းအတွင်း ၀င်ရောက်လာသည့် အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန်ဝီလျံ ယက်ထောအား လက်ခံထားသည့်အမှုဖြင့် နေအိမ်အကျယ်ချုပ် တနှစ်ခွဲ ချမှတ်ထားခြင်းဖြစ်သည်။ အဆိုပါ နေအိမ် အကျယ်ချုပ်သက်တမ်းကို မေလမှ စတင်သတ်မှတ်ရာ နိုဝင်ဘာလတွင် သက်တမ်းပြည့်မည်ဖြစ်သည်။

မကြာသေးမီက ဂျပန်နိုင်ငံထုတ် အဆာဟိရှင်ဘွန်း သတင်းစာတွင် စစ်အစိုးရက ရွေးကောက်ပွဲကို အောက်တိုဘာလတွင် ကျင်းပလိမ့် မည်ဟု ရေးသားထားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို အခုနှစ် နိုဝင်ဘာလအတွင်း နေအိမ်အကျယ်ချုပ်က လွှတ်ပေးမယ်လို့ မြန်မာစစ်အစိုးရ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ထုတ်ဖော်ပြောဆိုခဲ့တယ်လို့ အာအက်အေက စုံစမ်းသိရပါတယ်။ မကြာသေးခင် ရက်ပိုင်းက ဗိုလ်ချုပ်မောင်ဦး မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့ခံတွေနဲ့ တွေ့ဆုံစကားပြောရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်တဲ့ ဗိုလ်ချူပ်ကြီးဟောင်း ဦးတင်ဦးတို့ကို အခုနှစ်ထဲမှာ ပြန်လည် လွှတ်ပေးမှာဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ကြောင်း မြို့ခံတဦးက အာအက်ဖ်အေကို ပြောပါတယ်၊၊


ကျောက်ပန်းတောင်းမြို့ခံ။ ။'အဲဒီမှာ တွေ့ဆုံပွဲ လုပ်သွားတယ်။ လုပ်သွားတော့ သူက ကျနော်တို့ တပ်မတော်အစိုးရ ဟာတဲ့ ညစ်ပတ်တဲ့အစိုးရ မဟုတ်ဘူး၊ အာဏာကို မက်တဲ့ အစိုးရ မဟုတ်ပါဘူးပေါ့။ အဲဒီလိုမျိုး သူက သြဝါဒ ပေးသွားတယ်။ ဗိုလ်ချုပ်မောင်ဦးကိုယ်တိုင်။ အခုတဲ့ ဒီထဲမှာ အဲင်အယ်လ်ဒီက လူတွေလည်း ပါကောင်းပါမယ်၊ အဲင်အယ်လ်ဒီ ထောက်ခံတဲ့လူလည်း ပါကောင်းပါမယ်၊ နားထောင်သွားကြပါတဲ့။ အဲဒီတော့တဲ့ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးကို၊ ဦးတင်ဦးကို အရင် လွှတ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်းပဲ ကျနော်တို့ လွှတ်ပါမယ်ပေါ့။ သူပြောတဲ့ စကားလုံးထဲမှာ နိုဝင်ဘာလ လောက်မှာ လွှတ်လိမ့်မယ်ဆိုတဲ့ ပုံစံမျိုး သူက ပြောသွားတယ်'။


ဗိုလ်ချုပ်မောင်ဦးဟာ ကျောက်ပန်းတောင်းမြို့ကို ဇန်နဝါရီလ ၂ဝ-၂၁ ရက်နေ့က လာရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း ကျောက်ပန်းတောင်းမြို့က မြို့မိမြို့ဖတွေ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း၊ မိခင်နဲ့ ကလေး စောင့်ရှောက်ရေး အသင်းဝင်တွေ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေနဲ့ မြို့တော်ခန်းမမှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်၊၊ နေအိမ်အကျယ်ချုပ် ချခံထားရတဲ့ ဦးတင်ဦးကို ဒေါ်အောင်ဆန်းစုကြည် မတိုင်ခင် အရင်လွှတ်ပေးမယ်လို့ ပြောခဲ့ပေမယ့် လွှတ်ပေးမယ့် လပိုင်း အတိအကျကိုတော့ ထုတ်ဖော် ပြောဆိုခဲ့တာ မရှိဘူးလို့ သိရပါတယ်၊၊ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမယ်လို့ ဝန်ကြီးကိုယ်တိုင် ပြောဆိုသွားတဲ့ သတင်းကို ကျောက်ပန်းတောင်းမြို့မှာ စိတ်ဝင်တစား ပြောဆိုမှုတွေ အတော်များတယ်လို့ စောစောက မြို့ခံက ပြောပါတယ်၊၊


ကျောက်ပန်းတောင်းမြို့ခံ။ ။'ဝန်ကြီးကိုယ်တိုင် ပြောသွားတယ်ဆိုတော့ အားလုံးက ဝမ်းသာအားရပေါ့။ ‘ဒေါ်အောင်ဆန်းစုကြည် လွတ်မယ်လို့ ပြောတယ်၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မယ်လို့ ပြောတယ်၊ ဦးတင်ဦးလည်း ပါတယ်လို့ပြောတယ်’။ အဲလိုမျိုးနဲ့ မြို့ကို ပြန့်သွားတာပေါ့လေ' ဗိုလ်ချုပ်မောင်ဦးဟာ ပြီးခဲ့တဲ့ သြဂုတ်လက ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်အမှု စီရင်ရာမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ ကန့်သတ်မိန့်တွေကို တရားရုံးမှာ ကိုယ်တိုင် လာရောက် ဖတ်ကြားခဲ့တဲ့ စစ်အစိုးရ အဆင့်မြင့်အရာရှိတဦး ဖြစ်ပါတယ်။

ရင်းမြစ်. RFA