Wednesday, October 7, 2009
ဒေါ်အောင်ဆန်းစုကြည်အပေါ် အယူခံပယ်ချမှုအားဆန့်ကျင်ကန့်ကွက် ဆန္ဒပြ
ဒေါ်အောင်ဆန်းစုကြည်အပေါ် အပြစ်မရှိကြောင်းအယူခံဝင်မှုကို မြန်မာစစ်အစိုးရမှပယ်ချလိုက်သည်။ ယင်းအယူခံပယ်ချလိုက်မှုအတွက် ဆန့်ကျင်ကန့်ကွက်ကြောင်းဆန္ဒပြလှုပ်ရှားမှုကို ဂျပန်နှိင်ငံ၊နာဂိုယာမြို့တွင် ကျင်းပလုပ်ဆောင်လှုပ်ရှားခဲ့သည်။အဆိုပါဆန့်ကျင်ကန့်ကွက် ဆန္ဒပြပွဲသို့ ဂျပန်နှိင်ငံရောက်မြန်မာနှိင်ငံဒီမိုကရေစီလှုပ်ရှားသူများဖြစ်ကြသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွပ်မြောက်နယ်မြေ)၊ နာဂိုယာစည်းရုံးရေးဒေသမှအဖွဲ့ဝင်များက ဂျပန်နှိင်ငံ၊နာဂိုယာမြို့၊ခါနာယာမဘူတာရှေ့တွင် (၄-၁၀-၂၀၀၉)ရက် တနင်္ဂနွေနေ့ ၊ နေ့လည်(၂)နာရီ မှ (၄)နာရီအထိ ပါဝင်လှုပ်ရှားခဲ့ပြီး မြန်မာနှိင်ငံ၏လက်ရှိနှိင်ငံရေးအခြေအနေနှင့် ပြည်တွင်းရေးအခြေအနေကို ဂျပန်လူမျိုးများနှင့်တကွ လူမျိုးပေါင်းစုံသိရှိနားလည်စေရန် လက်ကမ်းစာဆောင်များဖြန့်ဝေခဲ့ကြသည်၊၊
Friday, October 2, 2009
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် အမှုအယူခံ တိုင်းရုံးက ပယ်ချ ။

Friday, October 2, 2009
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် အမှုအယူခံ တိုင်းရုံးက ပယ်ချ ။
ခရိုင်တရားရုံးက ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြစ်ဒဏ် စီရင်ခဲ့သည်ကို တိုင်းတရားရုံး၌ အယူခံဝင်ခဲ့ရာ ယနေ့တွင် တရားရုံးက ပယ်ချလိုက်ပြီ ဖြစ်သည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့သည့် သြဂုတ်လ ၁၁ ရက်နေ့တွင် အင်းစိန်ထောင် တွင်း မြောက်ပိုင်းခရိုင် တရားရုံးက ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပြီး၊ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ညွှန်ကြားချက်ကြောင့် ပြစ်ဒဏ်ကို ထက်ဝက်လျှော့ကာ နေအိမ်တွင် ဆိုင်းငံ့ပြစ်ဒဏ်ဖြင့် နေထိုင်ရန် ဆုံးဖြတ်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများအဖွဲ့က အမှုကို တိုင်းတရားရုံးသို့ အယူခံတင်သွင်းရာ ပြီးခဲ့သည့်လ ၁၈ ရက်နေ့တွင် နှစ်ဖက်ရှေ့နေများ လျှောက်လဲချက် ပေးခဲ့ကြပြီးနောက် ယနေ့တွင် စီရင်ချက်ချမည်ဟု ချိန်းဆိုခဲ့ရာမှာ အယူခံကို ပယ်ချလိုက်ခြင်း ဖြစ်သည်။
''အောက်တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို အတည်ပြုတယ်ဆိုပြီး တိုင်းရုံးက ပြောတယ်။ ဒါပေမဲ့ ကောင်းတာက ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ အသက်မရှိတော့ဘူးလို့ ဒီကနေ့ တရားရုံးက ပြောတယ်။ လုံးဝ ယုတ္တိမရှိဘူးလို့ ပြောတယ်'' ဟု ယနေ့ တရားရုံးအခြေအနေကို လေ့လာစောင့်ကြည့်နေသူတဦးက မဇ္ဈိမကို ပြောသည်။
