Tuesday, March 3, 2009
Thursday, February 26, 2009
Monday, September 15, 2008
ဒေါ်အောင်ဆန်းစုကြည်ကို ဒေါက်တာ တင်မျိုးဝင်းတွေ့ဆုံ၊ သူမ၏ကျန်းမာရေးအသေးစိတ်အချက်လက်တွေကို ပြောဆိုဖို့ ငြင်းဆို
#fullpost {display:none;}
၂၀၀၈၊ စက်တင်ဘာ ၁၃ရက် နေ့  ( တနင်္ဂနွေနေ့ ) က ဒ်ါအောင်ဆန်းစုကြည် ကို သူမရဲ့ ဆရာဝန်ဖြစ်တဲ့ ဒေါက်တာတင်မျိုးဝင်းက သွားရောက်ကြည့် ရှု့ ခွင့်ရခဲ့ပါတယ်။ ဒေါက်တာတင်မျိုးဝင်းရဲ့ အဆိုအရ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးဟာအလွန်အမင်း ဆိုးဝါးသွားပါတယ်လို့ အေအက်ပီ သတင်းမှာဖေါ်ပြထားပါတယ်။
သူမ၏နေအိမ်မှာ ဒေါက်တာ တင်မျိုးဝင်းဟာ အချိန်တော်တော်ကြာ ဆေးစစ်မှုတွေပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်၏အိမ်ကအပြန်မှာ ဒေါက်တာ တင်မျိုးဝင်းဟာ သူမ၏ကျန်းမာရေးနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်တွေကို ပြောဆိုဖို့ ထိန်ချန်ထားပါတယ်။“ခုချိန်မှာ ကျွန်တော်အနေနဲ့ ဘာမှမပြောနိုင်ပါဘူး၊ ရှေ့နေကြီး ဦးကြည်ဝင်းက မကြာခင်မှာ အခြေနေတွေကို ပြောပြပါလိမ့်မယ်” ဟု သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

Subscribe to:
Posts (Atom)