-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Tuesday, August 31, 2010

အရပ်ဝတ် လဲထားပေမဲ့ အာဏာရှင်ဟာ အာဏာရှင်ပဲ”၊ အမေရိကန် ဝေဖန်

မြန်မာစစ်တပ် ထိပ်တန်း စစ်ခေါင်းဆောင်တွေ အတော်များများ အပြောင်းအလဲတွေ လုပ်ခဲ့ပေမယ့် ယူနီဖောင်းဝတ်ဝတ်၊ အရပ်ဝတ်လဲလဲ အာဏာရှင်ဟာ အာဏာရှင်ပါပဲလို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။ စစ်မှန်တဲ့ နိုင်ငံရေး အပြောင်းအလဲတွေ ဘာမှ မတွေ့ရသေးတာကြောင့် မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုရဲ့ သဘောထားအမြင်က မပြောင်းလဲပါဘူး။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မြန်မာစစ်တပ်က ထိပ်တန်း စစ်ခေါင်းဆောင် အများအပြား ရာထူးက နှုတ်ထွက်သွားကြပေမဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကတော့ စစ်တပ်ကိုရော အစိုးရပိုင်းကိုပါ သြဇာအာဏာ ချုပ်ကိုင်ထားတုန်းပဲလို့ အများက ယူဆပါတယ်။ ဒါကြောင့်လည်း အပြောင်းအလဲ ကြီးကြီးမားမား ရှိလိမ့်မယ်လို့ မမျှော်လင့်ကြပါဘူး။ ဗိုလ်ချုပ်ကြီး သူရရွှေမန်း အပါအ၀င် ဒုတိယဗိုလ်ချုပ်ကြီး အတော်များများ ရာထူးက အနားယူသွားတယ်ဆိုတာ ခိုင်လုံသလောက် ရှိပေမဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ဆက်ရှိ မရှိက အတည်ပြုလို့ မရသေးပါဘူး။

သတင်းအချို့မှာတော့ ဒုတိယဗိုလ်ချုပ်ကြီး သူရမြင့်အောင်က ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက ဒု-ဦးစီးချုပ် ဖြစ်သွားတယ် ဆိုတာကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စစ်ဘက်ရာထူးကနေ အနားယူသွားပြီလို့ ယူဆမှုတွေလည်း ရှိပါတယ်။ တဘက်မှာတော့ နအဖ စစ်ကောင်စီက ဆက်ရှိနေတာကြောင့် စစ်ကောင်စီ ဥက္ကဋ္ဌ အနေနဲ့ အာဏာကို ချုပ်ကိုင်ထားနိုင်တယ်လို့လည်း ယူဆသူတွေ ရှိပါတယ်။

ဒါပေမဲ့ အားလုံးနီးပါးမှာ တူညီတဲ့ ယူဆချက်ကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အာဏာဆက်ရှိနေတယ်၊ စစ်အာဏာရှင်စနစ် ဆက်ရှိနေတယ် ဆိုတာပါပဲ။ မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ နိုင်ငံရေးအရ စိန်ခေါ်ချက်တွေအတွက် အခုလို စစ်ဘက် အကြီးအကဲတွေ အရပ်ဝတ် ပြောင်းရုံသက်သက် အဖြေမရနိုင်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ပီဂျေ ခရော်လေ (P.J Crowley) က ပြောပါတယ်။

“အရပ်ဝတ်ထားလည်း အာဏာရှင်က အာဏာရှင်ပါပဲ။ အခု သူတို့က ယူနီဖောင်း ချွတ်တာတွေ လုပ်နေပေမဲ့ နိုင်ငံရေး အခွင့်အလမ်းတွေကိုတော့ ကန့်သတ်ထားတုန်းပါပဲ။ ဒါကြောင့် ကျနော်တို့အမြင်က အပြောင်းအလဲ မရှိပါဘူး။ အခုရင်ဆိုင်နေရတဲ့ နိုင်ငံရေးအရ အကဲစမ်းမှုတွေအတွက် အခုလို အရပ်ဝတ် ပြောင်းလိုက်ကြတာ အဖြေမဟုတ်ပါဘူး။”

လက်ရှိ မြန်မာစစ်အစိုးရလုပ်မယ့် ရွေးကောက်ပွဲအတွက် အများလက်ခံနိုင်အောင် အပြောင်းအလဲတွေလည်း အခုချိန်မှာ ဘာမှ မတွေ့ရသေးဘူးလို့လည်း ပီဂျေ ခရော်လေက ပြောပါတယ်။

“နိုင်ငံရေးအရ လုပ်ပိုင်ခွင့်တွေ ပေးရပါမယ်၊ မြန်မာနိုင်ငံတွင်းက တိုင်းရင်းသား အင်အားစုတွေနဲ့ ဆွေးနွေး ညှိနှိုင်းရပါမယ်၊ နိုင်ငံရေး အတိုက်အခံတွေ ရှင်သန်ခွင့် ပေးရပါမယ်၊ အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်းတွေ အကြားမှာ စစ်စစ်မှန်မှန် ယှဉ်ပြိုင်မှုသဘော ရှိစေရပါမယ်။ ဒါမျိုးတွေ မရှိဘဲနဲ့တော့ စစ်သားတွေပါပါ အရပ်ဝတ်တွေပဲပါပါ၊ လာမယ့် ရွေးကောက်ပွဲဟာ အများယုံကြည် လက်ခံမယ့်၊ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲမျိုး မြင်ရမှာ မဟုတ်ပါဘူး။”

အခုလို စစ်ဘက် အကြီးအကဲတွေ အပြောင်းအလဲ လုပ်တာဟာ လာမယ့် ရွေးကောက်ပွဲအတွက် အဓိက ပြင်ဆင်ချက်လို့ ယူဆရပါတယ်။ အထူးသဖြင့် စစ်အစိုးရ နောက်ခံပေးထားတဲ့ ကြံ့ခိုင်ရေးပါတီမှာ ၀င်အရွေးခံကြမယ့် ကိုယ်စားလှယ်တွေ ဖြစ်လာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ တဘက်မှာလည်း စစ်တပ်က ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်မယ့် ကိုယ်စားလှယ်လောင်းတွေဆိုတာ ရှိပါတယ်။ စစ်ဘက် လေ့လာသူ အချို့ကတော့ လာမယ့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်မယ့် ကိုယ်စားလှယ်တွေဟာ စစ်ဘက်က မျိုးဆက်သစ် ခေါင်းဆောင်တွေ ဖြစ်လာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။

ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်ကတော့ အခု အပြောင်းအလဲမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ တပ်အပေါ်မှာ အာဏာစက် ရှိနေတုန်းပဲလို့ ယူဆပါတယ်။

“ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးက လုံးဝ အနားယူသွားတဲ့ အနေအထားမျိုး မဟုတ်ပါဘူး။ စစ်တပ်ရာထူးကိုပဲ သူ့ထက် ငယ်တဲ့လူကို လွှဲပေးပြီးတော့ နိုင်ငံရေး အာဏာကိုရော၊ ကျန်တဲ့အာဏာ အားလုံးကို သူက ဆက်ပြီး ထိန်းထားတဲ့ အနေအထားမျိုး ရှိပါတယ်။ အဲဒါကို အနားယူသွားတယ်လို့ မထင်မှတ်စေချင်ပါဘူး။

“ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အနားယူမှာလား၊ အရန်အင်အား စာရင်းအဖြစ် နေမှာလားဆိုတာ၊ တပ်မတော်မှာ ရာထူးက အမိန့်ထုတ်တဲ့အခါ နှစ်မျိုးရှိပါတယ်။ အရန်အင်အားစာရင်း သဘောမျိုးနဲ့ နေမယ်ဆိုရင်တော့ သူက ယူနီဖောင်း ဆက်ဝတ်ရင် ၀တ်ပါလိမ့်မယ်။ အငြိမ်းစားယူတယ် ဆိုရင်တော့ သူက ဦးသန်းရွှေ ဖြစ်သွားပါလိမ့်မယ်။

“ဒါနဲ့ပတ်သက်ပြီးတော့ ကျနော် အကြွင်းမဲ့ ယုံကြည်တာကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မထွက်သေးဘူး၊ နောက် ရွေးကောက်ပွဲ ပြီးရင်လည်း သူ မနားသေးဘူး၊ ကျနော် ပြောပြောနေသလိုပဲ သူသည် နောက်ကွယ်က ကြိုးကိုင်မယ့် အာဏာရှင်တယောက် အနေနဲ့ပဲ ဆက်နေနေမယ့် အနေအထားမျိုး ရှိပါတယ်။”

အခုလို စစ်ဘက် အကြီးအကဲတွေ ရာထူးက နှုတ်ထွက်တယ် ဆိုတာကို မြန်မာအစိုးရ သတင်းမီဒီယာတွေမှာတော့ မသိမသာ ဖော်ပြတာမျိုးတောင် မရှိသေးပါဘူး။ ဒါကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ လက်ရှိ ဘယ်တာဝန် ယူနေသလဲဆိုတာ အများက ဒွိဟ ဖြစ်နေကြပါတယ်။

VOA

Monday, August 30, 2010

အာဏာပိုင်တွေအပြောင်းအလဲအားကုလားအုတ်ခါးရိုးကျိုးမယ့်ကိန်းဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်ဖြစ်သူဝါရင့်သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်ပြော

စစ်တပ်ခေါင်းဆောင်သစ်တွေ ပြောင်းလဲလာတာနဲ့ပတ်သက်ပြီး သုံးချက်ထောက်ပြ ချင်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ခေါင်းဆောင်တစ်ဦးဖြစ်သူနဲ့ ဝါရင့်သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က ဘီဘီစီကို ပြောပါတယ်။



စစ်ခေါင်းဆောင်သစ်တွေဟာ နယ်ကြားစောင့် တပ် ဖွဲ့စည်းရေးနဲ့ပတ်သက်ပြီး တိုက်ခိုက်တာ တွေ လုပ်မလား၊ မလုပ်ဘူးဆိုရင်လည်း တစ်နည်းနည်းနဲ့ တော့ ဒီကိစ်စကို ဖြေရှင်းဖို့ လိုတယ်၊ တန်းလန်းထားလို့ မဖြစ်ဘူးလို့ သူက ဆိုပါတယ်။

လာမယ့်ကာလနိုင်ငံရေးအခင်းအကျင်းမှာ စစ်တပ်အောက်မှာ လက်နက်ကိုင်တပ်အားလုံး ရှိရမှာ ဖြစ်တာမို့ စစ်တပ်ခေါင်းဆောင်သစ် ဘယ်လိုတုန့်ပြန်မယ်ဆိုတာ တိုင်းပြည်က စိတ်ဝင်စားနေတယ်လို့ သူက ထောက်ပြပါတယ်။

ဒုတိယအချက်က စစ်တပ်မှာက အောက်ခြေတပ်သား၊ တပ်ကြပ်ကနေ တပ်ရင်းမှူးး ဗိုလ်မှူးကြီး အဆင့်တွေအထိ အောက်ခြေတစ်လွှာ၊ ဗိုလ်မှူးချုပ်အဆင့်ကနေ ဗိုလ်ချုပ်မှူးကြီးအထိ အထက်ဆင့်တစ်လွှာ ဖြစ်နေတယ်။ မကြာခင်က ဘဏ်စုငွေတွေ ပြန်တောင်းကြတဲ့ကိစ္စအပါအဝင် မညီမျှမှုတွေနဲ့ပတ်သက်ပြီး ထက်အောက် ရုန်းကန်မှုတွေကို စစ်ခေါင်းဆောင်သစ်ဟာ ရင်ဆိုင်ရလိမ့်မယ်လို့ ဦးဝင်းတင်က ပြောပါတယ်။

တတိယအချက်အနေနဲ့တော့ စစ်တပ်က ထောင်တဲ့ပါတီက ဘာဖြစ်လာမယ်ဆိုတာ၊ ဘယ်သူတွေက အမတ်လောင်းတွေအဖြစ် ရွေးကောက်ပွဲမှာ ဝင်အရွေးခံမယ်ဆိုတာ မကြာခင် တိတိကျကျ ပြောရတော့မယ်၊ ဒီကိစ္စတွေကို တိုင်းသူပြည်သားတွေက ဘယ်လိုတုန့်ပြန်မလဲ၊ တခြားနိုင်ငံရေးအင်အားစုတွေက ဘယ်လိုတုန့်ပြန်မလဲ ဆိုတာတွေကို စစ်ခေါင်းဆောင်သစ်ဟာ ရင်ဆိုင်ရမယ်လို့သူက ဆက်ပြောပါတယ်။

အခုလို စစ်ခေါင်းဆောင်တွေ အပြောင်းအလဲလုပ်တာဟာ တိုင်းပြည်အတွက် ဘာမှ အကျိုးမရှိဘူးလို့ ဝါရင့်သတင်းစာဆရာကြီးက ပြောပါတယ်။ မကောင်းတဲ့ အနိဌာရုံသော ထပ်ပြီးပေါ်လာဖို့ သူ ယုံကြည်နေတယ်လို့လည်း ဆိုပါတယ်။

အခုစစ်တပ်နဲ့နိုင်ငံရေးအပြောင်းအလဲတွေဟာ ပြည်သူလူထုအတွက် ကောင်းကျိုးတော့ မမြင်ဘူး၊ စစ်တပ်အချင်းချင်း ထက်အောက်ရုန်းကန်မှုတွေဖြစ်ရင် ပြည်သူလူထုကသာ ကြားက ခံရမယ်၊ ဘဏ်စုငွေတွေကို အောက်ခြေတပ်သားတွေက ပြန်တောင်းတဲ့ ကိစ္စမှာတောင် ပြည်သူတွကေ အသည်းတထိတ်ထိတ် ဖြစ်နေရပြီ၊ ပစ်ခတ်တာတွေ မဖြစ်ဘူးလို့မပြောနိုင်ဘူးလို့လည်း ဦးဝင်းတင်က ပြောပါတယ်။

