-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Monday, August 24, 2009

MONDAY, AUGUST 24, 2009
ဂျပန်နိုင်ငံရောက်ကြံ့ဖွတ်ခေါင်းဆောင် ဌေးဦး တည်းခိုတဲ့ ဟိုတယ်ရှေ့တွင် ခွပ်ဒေါင်းအလံတော်လွှင့်တင်နိုင်ခဲ့တဲ့သူများကို ဂုဏ်ယူလေးစားပါသည်

Monday, August 17, 2009

ဒေါ်အောင်ဆန်းစုကြည်အပေါ် မတရားအမိန့်ချခြင်းအား ဆန့်ကျင်ကန့်ကွက်ကြောင်း ဆက်လက်ဆန္ဒပြ






ယနေ့ (၁၆.၀၈.၂၀၀၉)နေ့ နေ့လည် ၂နာရီမှ ၄ နာရီ ထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (နာဂိုယာ စည်းရုံးရေးဒေသ) အဖွဲ့ဝင်များ နှင့် အဖွဲ့ဝင်တစ်ဦးဖြစ်သော osaka မှ ကိုမောင်မောင် တို့ပူးပေါင်း၍ NAGOYA မြို့ KANAYAMA EKI ဘူတာမြောက်ဘက်ထွက်ပေါက် တွင် ဒေါ်အောင်ဆန်းစုကြည်အပေါ် မတရားအမိန့်ချထားခြင်းအား ဆန့်ကျင်ဆန္ဒပြကြောင်းကို ဂျပန်လူမျိုးများသိရှိစေရန် နှင့် ဂျပန်အစိုးရ မှ စစ်အစိုးရအပေါ် ပြင်းထန်ထိရောက်သော ဖိအားပေးရန် ဂျပန်လူမျိုးများအနေဖြင့် တောင်းဆိုမှုများပြုလုပ်ပေးကြရန် ဆက်လက် မေတ္တာရပ်ခံခဲ့ကြသည်။

Wednesday, August 12, 2009

ဒေါ်အောင်ဆန်းစုကြည် အပေါ် စစ်အစိုးရ၏ မတရားအမိန့်ချမူ့ကို ဆန့်ကျင်ကန့်ကွက်ကြောင်းဆန္ဒပြ







ယနေ့(၁၂.၀၈.၂၀၀၉) နေ့လည် ၂ နာရီ မှ ၄ နာရီ အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (နာဂိုယာ စည်းရုံးရေးဒေသ )အဖွဲ့ချုပ်ဝင်များမှ ဒေါ်အောင်ဆန်းစုကြည်အပေါ် မတရားအမိန့်ချမှတ်ခြင်းအား ဂျပန်လူမျိုးများအား သိရှိစေရန်နှင့်ဂျပန်လူမျိုးများအနေဖြင့် ဂျပန်အစိုးရ မှ မြန်မာစစ်အစိုးရအပေါ် ပိုမိုဖိအားပေးရန် NAGOYA မြို့ KANAYAMA EKI ဘူတာရှေ့ ၌ မေတ္တာရပ်ခံ တောင်းဆိုခဲ့ကြသည်။ တခြားဒီမိုကရေစီရေး လိုလားကြသော အင်အားစုများကလည်း လာရောက်ပူးပေါင်းခဲ့ ကြသည်။



ပြန်ခေါက်ထားခဲ့လေ

Sunday, August 9, 2009

ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ (၂၁)နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားကို ဒီမိုကရေစီအင်အားစုများ နာဂိုယာ၌ ကျင်းပပြုလုပ်






ယနေ့ ၂၀၀၉ ခုနှစ် သြဂုတ်လ(၉)ရက်နေ့တွင် မြန်မာနိုင်ငံ၏ တစ်ပါတီအာဏာရှင်စနစ်အား ပြည်သူလူထုကြီးတရပ်လုံး စုစည်းညီညွှတ်သောအင်အားဖြင့် တွန်းလှန်ဖြိုလှဲခဲ့သည့် ရှစ်လေးလုံး အရေးတော်ပုံကြီး၏ (၂၁)နှစ်ပြည့်မြှောက်ခဲ့သော အထိမ်းအမှတ်ပွဲအား နာဂိုယာရောက် ဒီမိုကရေစီ အင်အားစုများ စုပေါင်းကျင်းပနိုင်ခဲ့ကြသည်။