ပြီးခဲ့သည့် မေလဆန်းတွင် အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန်ဝီလျံ ရက်တော ဆိုသူသည် ရန်ကုန် အင်းလျားကန် ဘေးတွင် တည်ရှိသည့် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ကျခံနေရသည့် နေအိမ်အတွင်း တိတ်တဆိတ် ဝင်ရောက်ခဲ့သည်ကို ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံဥပဒေအရ အရေးယူ၍ တရားစွဲခဲ့ပြီး ခရိုင်တရားရုံးက ပြစ်ဒဏ်စီရင်ခဲ့ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ထို ဥပဒေမှာ ပျက်ပြယ်ပြီး ဖြစ်သော ဥပဒေအဖြစ် တရားရုံးတွင် ခုခံချေပ ခဲ့ကြသေးသည်။
''၇၄ ဥပဒေကို မရှိတော့ဘူးလို့ ပြောတာ ကောင်းပါတယ်။ နောက်ပိုင်းမှာ လာမယ့် အမှုတွေအတွက် ရှင်းသွားတာပေါ့။ အခုဟာက ဥပဒေဆိုင်ရာ ထက် နိုင်ငံရေးအမှုဖြစ်တယ်။ အဲဒါကြောင့် အခုလို အသိအမှတ်ပြုတာ ကောင်းပါတယ်'' ဟု တရားရုံးအခြေအနေ လေ့လာ စောင့်ကြည့်သူက ဆိုသည်။
ခရိုင်တရားရုံး ဆုံးဖြတ်ချက်အတိုင်း တိုင်းတရားရုံးက ဆက်လက် အတည်ပြုပါက ဗဟိုတရားရုံးချုပ်သို့ ဆက်လက် အယူခံသွားမည်ဟု အစောပိုင်း ဆက်သွယ် မေးမြန်းချက်တရပ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတဦးဖြစ်သူ ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောဆိုခဲ့သည်။
မြန်မာ့လွတ်လပ်ရေး သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့် ၂၀ ခန့်တွင် ၁၄ နှစ်ခန့် အကျယ်ချုပ် ကျခံခဲ့ရသည်။
အတိုက်အခံ အင်အားစုများကမူ စစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်အား ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ လူမြင်ကွင်းမှ ပျောက်ကွယ်နေစေ ရန် ဆက်လက် ချုပ်နှောင်ထားလိုပြီး၊ အများပြည်သူအကြား သူမ၏ ကျော်ကြားမှုကို စိုးရိမ်နေသည်ဟု ဝေဖန်သုံးသပ်ကြသည်။
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်က အနောက်ကမ္ဘာ ဦးဆောင်သည့် ပြစ်ဒဏ်ခတ် အရေးယူမှုများ အဆုံးသတ်ရန် အတွက် ပူးပေါင်း ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ကမ်းလှမ်းသည့်စာကို မကြာသေးခင်က စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ပေးပို့ ခဲ့သေးသည်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးတွဲ ဆောင်ရွက်ရန်ကို သံသယရှိသူ ဗိုလ်ချုပ်မှူးကြီး အနေဖြင့် အဆိုပါ ကမ်းလှမ်းချက်ကို တုံ့ပြန်ဖွယ် မရှိကြောင်း လေ့လာသုံးသပ်သူများက ယုံကြည်ခဲ့ကြသည်။
ရင်းမြစ်။ (မဇ္ဈိမ)။
*မြတ်လေးငုံ*
Read More ...