ပြည်တွင်းစစ်တွေ ပေါ်လာရင်လည်း တိုင်းရင်းသားတွ ပြေးကြလွှားကြ၊ ရွာတွေ စွန့်ပြေးကြ၊ အလုပ်အကိုင် ပျက်ရတာတွေ ဖြစ်ရတယ်၊ နေ့လားညလားတွေ ဖြစ်ရတယ်၊ အခုစစ်တပ်ပါတီထဲ ဝင်လာရတဲ့ ဗိုလ်ချုပ်ကြီးဟောင်းတွဆေိုတာလည်း သူတို့ဆန္ဒနဲ့သူတို့ လိုလိုလားလား တပ်ကထွက်ပြီး လုပ်ကြတာ မဟုတ်ဘူး၊ သူတို့ အတွင်းပြဿနာတွကေို ဘယ်လို ရှင်းကြမလဲ၊ တိုင်းသူပြည်သူတွအေတွက်ကတော့ ဆိုးကျိုးတွပေဲ ဆိုက်လိမ့်မယ်လို့ ဦးဝင်းတင်က သုံးသပ်ပါတယ်။

လက်ရှိတိုင်းပြည်ရဲ့အနေအထားက အင်္ဂလိပ်လိုပြောရမယ်ဆိုရင် critical mass ဖြစ်နေ တယ်၊ တိုင်းပြည်ဟာ တဲတဲလေး ကျန်တော့တယ်၊ လူတွကေ သည်းမခံနိုင်တော့ဘူးလို့ သူက ပြောပါတယ်။

အင်္ဂလိပ်တွမှာ ပြောတာရှိတယ်၊ ကုလားအုတ်ခါးပေါ် ကောက်ရိုးတွေ တင်တဲ့အခါမှာ နောက်ဆုံးတစ်မျှင်ထက် လွန်သွားရင် ကုလားအုတ် ခါးကျိုးတယ်၊ တိုင်းပြည်မှာလည်း ဆိုးကျိုးတွေက အလွန်များနေလို့ကုလားအုတ် ခါးရိုးကျိုးမယ့် အနေအထားလို ရောက်နေပြီလို့ ဦးဝင်းတင်က ဥပမာပုံပေး သုံးသပ်ပါတယ်။

ဒါကြောင့် ဒီအခြေအနေကို ဖြေရှင်းဖို့ နည်းလမ်းရှာဖို့ လိုတယ်၊ နည်းလမ်းရှာဖို့အချိန် ရောက်ပြီ၊ နည်းလမ်း မရှာနိုင်ဘူးဆိုရင်တော့ မြန်မာပြည်ရဲ့ အနေအထားက နိုင်ငံရေး စစ်ရေးအားဖြင့် ကုလားအုတ် ခါးရိုးကျိုးကိန်း ဖြစ်နေပြီလို့ဦးဝင်းတင်က ဆိုပါတယ်။

သတင်းရင်းမြစ်..ဘီဘီစီ

Copy from မြတ်လေးငုံ

ဗိုလ်ချုပ်မှူးကြီးနှစ်ဦး ရာထူးမှ နုတ်မထွက်သေး

နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ စစ်ဘက်ဆိုင်ရာရာထူးမှ နုတ်ထွက်ကြောင်း သတင်းများ ထွက်ပေါ်နေခြင်းသည် ကောလာဟလသာဖြစ်ကြောင်း နေပြည်တော် ကာကွယ်ရေးဝန်ကြီးဌာနမှ ထိပ်တန်းအရာရှိတဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။

ဒုတိယဗိုလ်ချုပ်ကြီး သူရမြင့်အောင်အား ပြည်ထဲရေးဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုအား ကာကွယ်ရေးဝန်ကြီးအဖြစ် နောင်တက်မည့် အစိုးရသစ်အတွက် ကြိုတင်လျာထားခြင်းသာဖြစ်သည်ဟု ၎င်းက ပြောကြားသည်။

ပြီးခဲ့သည့် သြဂုတ် (၂၇) ရက်၌ တပ်မတော်အစိုးရအတွင်း တပ်မမှူးရာထူးအဆင့်မှစကာ စစ်ဗိုလ်ချုပ်များ နေရာအပြောင်းအလဲ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။

“အပြောင်းအလဲလုပ်ခဲ့ကြတာများတယ်။ အတိအကျတော့ပြောလို့မရဘူး။ ဒါပေမယ့် သူရရွှေမန်းကတော့ အနားပေးတဲ့ အပြောင်းအလဲမှာပါတယ်။ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးလည်း ပါတယ်” ဟု ၎င်းက ပြောသည်။

စစ်ဘက်ဆိုင်ရာရာထူးမှ အပြောင်းအလဲလုပ်လိုက်သူများအနက် ဒု-ဗိုလ်ချုပ်ကြီးအဆင့်ရှိသူ (၁၅) ဦးခန့် ပါဝင်ကြောင်း၊ ၎င်းတို့နေရာကို ဗိုလ်ချုပ်အဆင့် ရာထူးရှိသူများနှင့် အစားထိုးခဲ့ကြောင်း အဆိုပါအရာရှိဖြစ်သူက ပြောကြားသည်။

နအဖထိပ်သီးစစ်ခေါင်းဆောင် နှစ်ဦးဖြစ်သည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့အပါအ၀င် စစ်ခေါင်းဆောင်များ စစ်ဘက်ရာထူးများမှ နုတ်ထွက်ကာ အရပ်ဘက်သို့ ကူးပြောင်းလိုက်သည်ဆိုသည့် သတင်းများ ပြီးခဲ့သည့် သြဂုတ် (၂၇) ရက်တွင် ထွက်ပေါ်ခဲ့သည်။

ယင်းသတင်းထွက်ပေါ်ချက်နှင့်ပတ်သက်၍ နအဖစစ်အစိုးရက တရားဝင် ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

ရန်ကုန်မှ လာသည့် ရိုက်တာသတင်းတပုဒ်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် ဗိုလ်ချုပ်ရွှေမန်းတို့ စစ်ဘက်ရာထူးများမှ အနားယူသွားသည်ဟု စစ်ဘက်သတင်းရပ်ကွက်ကို ကိုးကား၍ ဖော်ပြခဲ့သည်။

အေအက်ဖ်ပီသတင်းတွင်မူ အမည်မဖော်လိုသူ စစ်ဘက်ဆိုင်ရာ အရာရှိတဦးကို ကိုးကားပြီး ဗိုလ်ချုပ်ရွှေမန်းအပါအ၀င် တပ်အရာရှိပေါင်း (၇၀) ကျော်တို့ တပ်တွင်းရာထူးအပြောင်းအလဲ လုပ်လိုက်ကြောင်း ရေးသားထားသည်။ သို့သော် အဆိုပါအရာရှိက ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ ရာထူးမှ နုတ်ထွက်သည့်သတင်းကို ငြင်းဆိုခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးနှစ်ဦး မကြာမီ ရာထူးမှ အနားယူဖွယ်ရှိကြောင်းသာ ပြောကြားခဲ့သည်။

ယင်းသို့ သတင်းများထွက်ပေါ်ခဲ့မှုနှင့်ပတ်သက်၍ သြဂုတ် (၂၇) ရက်၌ စစ်ဘက်ရာထူးမှ နုတ်ထွက်သွားသူများသည် ယခုနှစ် နိုဝင်ဘာ ( ၇) ရက်နေ့တွင် ကျင်းပမည့်ရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း နေပြည်တော် ကာကွယ်ရေးဝန်ကြီးဌာန သတင်းရပ်ကွက်မှ သိရသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ရွေးကောက်ပွဲပြီးသည်ထိ အာဏာဆက်လက် ရယူထားနိုင်ကြောင်းလည်း နိုင်ငံရေးအကဲခပ်များက ဝေဖန်ပြောဆိုနေကြသည်။

::: Copyright © 1992-2010 The New Era Journal :::

မဲမပေးရေး ပဲခူးတွင် NLD လှုပ်ရှား

မင်းနိုင်သူ Monday, August 30, 2010 . အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ တာဝန်ရှိသူများသည် ပဲခူးတိုင်းပါတီဝင်များကို တွေ့ဆုံပြီး ပါတီရပ်တည်မှုနှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ယနေ့ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

“မြို့နယ် ၄ မြို့နယ်က စည်းရုံးရေး အဖွဲ့ဝင်တွေအပြင် စိတ်ဝင်စားတဲ့ အရပ်သားတွေလည်း ဆွေးနွေးပွဲကို လာရောက်ကြပါတယ်။ ရွေးကောက်ပွဲမှာ မဲပေးချင်ရင် ပေးလို့ရသလို မဲမပေးလိုက မပေးဘဲလည်း နေနိုင်တယ်ဆိုတာကို ဦးဉာဏ်ဝင်းက ရွေးကောက်ပွဲဥပဒေပါ အချက်အလက်တွေနဲ့ ရှင်းပြပါတယ်” ဟု တောင်ငူမြို့နယ် NLD မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးအောင်စိုးမြင့်က ပြောသည်။

NLD ရုံးချုပ်မှ ဦးညွန့်ဝေ၊ ဦးဉာဏ်ဝင်း၊ ဦးစိုးဝင်း၊ ဒေါ်ခင်ညွန့်မူနှင့် ကိုကျော်ဝင်းတို့က ဖြူး၊ တောင်ငူ၊ ရေတာရှည်မြို့နယ်များနှင့် အုတ်ကျင်းစု ရွာများမှ စည်းရုံးရေးအဖွဲ့ဝင်များကို တောင်ငူမြို့နယ်ရှိ ဦးအောင်စိုးမြင့် နေအိမ်တွင် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

NLD ဗဟိုကော်မတီဝင် ဦးစိုးဝင်းက “အကျဉ်းကျမိသားစုတွေ စောင့်ရှောက်ရေး၊ မြို့နယ်အတွင်းက လူမှုရေး အခက်အခဲတွေကို ကူညီဖြေရှင်းပေးနိုင်ရေး၊ အဓမ္မ လုပ်အားပေးမှု ပပျောက်ရေး ဆိုတာတွေကိုလည်း ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ဒေသခံလူထုကလည်း စိတ်ဝင်စားမှုရှိတယ်။ အရင်ကထက်ကို တရင်းတနှီး ဆက်ဆံလာတာကို တွေ့ရတယ်” ဟု ပြောသည်။

ဗဟို အလုပ်အမှုဆောင် ဦးညွန့်ဝေကလည်း NLD သည် ပါတီအဖြစ် ဆက်လည်တည်ရှိနေသေးကြောင်းကို မြို့နယ်ပါတီဝင်များအား အတိအလင်း အသိပေးခဲ့ကြောင်း သိရသည်။

NLD ဗဟိုမှ အဖွဲ့ဝင်များနှင့် ပဲခူးတိုင်းပါတီဝင်များ ယခုလ ၅ ရက်နေ့က ပဲခူးမြို့နယ်တွင် ပထမအကြိမ် တွေ့ဆုံခဲ့ပြီး ယနေ့တွေ့ဆုံမှုသည် ဒုတိယ အကြိမ်မြောက်ဖြစ်သည်။

NLD ဒု ဥက္ကဋ္ဌ ဦးတင်ဦးနှင့် ဗဟိုအဖွဲ့ဝင်များသည်လည်း ၂၈ ရက်နေ့မှစတင်ကာ ဧရာဝတီတိုင်းမှ ပါတီဝင်များနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်နေဆဲဖြစ်ကြောင်း သိရသည်။

၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲ အတွက် ပါတီထပ်မံ မှတ်ပုံမတင်ရန် ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့တွင် ဆုံးဖြတ်ချက်ချခဲ့ပြီးနောက် ယခုလ ၁၉ ရက်တွင် ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်း အတိအလင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
Copyright © 2010 ဧရာဝတီ. All Rights Reserved.

စစ်အစိုးရ အနာဂတ် မရေရာ၍ အရာရှိကြီးများ လျှို့ဝှက်ရန်ပုံငွေများကို ဘေးဆီးရန်ကာ လုပ်နေကြ

ဘန်းစမစ် (Bern Smith) | တနင်္လာနေ့၊ သြဂုတ်လ ၃၀ ရက် ၂၀၁၀ ခုနှစ် ၁၂ နာရီ ၅၅ မိနစ် .
မြန်မာအစိုးရအကြီးတန်း အရာရှိကြီးများသည် သူတို့ပိုင်ငွေကြေးပစ္စည်းအားလုံးကို နိုင်ငံခြားဘဏ်များတွင် သိုဝှက် သိမ်းဆည်းနေကြပြီ ဖြစ်သည်။ ဤအချက်က စစ်အစိုးရ၏ အနာဂတ်အပေါ် စိတ်မချတော့၍ အတွင်းလူများကိုယ်တိုင်က ခုလိုဘေးဆီးရန်ကာ လုပ်နေကြတာထင်ရှားနေသည် ဟု လူသိများသော သြစတြေးလျလူမျိုး မြန်မာ့စီးပွားရေး သုတေသီတဦးက ပြောဆိုလိုက်သည်။


ကြက်သွန်ကို နိုင်ငံခြားတင်ပို့ခွင့်ပိတ်လိုက်၍ ရန်ကုန်မြို့ရှိဈေးတခုတွင် ကြက်သွန်အိတ်များ စုပုံနေသည်ကို မြင်ရပုံ။ ယင်းသည် အာဏာရဗိုလ်ချုပ်ကြီးများ၏ `ရူးသွပ်မှု´ ကို ပြသည့်နောက်ထပ် ဥပမာတခုပင်ဖြစ်သည်ဟု သြစတြေးလျလူမျိုး မြန်မာ့စီးပွားရေးသုတေသီ ရှောင်တားနဲလ် (Sean Turnell) က ပြောသည်။ ပြည်တွင်းပစ္စည်း ပြတ်လပ်မှု ဖြစ်မည်စိုးကာ ယခုကဲ့သို့ ပြည်ပပို့ခွင့် ပိတ်ပင်လိုက်ခြင်းဖြစ်သည်။ (ဓါတ်ပုံ-မဇ္ဈိမ)
ဤအရာရှိကြီးများသည် မြန်မာ့အာဏာရ အဝန်းအဝိုင်း အတွင်း သူတို့မိသားစုဘဝများ လုံခြုံရေးအတွက် ယခုကဲ့သို့ လုပ်ဆောင်နေကြခြင်း ဖြစ်သည်ဟု ပါမောက္ခ ရှောင်တားနဲလ် ကပြောသည်။

မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ ဥက္ကဋ္ဌကလည်း အမေရိကန်အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီတွင် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုနှင့်စပ်လျဉ်း၍ သွားရောက်မိန့်ခွန်း ပြောကြားခဲ့သည်။ သူသည် ဤကိစ္စကို နှစ်နှစ်ကာကာ ယုံကြည်သူဖြစ်သည်။