ယနေ့ နေ့လည် ၁၂ နာရီ တွင် sakae koen ၌ ခေတ်အဆက်ဆက် ဒီမိုကရေစီရေးတိုက်ပွဲတွင် ကျဆုံးသွားကြသော သူရဲကောင်းအပေါင်းတို့အား ဂုဏ်ပြုသည့်အနေဖြင့် ပန်းစည်းချပွဲ အခမ်းအနားကိုကျင်းပပြီးနောက် အဖွဲ့အစည်းအသီးသီး၏ ထုတ်ပြန်ကြေညာချက်များကို ထုတ်ပြန်ကြေညာခဲ့ကြသည်။
ထို့နောက် နေ့လည် ၂ နာရီခွဲထိ NAGOYA မြို့ SAKAE ၌ ချီတက်လမ်းလျှောက်ဆန္ဒပြခဲ့ကြသည်။







ဖတ်ကြည့်ချင်သေးလား

ပြန်ခေါက်ထားခဲ့လေ

Sunday, July 12, 2009

Free Daw Aung San Su Kyi (Nagoya - Kanayama) 12-7-2009






National League for Democracy (Liberated Area) Japan Branch- Nagoya Region Office. Free Daw Aung San Su Kyi campagin in Nagoya. Pm2 toPm4 Kanayama station.

Wednesday, July 1, 2009

မြန်မာပြည်သို့ လက်နက်ပစ္စည်းတင်ပို့သည်ဟု ယူဆရသူ ၃ ဦး ဂျပန်တွင် အဖမ်းခံရ

မြန်မာပြည်သို့ လက်နက်ပစ္စည်းတင်ပို့သည်ဟု ယူဆရသူ ၃ ဦး ဂျပန်တွင် အဖမ်းခံရ
Tuesday, 30 June 2009 19:00 ကိုထွေး .



တာဝေးပစ် ဒုံးကျည် ဆက်စပ်ပစ္စည်းတမျိုး မြန်မာပြည်သို့ တရားမဝင် တင်ပို့ရန် ကြိုးပမ်းသူဟု ယူဆရသော လုပ်ငန်းရှင် ၃ဦး ကို ဂျပန်ရဲတပ်ဖွဲ့က အင်္ဂါနေ့တွင် ဖမ်းဆီးလိုက်ကြောင်း ဂျပန်နိုင်ငံမှ လာသော သတင်းများတွင် ဖော်ပြထားသည်။

အဆိုပါပစ္စည်းမှာ တာဝေးပစ် ဒုံးကျည် ပြုလုပ်ရာတွင် အသုံးပြုသည့် သံလိုက်သတ္တိ တိုင်းတာသော ကိရိယာ တမျိုး ဖြစ်ကြောင်း၊ နိုင်ငံခြား ငွေကြေးဖလှယ်ရေး နှင့် ကုန်သွယ်မှု ဥပဒေကို ချိုးဖောက်သည်ဟု သံသယ ရှိသည်ဟု ရဲတပ်ဖွဲ့က ပြောကြောင်း Yomiuri Shimbun သတင်းဌာန၏ သတင်း တပုဒ်တွင် ဖော်ပြထားသည်။

ဖမ်းဆီးခံရသူများမှာ တိုကျိုအခြေစိုက် လုပ်ငန်းရှင်များ ဖြစ်ကြသော မြောက်ကိုရီးယားနိုင်ငံသား ၁ ဦး နှင့် ဂျပန်နိုင်ငံသား ၂ ဦးတို့ဖြစ်သည်ဟု သိရသည်။

၎င်းတို့မှာ မြောက်ကိုရီးယားနိုင်ငံသား Toko Boeki ကုမ္ပဏီ ဥက္ကဋ္ဌ လီကျုံးဟို၊ ကုန်ပစ္စည်း ထုတ်လုပ်ရေး ကုမ္ပဏီ တခု၏ ဥက္ကဋ္ဌ Miaki Katsuki နှင့် ထုတ်ကုန် အေဂျင်စီတခု၏ ဥက္ကဋ္ဌ Yasuhiko Muto တို့ဖြစ်သည်ဟု ဆိုသည်။

တာဝေးပစ် ဒုံးကျည် ဆက်စပ်ပစ္စည်းကို မြောက်ကိုးရီးယားသို့ တင်ပို့သည်ဟု ရဲတပ်ဖွဲ့က ထင်မှတ်ခဲ့ကြောင်း၊ သို့သော်လည်း နောက်ပိုင်းတွင် ဟောင်ကောင် အခြေစိုက် မြောက်ကိုရီးယား ကုမ္ပဏီတခု၏ ကုန်ပစ္စည်း မှာယူသည့် စာရင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။