Tuesday, September 29, 2009
Sunday, September 27, 2009
(၂)နှစ်ပြည့် ရွှေဝါရောင်သံဃာ့သပိတ်အရေးတော်ပုံ အထိမ်းအမှတ်လမ်းလျှောက်ဆန္ဒပြ
ယနေ့ ၂၇.၉.၂၀၀၉ ရက် နေ့လည် ၁၂ နာရီ တွင် နဂိုယာမြို့ ဆာကာအဲပန်းခြံ၌ နဂိုယာရှိဒီမိုကရေစီအင်အားစုများစုရုံး၍ အခမ်းအနားဖွင့်လှစ်ခြင်းနှင့် ဒီမိုကရေစီတိုက်ပွဲဆင်နွဲနေစဉ်အတွင်း ကျဆုံးခဲ့ကြသော ရဟန်းရှင်လူ ၊ကျောင်းသား ၊ပြည်သူအပေါင်းအား ဆက်လက်တိုက်ပွဲဝင်လျှက်ရှိသော ဒီမိုကရေစီအင်အားစုများမှ ဂုဏ်ပြုပန်းများချ၍ ဂုဏ်ပြုခြင်းများကို လုပ်ဆောင်ခဲ့ကြသည်။
ထို့နောက် နေ့လည် ၁ နာရီခွဲမှ စတင်ချီတက်၍ လက်ကမ်းစာဆောင်များဝေငှာခြင်းဖြင့် ဂျပန်ပြည်သူများအား သိရှိအောင် သတင်းဖြန့်ဝေခြင်း၊ ကြွေးကြော်သံများကို ကြွေးကြော်ရင်း ညနေ ၃ နာရီထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြသည်။
Monday, September 21, 2009
ဒေါ်အောင်ဆန်းစုကြည်အပေါ် မတရားအမိန့်ချခြင်းကို ဆက်လက်ဆန့်ကျင်ဆန္ဒပြ
ယနေ့ ၂၀ .၀၉.၂၀၀၉ ရက်နေ့ မွန်းလွဲ ၂း၀၀ မှ ၄း၀၀ အထိ Nagoya မြို့ Kanayama ဘူတာမြောက်ဘက်ထွက်ပေါက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ရပ်တည်မူ ၊ ပြည်သူ့ခေါင်းဆောင်တယောက်၏ ရဲဝံ့စွန့်စားမူတို့ကို လေးစားဂုဏ်ယူစွာဖြင့် အမှန်တရားပေါ်ပေါက်လာသည် အထိ နောက်မဆုတ်ပဲ တောင်းဆိုမူများ ဆက်လက်လုပ်ဆောင်နေမည်ဖြစ်ကြောင်း နှင့် မြန်မာနိုင်ငံ၏ပြည်တွင်းရေးအခြေအနေမှန်များကိုဂျပန်ပြည်သူပြည်သားများပိုမိုသိရှိလာစေရန် လက်ကမ်းစာစောင်များ ဆက်လက်ဝေငှခြင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (နဂိုယာစည်းရုံးရေးဒေသ) အဖွဲ့ဝင်များမှ ပြုလုပ်ခဲ့ကြသည်။
Sunday, September 20, 2009
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အယူခံမှု အောက်တိုဘာလ(၂)ရက်နေ့စီရင်ချက်ချမည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောင်ဒဏ်သုံးနှစ် ပြစ်ဒဏ်ချမှတ်ထားတာကို အယူခံဝင်ထားတာမှာ ဒီကနေ့ ရန်ကုန်တိုင်းတရားရုံးမှာ နှစ်ဘက်ရှေ့နေတွေ လျှောက်လဲချက်ပေးခဲ့ကြပါတယ်။ အဲဒီနောက် အမိန့်ချမှတ်ဖို့အတွက် အောက်တိုဘာလ ၂ ရက်နေ့ကို ရုံးချိန်းပေးလိုက်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင် ရှေ့နေတဦးက ပြောပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ၀ိုင်းတော်သားကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်း ထားပါတယ်။