သြစတြေးလျဗဟိုဘဏ် လေ့လာသုံးသပ်သူဟောင်း တဦးကလည်း အာဆီယံ၊ အိန္ဒိယ၊ တရုတ်တို့ကို စစ်အစိုးရ ပြုပြင်ပြောင်းလဲရေးအတွက် သိပ်မျှော်လင့်၍မရကြောင်း၊ သို့သော် စစ်အုပ်စုအတွင်းမှပင် ဤပြုပြင်ပြောင်းလဲမှုများ ပေါ်ထွက်လာမည့် မျှော်လင့်ချက်ရှိနေသည်ဟု ပြောကြားခဲ့သည်။

`အခုလောလောဆယ်ဖြစ်နေတဲ့ တချို့အဖြစ်အပျက်တွေက သိပ်ပြဇာတ်ဆန်တယ်။ စစ်အစိုးရထဲမှာလဲ ယိုပေါက်ဟာပေါက်တွေ အတော်လေးရှိနေတာပဲ။ ဒါပေမဲ့သူတို့က အသာစီးရနေတာ´ ဟု သူကပြောသည်။

နောက်လတွင် ကွန်ဂရက်လွှတ်တော်အမတ်များနှင့်တွေ့ရန် ဝါရှင်တန်သို့သွားရောက်မည့် တားနဲလ်က မြန်မာ့စစ်အစိုးရအတွင်း အကြီးတန်းအရာရှိကြီးများ `သွေးရူးသွေးတန်း´ဖြစ်နေကြပြီဟု ယုံကြည်နေသည်။
`ရွေးကောက်ပွဲနီးလာတာနဲ့အမျှ အားလုံးပြောနေသလိုပဲ ဒီရွေးကောက်ပွဲဟာ အတုအယောင်ပဲဖြစ်မယ်ဆိုတာ ထင်ရှားလာတယ်။ အကြီးတန်းဗိုလ်ချုပ်အများစုကတော့ သူတို့လိုချင်တာရနေတုန်းပဲ´ဟု သူက ဆစ်ဒနီမြို့ရှိ သူ့အိမ်မှပြောကြားခဲ့သည်။

ဤအဓိကပုဂ္ဂိုလ်ကြီးများကို နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ၁၉ဝဝ စုနှစ်များအတွင်း အမေရိကန်နိုင်ငံတွင် တွေ့မြင်ရခဲ့သည့် အဖြစ်အပျက်များလိုပင် မြန်မာ့လူ့အဖွဲ့အတွင်း ထင်ရှားကြီးထွားလာနေသည့် `ဓါးပြဂိုဏ်း´ ဟု သူကပြောသည်။

အမေရိကန်တွင်လည်း စီးပွားရေးသမားများ ငွေအစုလိုက်အပုံလိုက် စုဆောင်းမိခဲ့ကြသည်။ သို့သော် တဘက်မှလည်း အမျိုးသားအမွေအနှစ် အဖွဲ့အစည်းများဖြစ်ကြသော စာကြည့်တိုက်များ၊ ဖောင်ဒေးရှင်းများနှင့် အခြေခံအဆောက်အဦများဖြစ်သော ရထားလမ်းများလည်း ပေါ်ထွက်လာခဲ့သည်။ ထိုခေတ်က အပြုသဘောဆောင်သော ဘေးထွက်အကျိုးများပင်ဖြစ်သည်။

သို့သော်မြန်မာနိုင်ငံတွင်မူ ပကတိအခြေအနေက ပို၍ပင် မျှော်လင့်ချက်မဲ့သေးသည်ဟု တားနဲလ်က ပြောသည်။ `လွန်ခဲ့တဲ့ခြောက်လအတွင်း ကျနော်တို့ တကယ်တမ်းမြင်ခဲ့ရတာကတော့ စီးပွားရေး ရာဇဝတ်ဂိုဏ်းကြီးတွေ ကြီးထွားလာတာပဲ။ ပုဂ္ဂလိကပိုင်ပြုလိုက်တာဟာ တကယ်တမ်းကျတော့ စီးပွားရေးအဆောက်အဦကြီး တခုလုံးကို မြန်မြန်ကြီး ရာဇဝတ်ဂိုဏ်းကြီးဖြစ်အောင် လုပ်လိုက်သလိုပါပဲ´။

`သူတို့ဟာ မာဖီးယားဂိုဏ်းတွေလို ကိုယ့်ကိုယ်ကိုယ် ပိုကာကွယ်လာကြတယ်။ ဒီလိုနဲ့ အမျိုးသားရေး စိတ်ပြင်းထန်တဲ့ စတာလင်ပုံစံ အာဏာရှင်နိုင်ငံကို ရာဇဝတ်ဂိုဏ်းစီးပွားရေး အဆောက်အဦကြီးဖြစ်အောင် မြန်မြန်ကြီး ပြောင်းလဲပစ်လိုက်တယ်။ ဒီလိုနေရာတွေမှာ ဖွံ့ဖြိုးဆဲ စီးပွားရေးနိုင်ငံတွေမှာလို မဟုတ်ဘဲ တသီးပုဂ္ဂလ ပုဂ္ဂိုလ်တယောက်က ပိုပြီးစွမ်းဆောင်နိုင်တယ်´ ဟု သူကပြောသည်။

ဒီတော့ စစ်အစိုးရနဲ့ `အကပ်´ရှိတဲ့သူက တပန်းသာတယ်၊ အခွင့်ထူးတွေရနိုင်တယ်၊ လုပ်ကွက်တွေ ရနိုင်တယ်။ ဒီလိုနဲ့ ဒါကိုပဲ အဓိကထားလုပ်ရင်း ကွာခြားမှုက ကြီးလာတာပဲ။

`ကျနော်တို့ပြောနေတာ ဟွန်ဒိုင်းကားတစီး၊ ဒေဝူးကားတစီးရဖို့ ပြောနေတာမဟုတ်ဘူး´ဟု တားနဲလ်က လစ်ဘရယ်စီးပွားရေးပညာရှင်များ ပြောလေ့ရှိသည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာလျှင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့လည်း ဖြစ်ထွန်းလာလိမ့်မည်ဟူသောအဆိုကို ချေပပြောဆိုသွားခဲ့သည်။ `ဒီလူ (စစ်အစိုးရထံမှ အခွင့်ထူးခံစားရသူတွေ) ဟာ တီထွင်သူတွေလဲမဟုတ်၊ ထုတ်လုပ်သူတွေလဲ မဟုတ်၊ ရိုးရိုးလေးပဲ ကိုယ်ကျိုးအတွက် ဗိုလ်ချုပ်တွေဆီက အခွင့်အရေး တောင်းနေသူတွေပဲ´ ဟု သူကပြောသည်။

ဒီမှာသူတို့အခွင့်အရေးတွေကိုတောင်းဆိုမဲ့ လူလတ်တန်းစားလဲ ရှေ့တန်းကိုထွက်လာနိုင်မှာမဟုတ်ဘူး။ အသစ်တွေ့ရှိလာတဲ့ စားသုံးသူအခွင့်အရေးကို တောင်းဆိုကျင့်သုံးနိုင်မဲ့သူလဲ မဟုတ်ဘူး ဟု သူကပြောသည်။
ပြည်တွင်းပစ္စည်းပြတ်မှာစိုး၍ဟုဆိုကာ ကြက်သွန်နီတင်ပို့မှုကို မကြာမီကပိတ်ပင်ခဲ့သည့် စစ်အစိုးရ၏ ဆုံးဖြတ်ချက်ကို ဗိုလ်ချုပ်ကြီးများ၏ ရာဇဝဝင်တွင်သည့် `ရူးသွပ်မိုက်မဲမှု´အဖြစ် တားနဲလ်က ထုတ်ဖော်ပြောဆိုသည်။

`လယ်သမားတွေက စာချုပ်ချုပ်ပြီးလုပ်တာ၊ ဒီစာချုပ်အရ သူတို့ဘက်က လုပ်ပေးရမှာတွေရှိတယ်။ ခုတော့ ဗိုလ်ချုပ်ကြီးတွေရဲ့ ဆုံးဖြတ်ချက်ကြောင့် စာချုပ်ချိုးဖောက်ရမဲ့ အခြေအနေတွေဖြစ်နေတယ်။ ပြီးတော့ အလားအလာရှိတဲ့ စီးပွါးရေးလုပ်ငန်းတခုလဲ ရိုက်ချိုးခံလိုက်ရတာပဲ´ ဟုလည်း သူကဆက်လက်ပြောဆို ခဲ့သည်။

သူကယခု ကြက်သွန်နီတင်ပို့မှု ပိတ်ပင်ခြင်းကို ယခင်နှစ်အနည်းငယ်က ပဲမျိုးစုံတင်ပို့မှု ပိတ်ပင်ခဲ့မှုနှင့် နှိုင်းယှဉ် ပြောဆိုသည်။ ထိုသို့ပြည်ပတင်ပို့မှု ပိတ်ပင်လိုက်၍ ပဲဈေးကွက်ပျက်သွားသောအခါ ဗိုလ်ချုပ်ကြီးများက အသာလွှတ်ပေးထားလိုက်ပြန်သည်။ ဒီလိုနှင့် ပဲဈေးကွက်လည်း လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း တစုံတရာ ပြန်ကောင်းလာခဲ့သည်။

`စိုက်ပျိုးထုတ်လုပ်သူတွေအတွက် အခြေပျက်မသွားရုံလေး လုပ်နေရုံကလွဲလို့ တခြားလုပ် စရာမရှိဘူး´ ဟုလည်း သူကဆိုသည်။

ဖွံ့ဖြိုးလာရင် မြန်မာပြည်သူတွေအတွက် အခွင့်အရေးတွေ ပိုရလာမယ်၊ အချိန်ကြာလာတာနဲ့အမျှ ပိုမိုညီမျှတဲ့ စနစ်တရပ်လဲ ပေါ်ထွန်းလာလိမ့်မယ်ဆိုတဲ့ အဆိုကိုလဲ တားနဲလ်က ညည်းညူပြောဆိုခဲ့သည်။ `တကယ်တမ်း ဖွံ့ဖြိုးတိုးတက်လာတာဆိုရင်တော့ ဟုတ်ပါတယ်။ ဘာမှမဖြစ်တာနဲ့စာရင် ဒီလောက်ဖြစ်လာတာက တော်သေးတာပေါ့လို့ ပြောရမှာပေါ့။ ဒါပေမဲ့ ဒီဖွံ့ဖြိုးမှုဆိုတာက တကယ်ဖြစ်နေတာမဟုတ်ဘူး´ ဟု သူကပြောသည်။


© Copyright 1998 - 2009 Mizzima News. All Rights Reserved

ပထမဆုံး ခေတ်သစ် အမျိုးသမီး စာရေးဆရာမကြီး ဒဂုန်ခင်ခင်လေး

ထိန်လင်း
သြဂုတ် ၃၀၊ ၂၀၁၀



ဒဂုန်ခင်ခင်လေး (ဓာတ်ပုံ - shwezinu.com)
“ - - - တင်းကျပ်တဲ့ လူမှုအဝန်းအဝိုင်း၊ ရှေးရိုးစွဲ အယူအဆများစွာ ကြားက ဒဂုန်ခင်ခင်လေး လို ထင်ရှားတဲ့ စာပေအနုပညာရှင် ထွက်ပေါ်လာခဲ့တာဟာ မြန်မာအမျိုးသမီးများရဲ့ စွမ်းရည် ဘယ်လောက် ထက်မြက်တယ် ဆိုတာကို ဖော်ပြတဲ့ ဥပမာတစ်ခုလည်း ဖြစ်ပါတယ် - - - ”

ပုဂံခေတ်က စပြီး စာပေ အရေးအသား ထွန်းကားခဲ့တဲ့ မြန်မာပြည်မှာ ကျောက်ထက် အက္ခရာ ရေးထိုးတဲ့ခေတ်၊ ပေထက် အက္ခရာ တင်တဲ့ခေတ်တွေ စသဖြင့် ခေတ်တိုင်းရဲ့ စာပေရေးသားမှုထဲမှာ အမျိုးသမီးများရဲ့ ကမ္ပည်းတင် ရေးသားမှုတွေ ပါဝင်ခဲ့ပါတယ်။ ဆုတောင်းစာ အစရှိတဲ့ ကမ္ပည်းတင် ရေးထိုးမှုများကနေ စာဆိုတော်အဖြစ် ကဗျာလင်္ကာတွေ ရေးသားဖွဲ့သီမှုကို ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိခဲ့တာကတော့ အင်းဝခေတ်မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အမျိုးသား အမျိုးသမီး စာဆိုအများစုက နန်းတွင်းစာဆိုတွေသာ ဖြစ်ပါတယ်။

ခေတ်ပေါ်စာပေ အရေးအသားများ ထွန်းကားလာတဲ့ ၂ဝ ရာစု အစပိုင်းမှာပဲ အမျိုးသားတွေနဲ့ အတူ အမျိုးသမီး စာပေပညာရှင်တွေ ပေါ်ထွက်ခဲ့သလို၊ ကိုလိုနီခေတ် လွတ်လပ်ရေးတိုက်ပွဲ အပါအဝင် ခေတ်တိုင်းမှာ အမျိုးသမီးများရဲ့ ပါဝင်စွမ်းဆောင်မှုတွေက စဉ်ဆက် မပြတ်ခဲ့ပါဘူး။ ဒီလို သမိုင်းမှတ်တိုင်များအတွင်းမှာ ထူးချွန်ထင်ရှားတဲ့ အမျိုးသမီး ပါရမီရှင်တွေ၊ ပညာရှင်တွေ၊ အာဇာနည်တွေလည်း ရှိခဲ့ပြီး အချို့သော ပုဂ္ဂိုလ်များက ခေတ်ဟောင်းကို တော်လှန်ပြီး ခေတ်သစ်ကို ဦးတည်နိုင်တဲ့ လုပ်ဆောင်မှုတွေကိုတောင် ဖန်တီးစွမ်းဆောင်နိုင်သူများ ဖြစ်ပါတယ်။