၎င်းတို့သည် ဒုံးကျည်ထုတ်လုပ်မှုနှင့် သက်ဆိုင်သော အခြား ပစ္စည်းများကို မြန်မာပြည်သို့ တင်ပို့ခဲ့ဖွယ် ရှိကြောင်း၊ မြောက်ကိုးရီးယား အနေဖြင့် ဒုံးကျည် စနစ် နှင့် သက်ဆိုင်သော နည်းပညာများကို မြန်မာသို့ ဖြန့်ဝေပေးနေသည်ဟု ယုံကြည်ရကြောင်း ရဲအရာရှိများကို ကိုးကားပြီး သတင်းများတွင် ဖော်ပြထားသည်။

ထိန်းသိမ်းခံထားရသူ ၃ ဦးသည် ယခုနှစ် ဇန်နဝါရီလက ဂျပန်ယန်း ၇ သန်း နီးပါးခန့် တန်သည့် သံလိုက်သတ္တိ တိုင်းတာသည့် ကိရိယာများကို မြန်မာပြည်သို့ တင်ပို့ခဲ့ကြောင်း ရဲတို့က ပြောသည်။ ထိုသို့ တင်ပို့ရာတွင် ဂျပန်နိုင်ငံ စီပွား ကုန်သွယ်နှင့် စက်မှု ဝန်ကြီးဌာန၏ ခွင့်ပြုချက်ကို ရယူခြင်း မရှိဟု ဆိုသည်။

ဖျက်အားပြင်း လက်နက် ထုတ်လုပ်ရာတွင် အသုံးပြုမည့် ကုန်ပစ္စည်းများ ပြည်ပသို့ တင်ပို့ခြင်း မပြုနိုင်ရန် ဂျပန်နိုင်ငံ ဥပဒေအရ တားမြစ်ထားသည်။

၂ဝဝ၈ ခုနှစ် စက်တင်ဘာလ ဝန်းကျင်တွင် ယင်းကုမ္ပဏီက အလားတူပစ္စည်းမျိုးကို မြန်မာနိုင်ငံ အမှတ် (၂) စက်မှု ဝန်ကြီး ဌာန သို့ ပေးပို့ရန် ကြိုးပမ်းခဲ့ဖူးသည်ဟု သိရသည်။

နှစ်ကြိမ်စလုံးတွင် ပြည်ပတင်ပို့ခွင့် လျှောက်လွှာ ပါဝင်ခြင်း မရှိသည်ကို ဂျပန် အာဏာပိုင်တို့က သတိထားမိခဲ့သဖြင့် သင်္ဘောပေါ်သို့ မတင်မီ အစီအစဉ်များ ပျက်ခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။ ဟောင်ကောင် အခြေစိုက် ကုမ္ပဏီ၏ အမည်မှာ New East International Trading Ltd ဖြစ်သည်။ ထို ကုမ္ပဏီကို မြောက်ကိုရီးယား အစိုးရ ပါတီဖြစ်သော မြောက်ကိုးရီးယား အလုပ်သမားပါတီ၊ ဒုတိယ စီးပွားရေးရာကော်မတီက တိုက်ရိုက် ထိန်းချုပ်သည်ဟု ယုံကြည်ရကြောင်း Yomiuri Shimbun သတင်းတွင် ဖော်ပြထားသည်။

မြောက်ကိုရီးယား စစ်တပ်အတွက် စစ်ဘက်ဆိုင်ရာ ပစ္စည်းများ ဝယ်ယူရန် ယင်းကော်မတီက တာဝန် ယူထားသည်ဟု ဆိုသည်။

မြန်မာ နှင့် မြောက်ကိုရီးယားသည် ၁၉၈၃ အောက်တိုဘာလက ရန်ကုန်မြို့ အာဇာနည်ဗိမ္မာန် ဗုံးပေါက်ကွဲမှု အပြီးတွင် သံတမန် အဆက်အသွယ် ပြတ်တောက်သွားသည်။ ထိုပေါက်ကွဲမှုမှာ မြောက်ကိုးရီးယား အစိုးရ၏ လက်ချက် ဖြစ်ကြောင်း နောက်ပိုင်းတွင် စုံစမ်းတွေ့ရှိရသည်။

၂ဝဝ၇ ဧပြီတွင် နှစ်နိုင်ငံ သံတမန် ပြန်လည် ဆက်သွယ်ရန် သဘောတူကြောင်း လက်မှတ် ရေးထိုးကြသည်။

မြောက်ကိုးရီးယားသည် မြန်မာပြည်ကို ဒုံးကျည်များ ရောင်းချနေသည်ဟု အမေရိကန် အစိုးရ အရာရှိတို့က ၂ဝဝ၄ ခုနှစ်ကပင် ထုတ်ဖော် ပြောကြားခဲ့သည်။