စက်တင်ဘာလ ၁၈ ရက်နေ့ မနက် ၁၀ နာရီကစပြီး ရန်ကုန်တိုင်းတရားရုံးမှာ နှစ်ဘက်ရှေ့နေတွေ လျှောက်လဲချက် ပေးခဲ့ကြပြီးတော့ အောက်တိုဘာလ ၂ ရက်နေ့မှာ ဆုံးဖြတ်ချက်ချဖို့ တရားရုံးက ရုံးချိန်းပေးလိုက်တယ်လို့ အကျိုးဆောင်ရှေ့နေ တဦးဖြစ်သူ ဦးဥာဏ်ဝင်းက ဗွီအိုအေကိုပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အတွက် အယူခံကို ရှေ့နေကြီးဦးကြည်ဝင်းက လျှောက်လဲချက်ပေးခဲ့ပြီး ဒေါ်ခင်ခင်ဝင်းနဲ့ မ၀င်းမမ တို့အတွက် ရှေ့နေ ဦးလှမျိုးမြင့်က လျှောက်လဲချက်ပေးခဲ့သလို တဘက် အစိုးရရှေ့နေတွေကလည်း ပြန်လှန် လျှောက်လဲချက်တွေ ပေးခဲ့ကြပါတယ်။
ဒီနေရာလေးနှိပ်လိုက်ပါ။
"အားလုံးပြီးသွားတဲ့အချိန်က ၃ နာရီခွဲ ၀န်းကျင်ရှိပါပြီး ၃ နာရီခွဲဝန်းကျင်အချိန်မှာ တရားရုံးက ဒီအမှုတွေကို အမိန့်ချမှတ်ဖို့ဆိုပြီး အောက်တိုဘာလ ၂ ရက်နေ့ ၁၀ နာရီကို ရုံးချိန်းပေးလိုက်ပါတယ်။"
အကျိုးဆောင်ရှေ့နေတဦးဖြစ်သူ ဦးဥာဏ်ဝင်းပါ။
ပုံမှန်အားဖြင့်တော့ အဲဒီလို သတ်မှတ်ပေးလိုက်တဲ့ ရုံးချိန်းနေ့မှာ ဆုံးဖြတ်ချက် ထွက်တတ်ပေမယ့် တရားရုံးရဲ့ အဆင်သင့်ဖြစ်မှုပေါ် မူတည်ပြီး မထွက်တာတွေလည်းရှိတယ်လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။
ဒီကနေ့ လျှောက်လဲချက်ပေးခဲ့တဲ့အပေါ် အပြည့်အ၀ကျေနပ်မှုရှိပြီး တရားဥပဒေအတိုင်း အစီရင်ခံရမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာလိမ့်မယ်လို့ အကျိုးဆောင်ရှေ့နေတွေက မျှော်လင့်ထားပါတယ်။
"ကျနော် လုံးဝ ကျေနပ်တယ်။ ဆရာ ဦးကြည်ဝင်းက ပြောသင့်ပြောထိုက်တဲ့ ဥပဒေဆိုင်ရာ အချက်အလက်၊ မှတ်ယူထိုက်တဲ့ ဥပဒေဆိုင်ရာ သဘောတရားတွေ ရှိသမျှအားလုံးကို အကောင်းဆုံး ပြောပြသွားနိုင်တယ်။ ရုံးကို လျှောက်လဲသွားနိုင်တယ် လို့ ကျနော် အဲဒီလို လက်ခံထားပါတယ်။ နိုင်ငံရေး ပယောဂ မပါဘူး၊ တရားဥပဒေစိုးမိုးမှု ရှုထောင့်သက်သက်ကနေ စီရင်မှုရမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် လုံးဝ လွတ်မြောက်မယ်လို့ ကျနော်တို့ မျှော်လင့်ထားပါတယ်။"
အယူခံလွှာလျှောက်လဲချက်ကို ကြားနာခဲ့တဲ့ တရားရုံးပတ်ဝန်းကျင်တ၀ိုက် အရင်ရက်တွေကထက် ထူးထူးခြားခြား လုံခြုံရေး တွေချထားပြီး ကြားနာပွဲလုပ်တဲ့ တိုင်းတရားရုံးထဲကိုလည်း ၀င်ခွင့်မရသလို စစ်ဆေးတာတွေလည်းရှိတယ်လို့ ကိုယ်တိုင် သွားရောက်ခဲ့သူတဦးက ဗွီအိုအေကို ပြောပြပါတယ်