၂ဝ ရာစု မြန်မာစာပေလောကရဲ့ ပထမဆုံး အမျိုးသမီး စာရေးဆရာမကြီးကတော့ ဒဂုန်ခင်ခင်လေး ဖြစ်ပါတယ်။ ရှေးခေတ် မြန်မာ့လူနေမှုစနစ် အတွင်း မိန်းကလေးဆိုရင် စာရေးဆရာ ဖြစ်ဖို့မဆိုထားနဲ့ စာဖတ်ရင်တောင် ခြင်ထောင်ထဲမှာ ပုန်းရှိုးကွယ်ရှိုး ဖတ်ရသလို၊ ကလောင်ကိုင်ရင်ပဲ ရည်းစားစာ ရေးတယ်လို့ အရိုးစွဲနေတဲ့ အယူအဆတွေနဲ့ ချုပ်ချယ်တားမြစ်ကြတဲ့ အနေအထားကနေ ဒီလို ထွက်ပေါ်လာခဲ့တာဟာ တော်ရုံ အားထုတ်မှုနဲ့ မရပါဘူး။

ပထမ အမျိုးသမီး ကာလပေါ် ဝတ္ထုတိုဆရာ၊ ပထမ အမျိုးသမီး ရုပ်ရှင်ဝတ္ထုနှင့် ဇာတ်ညွှန်းရေးဆရာ၊ ယုဝတီကလောင်ရှင် အမျိုးသမီးများကို မွေးထုတ်ပေးသူ၊ အမျိုးသမီးကလောင်ရှင်အဖွဲ့ကို ဦးဆောင်ခဲ့သူ၊ မြန်မာစာရေးဆရာမများ၏ မိခင် စတဲ့ ဂုဏ်ပုဒ်တွေနဲ့ ချီးမြှောက်ဂုဏ်ပြုခြင်း ခံရတဲ့ ဆရာမကြီး ဒဂုန်ခင်ခင်လေးကို ၁၉ဝ၄ ခုနှစ် ဖေဖော်ဝါရီလ ၂ဝ ရက်နေ့က မန္တလေးမြို့မှာ မွေးဖွားခဲ့ပြီး ၁၉၈၁ ခုနှစ် ဇွန်လ ၂၃ ရက်က ရန်ကုန်မြို့မှာ ကွယ်လွန်ခဲ့ပါတယ်။ သူ့ဖခင်က ရဲအင်စပက်တော် ဦးမြတ်ကျော် ခေါ် ဦးမောင်မောင်ကျော် ဖြစ်ပြီး မိခင်က ဝက်မစွတ်မြို့စား ‘မင်းထင်မဟာစည်သူ’ ဘွဲ့ခံ ဦးလတ်ရဲ့ သမီးလတ်ဖြစ်သူ ဒေါ်ခင်ခင်လတ် ဖြစ်ပါတယ်။

အဘိုးဖြစ်တဲ့ ဝက်မစွတ်မြို့စားမင်းက မြေးဖြစ်သူကို ချစ်လွန်းလို့ အဘွားရဲ့ အမည်အတိုင်း ခင်လေးခင် လို့ မှည့်ခေါ်ခဲ့ပေမယ့် အဘိုးအဘွားအမည်ကို ကိုယ့်အမည်အဖြစ် အသုံးပြုရင် ရိုင်းရာကျမှာစိုးလို့ ‘ခင်ခင်လေး’လို့ အမည်ပြောင်းလဲခဲ့ပါတယ်။ ပဒေသရာဇ်ဆန်တဲ့ မှူးမတ်မျိုးရိုးက ဆင်းသက်လာတဲ့ ဆွေမျိုးအသိုင်းအဝိုင်းမှာ ကြီးပြင်းခဲ့ရပေမယ့် ဘုရားချင်း မျိုးမွှန်အောင် ထူးနေရတဲ့ အစဉ်အလာကို လက်မခံသလို၊ ဘုရားတရားနဲ့ ပတ်သက်တဲ့စာကလွဲလို့ ဘယ်စာမှာ မဖတ်စေလိုတဲ့ အသိုင်းအဝိုင်းကြားမှာပဲ စာရေးဆရာမတစ်ဦး ဖြစ်လာတာဟာ ဒဂုန်ခင်ခင်လေးရဲ့ ထက်မြက်မှုနဲ့ အရည်အချင်းတွေ ဖြစ်ပါတယ်။

ကျောက်ပန်းတောင်း၊ မကွေး၊ ရွှေဘို တို့မှာ ပညာသင်ကြားခဲ့ပြီး အသက် ၁၂ နှစ်အရွယ်မှာ စတင် ရေးသားပေးပို့ခဲ့တဲ့ ‘နဲ့နဲ့’ ဆိုတဲ့ ဝတ္ထုတိုကလေးက သူရိယမဂ္ဂဇင်းရဲ့ ဝတ္ထုတိုပြိုင်ပွဲမှာ အကောင်းဆုံးအဖြစ် အရွေးခံရပြီး ၁၉၁၇ ခုနှစ်ထုတ် သူရိယမဂ္ဂဇင်း အတွဲ ၁၊ အမှတ် ၆ မှာ ဖော်ပြခံခဲ့ရပါတယ်။ သူရိယ မဂ္ဂဇင်းမှာ ဝတ္ထုတိုတွေ ဆက်လက်ရေးသားခဲ့ပြီး ၁၉၂ဝ ပြည့်နှစ်က စပြီး ဒဂုန်မဂ္ဂဇင်းမှာ ဆောင်းပါးတွေ၊ ဝတ္ထုတိုတွေ ရေးသားခဲ့ပါတယ်။ ကလောင်အမည်လည်း ဒဂုန်ခင်ခင်လေး ဖြစ်လာပါတယ်။

ဒဂုန်ခင်ခင်လေးရဲ့ ကလောင်အမည်တွေကတော့ ကလောင်ရှင်တစ်ဦး၊ K.L.K (ကုမ္မာရီ)၊ K.L.K (Mandalay)၊ ကိုကိုလေး၊ ကုမ္မာရီ၊ ခင်ခင်လေး၊ ခင်လေး၊ ဒဂုန်ခင်ခင်လေး၊ နားကြီးမျက်စိကြီး၊ မြကလောင်၊ ယုဝတီလေးနီ၊ ယုဝတီအယ်ဒီတာတစ်ဦး၊ ရတနာပုံ ထိပ်တင်လှိုင်၊ ရေနန်းသူဇာ၊ ရွှေကလောင်၊ အာဘောင်နီ တို့ ဖြစ်ပါတယ်။ (K.L.K ဆိုတာ သူ့အမည် ခင်လေး နဲ့ ကုမ္မာရီ ကို အတိုကောက်ပြုထားတာလို့ သိရပါတယ်။)

အသက် ၁၇ နှစ်အရွယ် ၁၉၂၁ ခုနှစ်မှာတော့ ‘မိန်းကလေးများသာ ဦးစီးထုတ်ဝေသည်’ လို့ ကြော်ငြာခဲ့တဲ့ ‘ကြည်တော်ဆက်’ဝတ္ထုမဂ္ဂဇင်းကို ဦးစီးထုတ်ဝေခဲ့ပါတယ်။ ဒီမဂ္ဂဇင်းဟာ မြန်မာအမျိုးသမီး စာရေးဆရာတွေ ဦးစီးထုတ်ဝေတဲ့ မဂ္ဂဇင်းတွေထဲမှာ အစောဆုံး ဖြစ်ပါတယ်။ အဲဒီနှစ်မှာပဲ မြန်မာအဆွေ ကုမ္ပဏီအတွက် ရုပ်ရှင်ဇာတ်ညွှန်းတွေ စတင် ရေးသားခဲ့ပြီး ဒဂုန်ခင်ခင်လေး ဆိုတဲ့ အမည်က ပိုပြီး ထင်ရှားလာပါတယ်။

၁၉၂ဝ ကျောင်းသားသပိတ်အတွင်း ဝံသာနု နိုင်ငံရေးဆောင်းပါးတွေကို ဗန္ဓုလဂျာနယ်၊ ဗဟိုရ်စည်ဂျာနယ်၊ ဟုမ္မရူးသတင်းစာတို့မှာ ရွှေကလောင်၊ မြကလောင် ဆိုတဲ့ ကလောင်အမည်တွေနဲ့ ရေးသားခဲ့ပါတယ်။ နိုင်ငံရေးလှုပ်ရှားမှုတွေ ပြင်းထန်လာတဲ့အခါမှာတော့ ဆရာမကြီးက သူ့ဝတ္ထုတွေကို ထုတ်ဝေပေးတဲ့ ဝဇီရာမဏ္ဍလ ပုံနှိပ်တိုက်ပိုင်ရှင် ဒေါ်ရွက်ရဲ့ ဟုမ္မရူးသတင်းစာမှာ ‘ဟုမ္မရူးလမ်းညွှန်’ အခန်းကို လျှို့ဝှက်နာမည်နဲ့ ရေးသားခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ် ဖြစ်ခါနီးမှာ ဖက်ဆစ်ဆန့်ကျင်ရေးကို ဦးတည်တဲ့ ‘စစ်ရောင်ခြည်’ နဲ့ ‘ကမ္ဘာ့ရန်သူ’ဝတ္ထုတို့ကို ရေးသားခဲ့ပြီး ၁၉၃၇ ခုနှစ်မှာ နယ်ချဲ့ဆန့်ကျင်ရေးကို ဖော်ကျူးတဲ့ ‘တောတွင်းသူပုန်’ ဆိုတဲ့ ဝတ္ထုကို ရေးသားခဲ့တဲ့အတွက် အင်္ဂလိပ်အစိုးရရဲ့ သတိပေးခြင်းကို ခံခဲ့ရပါတယ်။ ၁၉၃၃ မှာ ထုတ်ဝေခဲ့တဲ့ ရွှေစွန်ညို ဝတ္ထုဟာလည်း နယ်ချဲ့ဆန့်ကျင်ရေး ဝတ္ထုဖြစ်ပါတယ်။

ဒဂုန်ခင်ခင်လေးဟာ တိုင်းပြုပြည်ပြုပုံနှိပ်တိုက်၊ ဒဂုန်ခင်ခင်လေး စာအုပ်တိုက်တို့ကို ထူထောင်ပြီး စာပေထုတ်ဝေရေးလုပ်ငန်းတွေ လုပ်ကိုင်ခဲ့သလို ဗမာ့ခေတ်သတင်းစာ၊ ယုဝတီ နေ့စဉ်သတင်းစာ၊ ယုဝတီဂျာနယ် များကိုလည်း ထုတ်ဝေခဲ့ပါတယ်။ ယုဝတီဂျာနယ်ကနေ ယုဝတီကလောင်ရှင်ဘွဲ့၊ ယုဝတီဘွဲ့တွေ ချီးမြှင့်ပြီး အမျိုးသမီး ကလောင်ရှင်အများအပြားကို မွေးထုတ်ပေးခဲ့ပါတယ်။ ဒါကို ကလောင်အမည်ရှေ့မှာ ယုဝတီ တပ်ပြီး ဒီကနေ့အထိ စာပေရေးသားနေတဲ့ အမျိုးသမီး စာရေးဆရာတွေက သက်သေခံနေပါတယ်။ စာရေးဆရာမကြီး စောမုံညင်းကလည်း သူ့ရဲ့ ‘ဗမာအမျိုးသမီး’ စာအုပ်မှာ ဒဂုန်ခင်ခင်လေးကို မိခင်ကြီးအဖြစ် သုံးနှုန်းရေးသားခဲ့တာ တွေ့ရပါတယ်။

ဆရာမကြီး ဒဂုန်ခင်ခင်လေးဟာ အမျိုးသမီးကလောင်ရှင်အဖွဲ့ကို ထူထောင်ပြီး ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ အပြင် စာရေးဆရာအသင်းရဲ့ အမှုဆောင်အဖြစ်လည်း အကြိမ်ကြိမ် ဆောင်ရွက်ခဲ့ပါတယ်။ မြန်မာစာကော်မရှင် အဖွဲ့ဝင်၊ ရုပ်ရှင်ဆင်ဆာအဖွဲ့ဝင် အဖြစ် ဆောင်ရွက်ခဲ့တာတွေလည်း ရှိတယ်လို့ သိရပါတယ်။

ဆရာမကြီးဟာ ဝတ္ထု၊ ဆောင်းပါး၊ ပြဇာတ် စသဖြင့် စာပေါင်းမြောက်မြားစွာ ရေးသားခဲ့ပြီး ဒီကနေ့အထိ ထုတ်ဝေပြီးတဲ့ စာအုပ်ပေါင်း ၇ဝ လောက် ရှိပါတယ်။ စာရေးဆရာ ကျော်သန်းမြင့် (ဗန်းမော်) ရေးသားတဲ့ ‘သမိုင်းဖြစ်စဉ်ထဲက တစေ့တစောင်း ပုံရိပ်များ’ စာအုပ်မှာတော့ ဒဂုန်ခင်ခင်လေးရဲ့ စာပေသက်တမ်းတလျှောက် ဝတ္ထုတို ဝတ္ထုရှည် ၅ဝဝ ကျော်၊ ဆောင်းပါး ၁၅ဝဝ ကျော်၊ ရုပ်ရှင်ဇာတ်ညွှန်း ၁ဝ ပုဒ် ရေးသားပြုစုခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ၂ဝဝ၃ ခုနှစ်မှာ ထုတ်ဝေတဲ့ ဒဂုန်ခင်ခင်လေး ရဲ့ ‘ရတနာပုံ၏ နိဒါန်း နှင့် နိဂုံး’ စာအုပ်အဖွင့်မှာ ဖော်ပြထားတဲ့ အတ္ထုပ္ပတ္တိမှာတော့ ဒီကနေ့ထိ သူ့လောက် စာရေးနိုင်သူ အမျိုးသမီး စာရေးဆရာမ မြန်မာစာပေလောကမှာ မပေါ်သေးဘူး လို့ ဆိုထားတာ တွေ့ရပါတယ်။ အဲဒီစာအုပ်ဟာ ရတနာပုံခေတ် မင်းတုန်းမင်းနဲ့ သီပေါမင်းတို့လက်ထက် နန်းတွင်းရေးတွေကို အဘိုးဖြစ်သူ ဝက်မစွတ်မြို့စားရဲ့ နေ့စဉ်မှတ်တမ်းကို အခြေခံရေးသားထားတဲ့ မှတ်တမ်းဖြစ်ပါတယ်။ ဒီစာအုပ်အတွင်းက မှတ်တမ်းမှတ်ရာတွေနဲ့ အရေးအသားများကို ဖတ်ရှုရင်ပဲ စာရေးဆရာမကြီး ဒဂုန်ခင်ခင်လေးရဲ့ အရည်အချင်းကို မှန်းဆနိုင်မှာဖြစ်ပါတယ်။ ရေးသား ထုတ်ဝေခဲ့တဲ့ စာအုပ်တွေထဲမှာ ရွှေစွန်ညိုဝတ္ထု၊ စာဆိုတော်ဝတ္ထု၊ နှစ်ပေါင်းခြောက်ဆယ် စာအုပ်တို့ ထင်ရှားပါတယ်။

တင်းကျပ်တဲ့ လူမှုအဝန်းအဝိုင်း၊ ရှေးရိုးစွဲ အယူအဆများစွာ ကြားက ဒဂုန်ခင်ခင်လေး လို ထင်ရှားတဲ့ စာပေအနုပညာရှင် ထွက်ပေါ်လာခဲ့တာဟာ မြန်မာအမျိုးသမီးများရဲ့ စွမ်းရည် ဘယ်လောက် ထက်မြက်တယ် ဆိုတာကို ဖော်ပြတဲ့ ဥပမာတစ်ခုလည်း ဖြစ်ပါတယ်။



မြန်မာပြည်သူများ အေးချမ်းတဲ့ အရိပ်အောက်မှာ နေထိုင်ခွင့် ရရှိပါစေ။

ကျေးဇူးတင်ပါတယ်။

ထိန်လင်း (၂၆၊ ၁၊ ၂ဝ၁ဝ)



(နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ၏ ၂၀၁၀၊ ဖေဖော်ဝါရီ ၂ ရက်နေ့ ထုတ်လွှင့်ချက်အား ပြန်လည် ဖော်ပြပါသည်)

© 2010 MoeMaKa Radio & Multimedia

နအဖစစ်တပ်တွင်း ရာထူးအရွှေ့အပြောင်းများ (လျှို့ဝှက်..)