"လုံခြုံရေးတွေကတော့ အများကြီးပဲ။ ပြည့်နေတာပဲ ခါတိုင်းနဲ့မတူဘူး။ အ၀င်အထွက်တွေတောင် တော်တော်ကျပ်တယ်။ ခါတိုင်းဆိုရင် ဒီမှာက သိပ်မရှိဘူးလေ။ ရဲတွေဘာတွေ မရှိဘူး။ အခုဆိုရင် ရဲကားတွေကလည်း ပြည့်နေတာပဲ။ ဟိုဘက် သုံးလေးစီး၊ ဒီဘက် သုံးလေးစီးနဲ့လေ။ ရဲကားချည်းပဲ ၁၅ စီးလောက် ရှိတယ်။ သွားရလာရတာ အဆင်မပြေဘူး။ ဒီမှာလာကြည့်တဲ့သူတွေလည်း အတော်များတယ်။ စိတ်ဝင်စားကြတာပေါ့နော်၊ ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့။ သူတို့ အခု တော်တော်စစ်တယ်။ ခါတိုင်းဆိုရင် ဘယ်ရုံးသွားမှာလဲ ဆိုတာမျိုး မစစ်ဘူး။ အခု တော်တော်စစ်တယ်။ တိုင်းရုံးဆိုရင် ၀င်လို့မရဘူး။"
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူခံလွှာ လျှောက်လဲချက်ကို တရားရုံးက ကြားနာတဲ့နေ့ မတိုင်ခင်ညမှာပဲ အကျဉ်းသား ၇,၀၀၀ ကျော်ကို လွှတ်ပေးမယ်လို့ မြန်မာအာဏာပိုင်တွေက ကြေညာခဲ့ပြီးတော့ ကြားနာပွဲလုပ်တဲ့ ဒီကနေ့နဲ့ တိုက်တိုက်ဆိုင်ဆိုင် အကျဉ်းသားတွေ စပြီးလွှတ်ပေးခဲ့ပါတယ်။ ဒီကနေ့မှာ စုစုပေါင်း အကျဉ်းသားအရေအတွက် ဘယ်လောက်လွှတ်ပေးခဲ့တယ် ဆိုတာ တိတိကျကျ မသိရသေးဘဲ လွှတ်ပေးသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသား အယောက် ၄၀ ပတ်ဝန်းကျင်ပါတယ် လို့တော့ သတင်းရင်းမြစ်အသီးသီးကနေ ပြောပြချက်တွေအရ သိထားရပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လွှတ်တော်ကိုယ်စားလှယ်တွေ အပါအ၀င် အကျဉ်းကျသူတွေ လွတ်မြောက်လာတာကို ၀မ်းသာကြိုဆိုပေမယ့် မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုဖြစ်စဉ်မှာ အားလုံးပါဝင်နိုင်ဖို့ဆိုရင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ဖို့လိုတယ်လို့ NLD ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်တဲ့ ဦးဥာဏ်ဝင်းက ပြောပါတယ်။
"အဲန်အယ်လ်ဒီပဲ ဖြစ်ဖြစ်၊ သာမန် ရာဇ၀တ်သားပဲဖြစ်ဖြစ်၊ ဘယ်လိုအကျဉ်းသားပဲ ဖြစ်ဖြစ် အကျဉ်းထောင်က လွှတ်တာကို ကျနော် ကြိုဆိုပါတယ်။ အခု ကျနော်တို့ အဲန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်တွေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သော အဖွဲ့ဝင်တွေ လွတ်မြောက်လာတာကို အရမ်းဝမ်းသာပါတယ်။ ဒါပေမယ့် အခု ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအရ ၂၀၁၀ ရွေးကောက်ပွဲကြီး အောင်အောင်မြင်မြင်အဖြစ် အများပြည်သူ အကုန်လုံး ကျေကျေနပ်နပ်ဖြစ်၊ အားလုံး ပါဝင်နိုင်ဖို့ဆိုရင် နိုင်ငံရေးအကျဉ်းသားအားလုံး ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် လွတ်မြောက်ဖို့ လိုတယ်လို့ ကျနော် အဲဒီလို မြင်ပါတယ်။"
NLD ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းပြောခဲ့တာပါ။
ရင်းမြစ်။။ VOA
*မြတ်လေးငုံ* မှပြန်လည်ဖော်ပြပေးလိုက်ပါတယ် ၊မျှဝေခံစားနိုင်ကြပါစေ။

Subscribe to:
Posts (Atom)