ဒီမှာ Download လုပ်ပြီးကြည့်ကြပါ.(Click)....
http://www.mediafire.com/?32ul3xjogw3laot

သတင်း-- ဒီမိုဝေယံ

Sunday, August 29, 2010

ဦးတင်ဦး နိုင်ငံရေး စည်းရုံးရေးခရီးထွက်

စနေ, 28 သြဂုတ် 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ခြင်း မရှိပေမဲ့ နိုင်ငံရေးပါတီအဖြစ်နဲ့ ဆက်လက် တည်ရှိနေပြီး နိုင်ငံရေး လုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဒုဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။ ဦးတင်ဦးနဲ့ NLD ခေါင်းဆောင်တချို့ မြစ်ဝကျွန်းပေါ်ဒေသ ခရီးစဉ်အတွင်း ပုသိမ်မြို့ကို ရောက်နေတဲ့အချိန်မှာ အခုလို ပြောကြားလိုက်တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

NLD ဒုဥက္ကဋ္ဌ ဦးတင်ဦးနဲ့ ဗဟိုကော်မီတီဝင်တချို့ ပုသိမ်မြို့နဲ့ အနီးအနား ပတ်ဝန်းကျင်မှာရှိတဲ့ မြို့နယ်အသီးသီးက အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံအပြီးမှာ အဖွဲ့ချုပ်ဟာ နိုင်ငံရေး အဖွဲ့အစည်းအဖြစ်နဲ့ ဆက်လက် တည်ရှိနေသေးတဲ့အကြောင်း ဦးတင်ဦးက ပြောလိုက်တာပါ။

“အခုလောလောဆယ်မှာ အဖွဲ့ချုပ်က နိုင်ငံအရေး၊ ပါတီအရေးတွေနဲ့ ဘယ်သူတွေ ဘာပဲပြောပြော နိုင်ငံရေးအဖွဲ့အစည်းအရ ရှိတယ်။ သူတို့လည်းပဲ သူတို့ဘက်က ဒီဟာနဲ့ပတ်သက်တာကို လုံးဝ ခံယူထားတယ်။ အဲဒီတော့ နိုင်ငံရေး အဖွဲ့အစည်းတရပ် အနေနဲ့ နိုင်ငံရေးကိစ္စ အ၀၀ကို လုပ်ရမယ်။ ဆိုလိုတာကတော့ဗျာ နိုင်ငံရေးအဖွဲ့အစည်းကို အထူးသဖြင့် ပိုမို ကျစ်ကျစ်လျစ်လျစ်နဲ့ ပိုပြီး ဖြစ်သင့်တာဖြစ်အောင် လုပ်နိုင်မယ့်ကိစ္စကို ပိုပြီးတော့ ၀ိုင်းဝန်းကြမယ်ပေါ့။ နောက်ပြီးတော့ အခြားအခြားသော အင်အားစုတွေကိုလည်း သူတို့အားလုံးနဲ့ ပိုမို ညှိနှိုင်းဆောင်ရွက်ဖို့အကြောင်းပေါ့။ ကျနော်တို့ အဖွဲ့ချုပ်က အခုလုပ်နေတဲ့ကိစ္စတွေနဲ့ပတ်သက်လို့ နိုင်ငံရေးကိစ္စအ၀၀တွေ ရှိပါတယ်။”

အဖွဲ့ချုပ် လုပ်ဆောင်နေတဲ့ နိုင်ငံရေးကိစ္စ အရပ်ရပ်ဆိုတာကတော့ နိုင်ငံရေး ရည်မှန်းချက်ရှိတဲ့ လူမှုအထောက်အကူပြု လုပ်ငန်းတွေကို ဆိုလိုတာဖြစ်တဲ့အကြောင်း ဦးတင်ဦးက ပြောပါတယ်။ ဒါ့အပြင် နေရာအရပ်ရပ်မှာ လယ်ယာမြေ အတင်းအဓမ္မ သိမ်းဆည်း ခံနေရတာတွေ ကိုလည်း ILO နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ်နဲ့ ညှိနှိုင်း တိုင်ပင်ပြီး ဥပဒေနည်းလမ်းအရ ကူညီ လုပ်ဆောင်ပေးသွားဖို့ စီစဉ်နေတဲ့ အကြောင်း ဦးတင်ဦးက ပြောပါတယ်။

“နေရာအရပ်ရပ်မှာရှိတဲ့ လယ်ယာမြေတွေကို သိမ်းသွင်းတဲ့ကိစ္စတွေ မိုးကုတ်ဘက်က ကိစ္စတွေ၊ ဧရာဝတီတိုင်းဘက်က ကိစ္စတွေ ဒါတွေအပေါ်မှာလည်း ပြည်သူတွေဘက်ကနေပြီးတော့ ရပ်တည်ပြီးတော့ ဖြေရှင်းဆောင်ရွက်သွားမယ် ဆိုတာတွေကို ကျနော်တို့ လူထုအတွက် ဆောင်ရွက်နေတဲ့ကိစ္စအ၀၀ အဖြစ် ဆက်လက်ပြီး ဆောင်ရွက်သွားမှာတွေကိုလည်း လုပ်ငန်းတွေ ချမှတ်ပြီး ကျနော်တို့ ပြောကြဆိုကြ လုပ်ခဲ့တာပါ။ ဒါတွေအပေါ်မှာ အများကြီး ရှိပါတယ်။ သဘောကတော့ဗျာ နိုင်ငံရေးပါတီတရပ်အနေနဲ့ နိုင်ငံရေးအရကို ပြည်သူကြားထဲ ၀င်ပြီးတော့ လှုပ်ရှားမယ့်ကိစ္စရပ်တွေကို ကျနော်တို့က လုပ်ငန်းလမ်းစ ဖော်ပေးတဲ့အတွက် သူတို့ တက်တက်ကြွကြွနဲ့ ပါဝင်ဆောင်ရွက်ကြရမယ်ဆိုတဲ့အပိုင်းတွေမှာလည်း ဒီထက် တိုးတက်ပြီးတော့ လုပ်ရမယ်ဆိုတာတွေ ပါပါတယ်။ ဆောင်ရွက်နိုင်စွမ်း ရှိတဲ့ဟာတွေကိုလည်း ဥပဒေ အထောက်အကူပိုင်းနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်။”

နယ်တွေမှာရှိကြတဲ့ NLD အဖွဲ့ဝင်တွေဟာ မီဒီယာတွေကတဆင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညွန်ကြားချက်ကို အချိန်နဲ့တပြေးညီ ကြားသိရပြီး ဖြစ်တဲ့အကြောင်းနဲ့ အဖွဲ့ချုပ်ရဲ့ ဦးဆောင်မှု အောက်မှာ ဆက်လက် ရပ်တည်သွားကြဖို့ ပြန်လည် ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို တနေ့တုန်းက ဦးကဉာဏ်ဝင်း သွားတွေ့ပြီး ပြန်လာတဲ့ထဲမှာ ပြောတဲ့ တချို့အချက်အလက်တွေကိုလည်း သူတို့ သဘောပေါက်ကတယ်။ သူတို့သိတယ်။ သူတို့က ပြောပါတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး သူတို့သိတယ်တဲ့။ သူတို့က မီဒီယာတွေနဲ့ ပတ်သက်တာကို အားလုံး နားထောင်တော့ ကျနော်တို့ပြောတဲ့ကိစ္စရပ်တွေကို သူတို့အားလုံး သိပြီးသားတွေပါပဲ။ အချက်အလက်တွေ အပေါ်မှာ သူတို့ ကြားပြီးပြီ။ ကြားနာပြီး သိပြီးပြီ။ နားလည်ပြီး သဘောပေါက်ပြီးပြီ။ အဓိပ္ပါယ်ကတော့ ခုနကပြောတဲ့ NLD ကို ပေးချင် တာကို ပေးစရာမရှိရင် မပေးနဲ့ပေါ့ဆိုတောတွေ သူတို့ အကုန်လုံး သိပါတယ်။ အဲဒီတော့ မီဒီယာရဲ့ ကျေးဇူးလည်း အများကြီး ရှိတယ် ပေါ့ဗျာ။ ကျနော်တို့ ပြောတာတွေအားလုံးကို မီဒီယာတွေကလည်း ကြားပါတယ်။ အထူးသဖြင့် ကျနော်တို့ အဖွဲ့ချုပ်က လူကြီးတွေ ပြောတဲ့ စကားကို သူတို့အားလုံးကြားတယ်။ သူတို့အားလုံး နားထောင်ပြီးတော့ သိသင့်သိထိုက်တာတွေ သိရတဲ့အတွက် ဆောင်ရွက်ရမယ့် တချို့ ကိစ္စတွေကိုလည်း နားလည်ပါတယ်တဲ့။ အဲဒီတော့ ကျနော်တို့ ခုနကပြောခဲ့တဲ့ ရွေးကောက်ပွဲ ကျင်းပတဲ့အချိန်မှာ ဘယ်လို သဘော သဘာဝနဲ့ ရပ်တည်ရမယ်ဆိုတာကလည်း အခု သူတို့ ရှင်းလင်းပြောပြတဲ့အထဲမှာ နားလည်ကြတယ် ဆိုတဲ့သဘော အတိုင်းအတာ တခု သူတို့ရှိကြတယ် ဆိုတဲ့သဘောမျိုး သူတို့ ပြောကြပါတယ်။”

ဦးတင်ဦးနဲ့အတူ အဖွဲ့ချုပ် ဗဟိုကော်မီတီဝင် ဦးဝင်းမြင့်နဲ့ ဦးလှဖေတို့လည်း လိုက်ပါ သွားကြတယ်လို့ သိရပါတယ်။

ဦးတင်ဦးဟာ ဇာတိမြေဖြစ်တဲ့ ပုသိမ်မြို့ကို နှစ်ပေါင်း ၂၄ နှစ်အတွင်းမှာ ပထမဆုံးအကြိမ် ပြန်ရောက်ခဲ့တာဖြစ်ပြီး အဲဒီကမှတဆင့် တခြား ဧရာဝတီတိုင်းအတွင်းက မြို့နယ်တွေမှာရှိကြတဲ့ NLD အဖွဲ့ဝင်တွေကို သွားရောက် တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။


VOA

ဗိုလ်မှူးအောင်လင်းထွဋ်ပြောပြတဲ့ ဗိုလ်ချုပ်ကြီးသူရမြင့်အောင် ဗိုလ်ချုပ်ကြီးကိုကို ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နဲ့ ဗိုလ်ချုပ်မှူးကြီးတို့တတွေ အကြောင်း..









သတင်း-- မြတ်လေးငုံ

" မြန်မာပြည်နိုင်ငံရေးပါတီ-အဖွဲ့အစည်း-အသင်းအပင်းများအညွှန်း"

မြန်မာပြည်နိုင်ငံရေးပါတီ အဖွဲ့အစည်း အသင်းအပင်းများအညွှန်း..

သတင်း- မြတ်လေးငုံ

Saturday, August 28, 2010

ကိုဂျက်၏တွေးမိတာလေးများ

Wednesday, 25 July 2007
Biruma No Tategoto ၅ တန်းကျောင်းသားဘ၀က အနှစ်သက်ဆုံး ၀တ္ထု ဆိုတဲ့ခေါင်းစဉ်နဲ့ စာစီစာကုံးတပုဒ်ကို ဆရာမက ရေးခိုင်း ဖူးတယ်။ဒီတုန်းက ၀တ္ထုဆိုတာဘာမှန်းတောင်သိတာ မဟုတ်ဘူး။ ကာတွန်းတွေပဲဖတ်တာ။ ဒီတော့ ဒုတ်ခနဲ့ လှလှ တွေ့ပါလေရော။ ၀တ္ထုတွေအကုန်လုံး လိုက်ဖတ်လို့လည်း အချိန်ကမရ။ အဖေနဲ့ အမေကလည်း ၀တ္ထုဆိုလုံးဝမဖတ်။နောက်ဆုံးတော့ ကိုယ်နဲ့သိတဲ့ မြန်မာစာဋ္ဌာနက ဆရာမတယောက်ကို သွားမေးတော့ သူက ဂျာနယ်ကျော်မမလေးရဲ့ သွေး ကိုညွှန်းတယ်။ ဇတ်လမ်းလေးကို အတိုချုံ့ ပြောပြတော့ ပိုစိတ်ဝင်စားတယ်။ ဖတ်ကြည့်တော့လည်း ကြိုက် တယ် ။ ဒီတုန်းက ဖတ်လို့ကောင်းလို့ ကြိုက်တာကတမျိုး ၊ အဖွားလေးရဲ့ ဂျပန်ခောတ် ကိုယ်တွေ့ တွေကိုကြားဖူးထားလို့ ကြိုက်တယ်ဆိုတာထက်မပိုဘူး။ ဒီတုန်းကသာမန် ၀တ္ထုတခု လိုပဲ သဘောထားခဲ့တယ် ။ ပထမဆုံးဖတ်ဖြစ်ခဲ့တဲ့ သွေးဝတ္ထုကို နောက် ၇ နှစ် ၈ နှစ်ကြာပြီးမှ တခါပြန်ဖတ်ရတဲ့အခါ ဆရာမကြီးရဲ့စေတနာကို နားလည်လာပါတယ်။

ဒီဝတ္ထုက မြန်မာပြည်မှာ ကျော်ကြားရုံမက ဂျပန်မှာပါအောင်မြင်ခဲ့ပါတယ်။ ဂျပန်လူမျိုး တွေသိတဲ့ မြန်မာပြည်ဆိုတာ သွေးဝတ္ထုကစတယ်လို့ထင်ခဲ့ပါတယ်။ ဒါပေမဲ့ ဂျပန်မှာ စာပေ အနေနဲ့ရော ရုပ်ရှင်အနေနဲ့ပါအောင်မြင်ခဲ့တဲ့ဝတ္ထု တပုဒ်ရှိပါသေးတယ်။ ဒီစာအုပ်က စာရေးဆရာကြီး ထာကဲရာမမိကျိအိုး ရဲ့ ဘိရုမာနို့ထတဲ ခေါ်တဲ့ မြန်မာ့စောင်း ပါ ခင်ဗျာ။ ဒီစာအုပ်နဲ့ ရုပ်ရှင်ကြောင့် မြန်မာပြည်ကို ပိုသိ ပိုချစ်လာခဲ့ပြီး ဆရာမကြီး ဂျာနယ်ကျော် မမလေးရဲ့ ၀တ္ထု မှာတော့ အသဲစွဲခဲ့ကြတယ်ထင်ပါတယ်။ မြန်မာ့စောင်း က လည်းဖြစ်ရပ်မှန် မဟုတ်ပါဘူး။ဒီဝတ္ထုထဲမှာပါတဲ့ ဂီတ၀ါသနာပါတဲ့ တပ်စိတ်ကလေးကတော့ တကယ်ရှိခဲ့ပါ တယ်။သူတို့ပြောပြတဲ့ အတွေ့အကြုံတွေကို အခြေခံပြီး ရေးခဲ့လို့ထင်တယ် အတော် လေးဖတ်လို့ကောင်းတယ်။သနားစရာလည်းကောင်းပါတယ်။ဝမ်းလည်းနည်းရပါတယ်။ဒီဝတ္ထုရဲ့ အဓိကဇတ်ကောင်ကတော့ မီဇူရှီးမားဆိုတဲ့ စစ်သားလေးပါ။
ဂျပန်တပ်စိတ်မှုး ဗိုလ်ကြီးက ဂီတကျောင်းကနေ အောင်ခါစ လူငယ်ပညာတတ်၊ ဒီတော့ သူ့တပ်သားတွေအကုန်လုံကို သီချင်းဆိုလေ့ကျင့်ခိုင်းတယ်။ သီချင်းဆိုရင်လည်း အဆင့်နိမ့်တဲ့ သီချင်းတွေမဆိုကြဘူး။တကယ့်ကိုခက်ရာခက်ဆစ် သီချင်းတွေကိုပဲ လေ့ကျင့် သီဆိုကြတယ်။သူတို့တွေက စိတ်ညစ်တဲ့အခါ ၊ဘယ်တိုက်ပွဲမှာ သေမယ်မှန်း မသိတဲ့အခါတွေ မှာ ရင်ထဲမှာရှိတဲ့ သီချင်းတွေကို အားရပါးရဆိုကြတယ်။ ဗိုလ်ကြီးရဲ့ အားအကိုးရဆုံး ကတော့ တပ်ကြပ်ကလေး မီဇူရှီမား။သူက တပ်ထဲရောက်မှ ဂီတကို စထိတွေ့ဖူးပေမဲ့ ဂီတအထုံရှိတော့ အတော်လေးပေါက်မြောက်တယ် ။
သူတို့တပ်သားတွေအကုန်လုံး တူရိယာ ပစ္စည်းတွေကို တွေ့ရာ ၀ါး ၊ လက်နက်တွေနဲ့ လုပ်တယ်။ ဒီထဲမှာ မြန်မာ့စောင်းကို အတုခိုးပြီးလုပ်ထားတဲ့ မီဇူရှီမား ပိုင် စောင်းတလက်ရှိ တယ်။ သူတို့က မြန်မာပြည်ကနေ ပြန်ဆုတ်နေရတဲ့အချိန်ဆိုတော့ အရှေ့ဘက်မှာရှိတဲ့ ယိုးဒယားကို ပြေးတယ်။ လမ်းမှာကင်းထောက်စရာရှိရင် မီဇူရှီမား ကို ရှေ့ပြေးလွှတ်တယ်။မီဇူရှီမားက ဂျပန်လူမျိုးဆိုပေမဲ့ အသားကညိုတယ်၊ နေလောင်ထားတော့ပိုဆိုး ၊မျက်နှာပုံစံ ၊အရပ်အမောင်းအားလုံးဗမာနဲ့ တပုံစံထဲ။ဗမာ အ၀တ်အစားဝတ်လိုက်ရင် ခွဲလို့မရအောင်တူတယ်။ စောင်းတီးလည်းကျွမ်းတော့ စောင်းသမား သတောင်းစားဟန်ဆောင်ပြီး ကင်းထောက်တယ်။ သူ့ရဲဘော်တွေက မင်းမြန်မာပြည်မှာနေခဲ့ ရင် မြန်မာလူမျိုးတွေအကုန်လုံးဝိုင်းချစ်ကြလိမ့်မယ်ပြောတော့ သူက “ကျွန်တော်ဟာ မီယန်မာ လူမျော၊ မီယန်မာဟာ တိတ်ကောင်းတဲ့တိုင်းပြည်”လို့ အမြဲပြောနေကြ။
တနေ့မှာ သူတို့တတွေဟာ ဂျပန်ပြည် လက်နက်ချလိုက်ပြီဆိုတဲ့ စာတွေကို လေယာဉ်ပျံနဲ့ ကျဲချတဲ့အခါ ရရှိခဲ့ကြတယ်။ နောက်ဆုံးမှာ ရန်သူအ၀ိုင်းခံရပြီး အပစ်အခတ်မရှိလက်နက်ချခဲ့ကြတယ်။ ဒါပေမဲ့ တခြားတနေရာမှာရှိတဲ့ ဂျပန်တပ်တတပ်က စစ်ပြီးပေမဲ့ အသေခံချနေလို့ မီဇူရှီမားရဲ့ ဗိုလ်ကြီးက သူ့ကို သံတမန်လုပ်ခိုင်းပြီး လက်နက်ချဖို့သွားပြောခိုင်းတယ်။ တာာဝန်ပြီးရင်တော့ မုဒုံ သုံ့ပန်းစခန်းကို ၃ လ အတွင်း ပြန်လာဖို့ အမိန့်ပေးလိုက်တယ်။
အချိန်တွေသာကုန်သွားတယ် မီဇူရှီမား ကတော့ မလာတော့ပါဘူး ။သူ့အစား ပခုံးမှာ ကြက်တူရွေးတင်ထားတဲ့ မြန်မာ ဘုန်းတော်ကြီးတပါး ကိုပဲတွေ့ရတယ်။ မီဇူရှီမား သူရဲကောင်းပြီသစွာ ကျဆုံးခဲ့ပြီလို့ ထင်ထားတဲ့အချိန်မှာ သူနဲ့ချွတ်စွတ်တူတဲ့ မြန်မာဘုန်းကြီးလေးကိုတွေတဲ့အချိန်မှာ သူတို့တွေ ဟာ သံသရ၀င်လာပြီး စုံစမ်းခဲ့ကြပါတယ်။ နောက်ဆုံး ဂျပန်တပ်တွေ အမိမြေပြန်တော့မယ့် အချိန်မှာ သူတို့ သိပ်ချစ်တဲ့ မီဇူရှီမား ကို ရှာတွေ့ခဲ့ကြတယ်။ဟန်မဆောင်နိုင်တော့ တဲ့ ဘုန်းကြီးတဖြစ်လည်း မီဇူရှီမား ဟာ သူ့တပ်သားတွေ ကို စောင်းနဲ့ အားရစွာ သီဆိုပြီး သူတို့နဲ့ဝေးရာကို ထွက်သွားပါတော့တယ်။
မီဇူရှီမား ဘာကြောင့် ဒီလိုလုပ်တယ်ဆိုတာကို သိချင်ရင်တော့ ဆရာရဲမြင့်လွင်ရေးတဲ့ မြန်မာ့စောင်း ၀တ္ထုကိုသာ ၀ယ်ဖတ်ကြပါ။ ကိုဂျက်ပြောရင်အရသာပေါ့မှာစိုးလို့မပြောတာ့ဘူး ။
လွန်ခဲ့တဲ့ ၂ နှစ် ၃နှစ်လောက်က ကျောင်းသားတွေစုပြီး တောင်ကြီး၊အင်းလေး၊ ပင်းတယ ခရီးထွက်ခဲ့ကြတယ်။အပြန်ကျတော့ အချိန်ပိုတာ နဲ့ မန္တလေး မ၀င်ပဲ မိတ္ထီလာထင်တယ်၊ အဲ့ဒီကိုဝင်တယ်။ ဘယ်ကိုရောက်လည်းဆိုတော့ ဂျပန်၊မြန်မာ ကမ္ဘာအေး နဂါးရုံမဟာဗောဓိ စေတီတော်ကြီး ကိုရောက်တယ်၊ ဒီစေတီမှာ နဂိုက ဂျပန်စစ်သားတယောက် ဘုန်းကြီးဝတ်ပြီး သီတင်းသုံခဲ့တယ်၊ မွေးရပ်မပြန်ဘူး ။ သူ့မိခင်တပ်ကလည်း ကျဆုံးစရင်းထည့်ထားတယ်။ တကယ်တော့ သူက အကြောင်းအမျိုးမျိုး ကြောင့် ဘုန်းကြီးဝတ်ပြီးနေခဲ့တယ် ။ ဘယ်သူမှလည်းသူ့ကို ဂျပန်မှန်းမသိဘူး။ သူပျံ လွန်ပြီးတော့ သူ့မွေးရပ်မှာရှိတဲ့ အမျိုးတွေကို အိမ်မက်ပေးတယ်။ သူ့အမျိုးတွေ မြန်မာပြည်ကို လိုက်လာပြီး သူအိမ်မက်ပေးတဲ့ နေရာကို ရှာတော့ အခုပြောတဲ့ နေရာကိုတွေ့ရှိခဲ့ကြတယ်။ နောက်တော့ ချစ်ကြည်ရေးစေတီတည်ပြီး ၁ နှစ် ၁ ခါလာလည်တယ်လို့ပြောတယ်။ အဲ့ဒီမှာ သူ့ရဲ့ဓာတ်ပုံတွေ ၊ သူကိုင်ခဲ့တဲ့ ဓါးတွေ သေနတ်တွေ၊တင့်ကားတွေကို ပြသထားပါတယ်။ လမ်းကြုံရင်သွား ကြည့်ကြပေါ့။ အသေးစိတ်သိတဲ့လူတွေများရှိရင် ရေးပေးကြပါ။
ဆရာ ရဲမြင့်လွင်ရေးတဲ့ ၀တ္ထုလေးနဲ့ ပတ်သက်ပြီး သတိရတာလေးပြောပြလိုက်တာ။ အဓိက ကတော့ ဂျပန်တွေ မြန်မာကို နှိပ်စက်ခဲ့ကြပေမဲ့ မြန်မာတွေက သူတို့ကို အခင်မပျက်သလို သူတိုက ချစ်မြဲချစ်လျှက်ပဲဆိုတာရယ်၊ စနစ်မကောင်းလို့ ဂျပန်တွေ ဒုတ်ခ ရောက်ခဲ့ကြတာကို သတိရစေဖို့ရယ်၊ ဂျပန်မြန်မာ ချစ်ကြည်ရေးမြဲဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ရေးလိုက်တာပါဗျာ။



စာရေးသူ မောင်ဂျက် ရေးချိန် Wednesday, July 25, 2007
Copy right
http://kojudson.blogspot.com/2007/07/biruma-no-tategoto.html

မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့မှ ....

မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့မှ ဥက္ကဋ္ဌဦးတင်ခ (တက္ကသိုလ်တင်ခ)၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦး၊ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် ဦးအောင်ငြိမ်းနှင့် ဦးလှထွန်း(လှထွန်း-တွံတေး)တို့သည် နိုင်ငံရေးနယ်ပယ်သို့ ကူးပြောင်းမည်ဖြစ်သဖြင့် (၂၇-၈-၂၀၁၀)ရက်နေ့မှစကာ မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်လွှာတင်ခဲ့ကြကြောင်း သိရှိရသည်။ မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ(၂) ဆရာလယ်တွင်းသားစောချစ်အား ခေတ္တဥက္ကဋ္ဌ အဖြစ် တာဝန်ပေးအပ်ခဲ့သည်။


snapshot-news

ဆာမူရိုင်းနိုင်ငံတော် (ကဗျာ)


ဆာမူရိုင်းနိုင်ငံတော်
မိုဃ်းဇော်
သြဂုတ် ၂၈၊ ၂၀၁၀


လွတ်လပ်တဲ့
ဆာမူရိုင်းနိုင်ငံတော်ကို
ဆာမူရိုင်းတွေ စုပြီး ထူထောင်လိုက်ကြတယ်။


ဆာမူရိုင်းနိုင်ငံတော်အလံက အနက်ရောင်
ဆာမူရိုင်းနိုင်ငံတော်ရဲ့ စီးပွားရေးက ဓားနဲ့မြား ထုတ်လုပ်ရေး
ဆာမူရိုင်းတွေပဲ လယ်စိုက်ပြီး
ဆာမူရိုင်းတွေပဲ ရိတ်သိမ်းကြ မိန်းမဆိုတာ
ဆာမူရိုင်းနိုင်ငံတော်မှာ အဖျော်ဖြေခံပစ္စည်း
အလှပြင်တဲ့ ပညာကလွဲ ဘာပညာမှ မသင်ကြရ
ဆာမူရိုင်းနိုင်ငံတော်မှာ
ချစ်ခြင်းမေတ္ထာမရှိ
လိင်စိတ်နဲ့
သတ်ချင် ဖြတ်ချင် စိတ်သာ ရှိရဲ့။


ချယ်ရီတွေ ပွင့်ချိန်ဆို
ချယ်ရီပန်းပင်တွေအောက်
ဆာမူရိုင်းတွေ ရောက်လာပြီး သစ္စာရေ သောက်ကြတယ်။


ဆာမူရိုင်းနိုင်ငံတော်မှာ
ဆာမူရိုင်းသားနဲ့
ဆာမူရိုင်းသမီးဟာ လက်ထပ်ထိမ်းမြားခွင့်ရ
ခေတ်အဆက်ဆက်က
ဆာမူရိုင်းကလေးတွေပဲ မွေးဖွားလာကြ။


ဆာမူရိုင်းနိုင်ငံတော်မှာ
ကဗျာမရေး
ပန်းချီမဆွဲ
ဂီတာ မတီး
ပြဇာတ်မက
ဆံပင်တိုလည်း မညှပ်ရ
မုတ်ဆိတ်လည်း မရိတ်ရ
တယောက်က တယောက်ကို သတ်ချင်သတ်
မသတ်ချင်ရင် ကိုယ့်အသက်ကိုယ် ပြန်သတ်။


ဆာမူရိုင်းနိုင်ငံတော်မှာ
ထမင်းစားချိန်က လွဲရင်
အရွယ်ရောက်ပြီးသူတိုင်း
ကောက်ရိုးအရုပ်ကို ဓားနဲ့ ခုတ်နေကြရတယ်။


ဓားခုတ်ချက်တိုင်း
ဓားခုတ်ချက်တိုင်း
“အရှင့် အတွက်”
“အရှင့် အတွက်” လို့
အသံနက်ကြီးတွေနဲ့ ကြွေးကြော်ရတယ်။


ဒါပေမယ့်
ဆာမူရိုင်းနိုင်ငံတော်မှာ “အရှင်သခင်” မရှိ
ဆာမူရိုင်းနိုင်ငံတော်သားတိုင်း “ကျွန်” တွေချည်းပဲ။


မနက်အရုဏ်တက်ပြီ ဆိုတာနဲ့
ကောင်းကင်ပလ္လင်ပေါ်က
ထာဝရဘ၀ရှင် နေမင်းကြီးကို
ဆာမူရိုင်းအားလုံးက ရှိခိုးနေကြတော့ရဲ့။ ။


(ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ ဇူလိုင် ၂၀၁၀၊ က ကူးယူဖော်ပြတယ်။ ခွင့်မတောင်းတာ ခွင့်လွှတ်ပါ။)

မိုးမခမှကူးယူဖေါ်ပြပါသည်

ပြည်တွင်းရွေးကောက်ပွဲများစောင့်ကြည့်ရေးလက်စွဲ

Handbook on Election Monitor_Burmese_in PDF

ဗိုလ်ချုပ်ကြီးတွေ အရပ်ဝတ်လဲတာ အဆန်းမဟုတ်


စစ်တပ်က အရာရှိကြီးတွေ နုတ်ထွက်တယ်၊ ရာထူး အပြောင်းအလဲတွေ ဖြစ်တယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်လို့ အတိုက်အခံ နိုင်ငံရေး လောက ကလည်း အမျိုးမျိုး ဝေဖန် သုံးသပ်နေကြပါတယ်။ ဘယ်လို သုံးသပ်ပြောဆိုမှုတွေ ရှိသလဲ ဆိုတာ အပြည့်စုံကိုတော့ ဆက်သွယ် မေးမြန်းထားတဲ့ မသင်းသီရိက တင်ပြထားပါတယ်။

ဒီအပြောင်းအလဲသတင်းတွေက မြန်မာ့နိုင်ငံရေးလောကထဲမှာ အထူးအဆန်းမဟုတ်ပါဘူးလို့ NLD ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဟောင်း သူရ ဦးတင်ဦးက ပြောပါတယ်။ သူစစ်တပ်ထဲ တာဝန်ထမ်းဆောင်ခဲ့တဲ့အချိန် မဆလ ပါတီ ခေတ်ကတည်းက ဒီလိုပဲ စစ်ဝတ် ကနေ အရပ်ဝတ်တွေ ပြောင်းပြီး အာဏာကို ဆက်လက် ချုပ်ကိုင်ဖို့ ကြိုးစားခဲ့တာဟာ စစ်တပ်ထဲမှာ လုပ်ရိုးလုပ်စဉ် တခု ဖြစ်တယ် လို့လည်း သုံးသပ်ပါတယ်။ မဆလခေတ်နဲ့ မတူတဲ့အသွင်ဆိုလို့ အရင် တပါတီစံနစ်နဲ့ အခုတော့ ပါတီစုံရယ်လို့ အမြင်ပြထားတဲ့ အချက်လေးတွေသာ ဖြစ်တယ်လို့လည်း ထောက်ပြပါတယ်။

“ဒါက ဒီလိုပါပဲဗျာ။ ကျနော်တို့ မဆလ၊ ကျနော်ရှိတုန်းကလည်း ဒီပုံစံပဲဗျာ။ ဒီပုံစံပါပဲ။ အဲဒီတုန်းကလည်း ဦးနေ၀င်းတို့၊ ဦးစန်းယု တို့၊ နောက်ပြီးတော့ တိုင်းမှူးတွေ တော်တော်များများ ထွက်တယ်။ ကျနော်တယောက်တည်း တပ်ကို ကိုင်ရမယ်ဆိုပြီးတော့ ကျန်ရစ်ခဲ့တာပဲ။ ကျန်တဲ့သူတွေအားလုံးကတော့ ရွေးကောက်ပွဲမတိုင်ခင်မှာ ယူနီဖောင်းတွေ ချွတ်လိုက်ကြတာပဲ။ အဲဒီလိုပဲ ကျနော်တို့တုန်းကလည်း ရှိခဲ့ တာပဲ။ ဟိုတုန်းကတော့ တပါတီပေါ့ဗျာ။ ရွေးချယ်ရမယ့် ကိုယ်စားလှယ်လောင်းကို ဒေသတွေက သတ်မှတ်ပြီးတဲ့နောက် အဲဒါ အရွေးခံတဲ့ အခါကျတော့ မဲပုံးထောင်ပြီးတော့ အမှားအမှန် ပေးရတာပါပဲ။ အခုဟာကတော့ အရွေးခံပြီးတော့ မဲဆန္ဒနယ်မှာ တခြားသော ပါတီတွေနဲ့ လည်း ပါဝင်ယှဉ်ပြိုင်တယ် ဆိုတဲ့သဘောအရတော့ ဖြစ်တော့ဖြစ်တာပေါ့။ ဒါပေမဲ့လည်း အခြား ယှဉ်ပြိုင်နိုင်တဲ့ ပါတီတွေ အတွက်ကတော့ သူတို့က တော်တော်ကို အခက်အခဲ အကျပ်အတည်းတွေနဲ့ အတားအဆီး အပိတ်အပင်တွေနဲ့ ဆိုတော့လည်း သူတို့ကတော့ မလွယ်ဘူး ပေါ့။ တစည တို့ဘာတို့ကလည်း ဒါနဲ့ပတ်သက်တာကို သူတို့ သေချာတဲ့နေရာမှာ ယူထားပြီး ကျန်တဲ့နေရာတွေမှာ ကြံ့ဖွံ့နံမည်နဲ့ ၀င်ပြီးတော့ တနည်းအားဖြင့်တော့ ဒါက တစည၊ ကြံ့ဖွံ့ ပါသွားတယ်။ အဲဒီလို အပေးအယူတွေလည်း လုပ်ကြပြီးတော့ သေချာအောင် လုပ်ကြတဲ့သဘောပါပဲ။ သူတို့ပဲ ၀င်၊ သူတို့ပဲ နိုင်၊ သူတို့သေချာလုပ်ပြီး သူတို့ပဲသွားမှာ။ ဒီပုံစံပါပဲ။ အဲဒီတော့ အဓိပ္ပါယ်ကတော့ဗျာ ရွေးကောက်ပွဲ မလုပ်ခင်ကတည်းက လူတွေရပြီးတော့ ဘယ်လို အောင်မြင်စွာဖြင့် ပြီးသွားကြမယ်လို့ ဆိုတာတွေကလည်း ထင်ထင်ရှားရှား သိနေတဲ့သဘောပါပဲ။ အဲဒါတွေ သေချာလို့လည်းပဲ အခုလိုထွက်ပြီး လုပ်ကြတဲ့သဘောပါ။”

ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦး ပြောပြခဲ့တာပါ။ ၂၀၁၀ ရွေးကောက်ပွဲရက်တွေ မတိုင်ခင် စစ်တပ်ထဲ အပြောင်းအလဲတွေ ရှိမယ်ဆိုတဲ့ သတင်းတွေ အစောပိုင်းကတည်းက အတော်လေးထွက်နေတာပါ။ ဒါ့ကြောင့် အခုထွက်လာတဲ့ သတင်းဟာ တရားမ၀င် စစ်တပ် အစိုးရကနေ တရားဝင် ရွေးကောက်ပွဲကနေ တက်လာမယ့် အရပ်သားအစိုးရ ဖြစ်ရေးဆိုတဲ့ စစ်တပ်တွင်း စံနစ်တကျ ချမှတ်စီစဉ်ထားတဲ့ အဆင့်တွေကို တဆင့်ပြီးတဆင့် အကောင်အထည် ဖော်လာတာ ဖြစ်တယ်လို့ ဒီမိုကရက်တစ်ပါတီ မြန်မာပြည်ရဲ့ ဥက္ကဋ္ဌ ဦးသုဝေက သုံးသပ်ပါတယ်။

“ကျနော်ကတော့ သူတို့ အဲဒီလို ရာထူးက ထွက်လိုက်တယ်ဆိုရင် သူတို့ အရပ်သားဖြစ်သွားပြီ။ သူတို့ မျှော်မှန်းထားတဲ့ အရပ်သား အစိုးရမှာ သူတို့ကိုယ်တိုင် ခေါင်းဆောင်ဖို့မှာ ဖြစ်သွားတယ်လို့ ယူဆရတာပေါ့နော်။ ကျနော် ထင်တာကတော့ အခု ရွေးကောက်ပွဲမှာ ကတော့ သူတို့ မှန်းထားတဲ့အတိုင်းပဲ သူတို့က အသာစီးရလိမ့်မယ်လို့ သူတို့ တွက်ပြီးပြီလို့ ယူဆရတယ်ပေါ့နော်။ အဲဒါကြောင့် သူတို့လည်းပဲ ဒီရာထူးတွေကနေ ထွက်ပြီးတော့ အရပ်သားအစိုးရမှာ တာဝန်ယူဖို့ ပြင်ဆင်တယ်လို့ပဲ ယူဆပါတယ်။”

တခါ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီရဲ့ ဥက္ကှဋ္ဌ ဒေါက်တာ သန်းငြိမ်းကနေ အခုသတင်းတွေအပေါ် ဝေဖန်သုံးသပ်ဖို့ အချိန်စောသေးတယ်လို့ ဆိုပါတယ်။

“ဘာတွေဖြစ်လာမလဲ ဆိုတာက နံပါတ် (၁) မသိဘူးပေါ့။ ဒါက သိပ်အရေးကြီးတဲ့ကိစ္စပေါ့။ ဒါကို အဲန်ကယ်လ်တို့က ခဏတော့ စောင့်ကြည့်ဦးမှ ဖြစ်မှာပေါ့နော်။ ကြိုပြီးတော့ ပြောဖို့ကတော့ လုံးဝ မရနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါတွေဟာ ဒီလို အချိန်အခါမျိုးမှာ သိပ်ကို delicate (အထိခိုက်မခံ) ဖြစ်တယ်လေ။ မှတ်ချက်ပေးဖို့ တော်တော် ခက်ပါတယ်။ ဘာဖြစ်လာမှာလဲ။ ဒါကို သေသေချာချာ လေ့လာပြီးမှပဲ ပြောတာအကောင်းဆုံးပါပဲ။”

NDF ပါတီရဲ့ ဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်း ပြောပြခဲ့တာ ဖြစ်ပါတယ်။
VOA

ဒေါ်အောင်ဆန်းစုကြည်၏ မှာကြားချက်များကို NLD လူငယ် အကောင်အထည် ဖော်မည်




(Photo: AFP)

စစ်အစိုးရက ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲတွင် မပါဝင်ရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ဆုံးဖြတ်သည့် မတ်လ ၂၉ ရက်က ရန်ကုန်မြို့ရှိ ဌာနချုပ်ရုံးရှေ့တွင် စုရုံးနေသော အဖွဲ့ချုပ်ဝင်များ ဖြစ်ပါသည်။ (Photo: AFP)
2010-08-27
NLD လူငယ်များက ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှာကြားချက်တွေကို လမ်းညွှန်အဖြစ်အကောင် အထည်ဖော်သွားမယ်လို့ သြဂုတ်လ ၂၆ ရက် မနေ့က ညနေပိုင်းက ပြုလုပ်တဲ့ လူငယ်အစည်းအဝေးမှာ ဆုံးဖြတ်ပါတယ်။

သြဂုတ်လ ၂၆ရက်နေ့ ညနေပိုင်း NLD ဌာနချုပ်ရုံးမှာ ပြုလုပ်တဲ့ လူငယ်အစည်းအဝေးမှာ ရန်ကုန်တိုင်း မြို့နယ်များအတွင်း ရှိကြတဲ့ လုငယ်ခေါင်းဆောင်တွေ၊ လူငယ်လုပ်ငန်းများ ဖော်ဆောင် ရေးနဲ့ ရန်ကုန်တိုင်း အကူအညီပေးရေးစတဲ့ အဖွဲ့တွေ စုစုပေါင်း ၅၀ လောက် တွေ့ဆုံ ဆွေးနွေးခဲ့တာပါ။ အစည်းအဝေးမှာ ဆွေးနွေး ဆုံးဖြတ်တာတွေနဲ့ပတ်သက်ပြီး လူငယ် စည်းရုံးရေးမှူးတဦးဖြစ်တဲ့ ကိုမြင့်ဌေးက ခုလိုပြောပါတယ်။

“ကျွန်တော်တို့ ဒီ ၁၉ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစည်းအဝေးက ကျွန်တော်တို့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သပိတ်မှောက်တယ်ဆိုတဲ့ ကိစ္စ၊ အဲဒါနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ဆွေးနွေးပွဲမှာ ကျွန်တော်တို့ ထောက်ခံတယ်ဆိုတဲ့အကြောင်း ကျွန်တော်တို့ ဆွေးနွေးဖြစ်တယ်ဗျ။ နောက်တခုက အန်ကယ် ဦးဉာဏ်ဝင်းနဲ့ အန်တီ မှာလိုက်တဲ့ ကိစ္စတွေ ရှိတယ်။ အချက် ၉ ချက်၊ အဲဒီဟာနဲ့ ပတ်သက်လို့လည်း ကျွန်တော်တို့ မနေ့က ဆွေးနွေးပြီးတော့ ဒါကို ကျွန်တော်တို့ လမ်းညွှန်အဖြစ် ကျွန်တော်တို့ ဆက်ပြီးတော့ ဆောင်ရွက်သွားဖို့လည်း ကျွန်တော်တို့ ဆုံးဖြတ်ချက် ချတယ်၊ လူငယ်တွေက။”

ဒေါ်အောင်ဆန်းစုကြည် မှာကြားလိုက်တာတွေကို လမ်းညွှန်အဖြစ်အသုံးပြုပြီး လုပ်ငန်းတွေကို ဖော်ဆောင်မယ်ဆိုတာနဲ့ပတ်သက်ပြီး ဘယ်လို ဆက်လက် ဆောင်ရွက်မလဲဆိုတာကို ကိုမြင့်ဌေးက ခုလို ပြောပါတယ်။

“ရွေးကောက်ပွဲကို မဝင်တဲ့အတွက် ပြည်သူလူထုတွေအနေနဲ့ မဲပေးစရာ မရှိဘူးဆိုလို့ရှိရင် မဲမပေးနဲ့ ဆိုတဲ့ အချက်တွေကို ကျွန်တော်တို့က ဒါကို အကောင်အထည်ဖော်မယ်။ နောက်တခုက ကျွန်တော်တို့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေက တရားမမျှတဘူး၊ ဒီဥပဒေကိုတောင်မှပဲ ဒီဥပဒေကို ထုတ်လုပ်တဲ့ လူတွေက မကျင့်သုံးဘူး ဆိုလို့ရှိရင် ဒါဟာ မင်းမဲ့စရိုက် ဖြစ်တယ်ဆိုတဲ့ အကြောင်းအရာတွေ ပြောထားတာ ရှိတယ်လေ။ အဲဒီတော့ အဲဒီ အကြောင်းအရာတွေကို ကျွန်တော်တို့ ပြည်သူလူထုတွေ နားလည်သဘောပေါက်အောင် ကျွန်တော်တို့ကနေပြီးတော့ ဝိုင်းဝန်းပြီးတော့ ရှင်းပြဖို့ အစီအစဉ်တွေကို ကျွန်တော်တို့ လမ်းညွှန်အဖြစ် ဆောင်ရွက်ဖို့ ရှိပါတယ်ခင်ဗျ။”
ဒီလုပ်ငန်းတွေကို အကောင်အထည်ဖော်ရာမှာ တခြားပြည်နယ်၊ တိုင်းတွေမှာ ရှိတဲ့ လူငယ်အဖွဲ့တွေကိုလည်း ဆက်ပြီး အကြောင်းကြား ဆောင်ရွက်မှာ ဖြစ်တယ်လို အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တယ်လို့ ကိုမြင့်ဌေးက ဆက်ပြီး ပြောသွားပါတယ်။

Copyright © 1998-2010 Radio Free Asia. All rights reserved

မြန်မာနိုင်ငံအကျဉ်းသားများနေ့ ဘာကြောင့် ကျင်းပသင့်သလဲ




ဗိုလ်ကြီးဟောင်း ၀င်းဗိုလ် သေဆုံးခဲ့သည့် မော်လမြိုင်ထောင်။ အာဏာပိုင် ၂၇ က ရိုက်နှက်သဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည် (ဓာတ်ပုံ - Joinai)



"- - - ကလေးစစ်သား နှစ်ဦး လိင်တူချင်း ဆက်ဆံခံရခြင်းကို ဆန့်ကျင် တိုက်ပွဲဝင်ခဲ့သူ တစ်ဦး ဖြစ်သည်။ တပ်မတော်သားကောင်း ပီသ၏။ မျိုးချစ်စိတ်ကောင်း ပိုင်ဆိုင်သူလည်း ဖြစ်၏ - - - "

နှစ်စဉ် သြဂုတ်လ ၂၆ ရက်နေ့ကို 'မြန်မာနိုင်ငံအကျဉ်းသားများနေ့' Burma Prisoners’ Day (BPD) အဖြစ် ကျင်းပသင့်၏။ ၂ဝဝ၄ ခုနှစ်မှ စတင်၍ မော်လမြိုင် အကျဉ်းထောင်အတွင်း၌ နှစ်စဉ် ကျင်းပခဲ့၏။ ကျင်းပရခြင်း အကြောင်းအရင်းမှာ ၂၆.၈.၂ဝဝဝ ရက်နေ့ ည ၇း၃ဝ နာရီအချိန်တွင် မော်လမြိုင်ထောင် ကြိုးတိုက်အတွင်း၌ ထောင်အာဏာပိုင် ၂၃ ယောက်သည် နိုင်ငံရေး အကျဉ်းသား တစ်ဦး ဖြစ်သည့် ကိုဝင်းဗိုလ်အား နောက်ပြန် လက်ထိပ်ခတ်လျက် လည်ပင်း နင်းပြီး မသေမချင်း ရက်စက်စွာ ရိုက်သတ်ခဲ့ကြသည်။

ကိုဝင်းဗိုလ်သည် တပ်မတော်သား ဗိုလ်ကြီးဟောင်း တစ်ဦးဖြစ်၏။ မည်သည့် နိုင်ငံရေးပါတီဝင်မှ မဟုတ်၊ ဝါရင့် နိုင်ငံရေးသမားလည်း မဟုတ်၊ မည်သည့် လက်ဝဲ လက်ယယ နိုင်ငံရေး အယူအဆကိုမှ ဆုပ်ကိုင်ထားသူလည်း မဟုတ်။ တိုင်းပြည်နှင့် လူမျိုး အတွက် အကျိုး ဖြစ်ထွန်းစေနိုင်မည့် အမျိုးသား ရင်ကြားစေ့ရေး ကိစ္စနှင့် ၂ဝဝဝ ပြည့်နှစ်တွင် အကျဉ်းသားများ အားလုံး လွတ်မြောက်ရေး အတွက် ဆရာတော် သံဃာတော်ကြီးများ ထံမှ သြဝါဒ မေတ္တာရပ်ခံစာ တစ်စောင်ကို န.အ.ဖ စစ်အစိုးရ အာဏာပိုင်များထံသို့ ဆောင်ယူ ပေးပို့သည့် ပြစ်ဒဏ်ဖြင့် ထောင် ၂၁ နှစ် အပြစ်ပေး ခံရခဲ့သူ ဖြစ်ပါသည်။

န.အ.ဖ ၏ စစ်ဖိနပ်အောက်ဝယ် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး များစွာကို နင်းချေ ဖျက်ဆီးခံနေရ၏။ လူသားချင်း စာနာစိတ် ကင်းမဲ့စွာ တရားလက်လွတ် ပြုကျင့်မှုများသည် ပြည်သူ သန်းပေါင်း ၆ဝ ကျော် အတွက် အနာဂတ် ဆိုသည်မှာလည်း ရှာမရနိုင်အောင် ဖြစ်နေရ၏။ အကျဉ်း ထောင်အတွင်း၌ အကျဉ်းသားများကို မတရား ရိုက်နှက်ခြင်း၊ အလုပ်ကြမ်း ခိုင်းခြင်း၊ ရဲဘက် ပို့ခြင်း၊ စစ်ပေါ်တာ အဖြစ် အသုံးပြုခြင်း၊ ကျန်းမာရေး အတွက် ဆေးဝါး လုံလောက်စွာ ကုသမှု မခံယူရခြင်း၊ အစားအစာကို မသေရုံ တမယ် ကျွေးခြင်း... အစရှိသည့် မတရားမှုများကို န.အ.ဖ လက်ပါးစေ ဖြစ်သည့် ထောင်အာဏာပိုင်များသည် ရက်စက်စွာ ကျူးလွန်နေကြ၏။

ထိုသို့ အစဉ်မပြတ် ကျူးလွန်နေသည့် မတရား ဖမ်းဆီးမှုများ၊ ဥပဒေမဲ့ ပြုမှုများ၊ ဖိနှိပ်မှုများကို ကမ္ဘာ့ပြည်သူ သန်းပေါင်း များစွာသည် သိရှိ လာပြီး စာနာ ထောက်ထားလာစေရန် အတွက် နိုင်ငံတကာမှ အကျဉ်းသားများ လွှတ်ပေးရေး တောင်းဆိုချက် တစ်ဆင့်ထက်တစ်ဆင့် မြှင့်တင်၍ ပြည်တွင်းမှ အထူးသဖြင့် အကျဉ်းထောင်များ အတွင်းမှ နိုင်ငံရေး လှုပ်ရှားမှုများ စတင်နိုင်ရန်နှင့် နောင်လာမည့် အနာဂတ်တွင် စစ်အာဏာရှင် စနစ် ခေါင်းမော့ မလာစေရန် ရည်ရွယ်ချက်ဖြင့် ကိုဝင်းဗိုလ် ကျဆုံးသည့်နေ့အား 'မြန်မာနိုင်ငံ အကျဉ်းသားများနေ့' အဖြစ် ကျင်းပသွားရန် မော်လမြိုင် အကျဉ်းထောင်ရှိ နိုင်ငံရေး အကျဉ်းသားများက တညီ တညွတ်တည်း အတည်ပြု ဆုံးဖြတ်ခဲ့ကြသည်။

'မြန်မာနိုင်ငံ အကျဉ်းသားများနေ့' ကျင်းပရခြင်းသည် ...

မြန်မာနိုင်ငံ အတွင်း လက်ရှိ ဖြစ်ပေါ်နေသည့်

(၁) မတရား ဖမ်းဆီးမှုများ ရှိနေခြင်း

(၂) ဥပဒေနှင့် အညီ တရား စီရင် စစ်ဆေးမှုများ မရှိခြင်း

(၃) အကျဉ်းသားများ၏ အခွင့်အရေးများ ဆုံးရှုံး နစ်နာနေခြင်း

လူ့အခွင့်အရေး ချိုးဖောက်မှု၊ ဥပဒေမဲ့ ပြုကျင့်မှုများရှိရာ ၎င်းတို့ကို ကာကွယ် စောင့်ရှောက်သွားနိုင်ရန် အတွက် ဖြစ်သည်။ ကိုဝင်းဗိုလ်သည် အမှန်တရားဘက်မှ ရဲရင့်ပြတ်သား ခိုင်မာစွာဖြင့် အသက်စွန့် ရပ်တည်သွားသည့် သူရဲကောင်း တစ်ဦး ဖြစ်သည်။ စစ်ပြေးမှုဖြင့် ထောင်ကျနေသည့် အရွယ် မရောက်သေးသည့် ကလေးစစ်သား နှစ်ဦး လိင်တူချင်း ဆက်ဆံခံရခြင်းကို ဆန့်ကျင် တိုက်ပွဲဝင်ခဲ့သူ တစ်ဦး ဖြစ်သည်။ တပ်မတော်သားကောင်း ပီသ၏။ မျိုးချစ်စိတ်ကောင်း ပိုင်ဆိုင်သူလည်း ဖြစ်၏။ န.အ.ဖ စစ်ဗိုလ်ချုပ်တွေလို မျက်ကန်းမျိုးချစ်ဝါဒီ မဟုတ်။ အပြောတစ်မျိုး အလုပ်တစ်ခြားဖြင့် ကိုယ်ကျိုးစီးပွား ရှာသူ မဟုတ်။ န.အ.ဖ၏ မတရား ဖမ်းဆီးခြင်း ခံနေရသည့် နိုင်ငံရေးအကျဉ်းသား ပီသစွာဖြင့် ဘဝတူ အကျဉ်းသားများ၏ အကျိုးကို အသက်စွန့်၍ သယ်ပိုး ထမ်းရွက်သွားသူ အဖြစ် ကမ္ပည်းတင်ထိုက်၏။

လူမဆန်မှုနှင့် မင်းမဲ့စရိုက် ကြီးစိုးနေသည့် န.အ.ဖ စစ်အာဏာရှင်တို့သည် လက်တံများစွာကို ဖြန့်ကျက်ထား၏။ သတင်းပေး၊ စွမ်းအားရှင်၊ ကြံ့ဖွံ့၊ မိ/စောက်၊ အကျဉ်းထောင်ဝန်ထမ်း၊ စစ်ဘက်၊ ရဲဘက် လက်မရွံ့ ပါးကွက်သားများဖြင့် မြန်မာပြည်သူ တစ်ရပ်လုံးအား အကြောက်တရားများ တစ်နေ့ထက် တစ်နေ့ ပိုမို ကျယ်ပြန့်လာစေရန် စနစ်တကျ စီမံကိန်းများ ချ၍ ကျူးလွန်နေကြသည်။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ၈၈-မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဖြစ်ကြသည့် မင်းကိုနိုင်၊ ကိုကိုကြီး၊ မင်းဇေယျာ၊ အံ့ဖွယ်ကျော်၊ ဂျင်မီ ... အစရှိသည့် လူငယ်နိုင်ငံရေးသမားများ၊ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦးနှင့် အခြား ရဲဘော် ရဲဘက်များကိုလည်း မတရား ဖမ်းဆီး၍ ပုဒ်ထီးပုဒ်မ အမျိုးမျိုး တပ်ပြီး နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ထား၏။

န.အ.ဖ၏ နိုင်ငံရေး လမ်းပြမြေပုံအရ ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလ ၇ ရက်တွင် ရွေးကောက်ပွဲ ကျင်းပတော့မည် ဖြစ်၏။ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာသည့် ရွေးကောက်ပွဲ ဥပဒေသည် တရားမျှတမှုလည်း လုံးဝ (လုံးဝ) မရှိ။ အားလုံး ပါဝင် ဆောင်ရွက် ယှဉ်ပြိုင် ရွေးချယ်ခွင့် မရှိသည့် ရွေးကောက်ပွဲကြီး ဖြစ်နေ၏။ ၂ဝဝ၈ ခုနှစ် မေလအတွင်း မြန်မာနိုင်ငံသားများကို အကျဉ်းသားများ သဖွယ် အဓမ္မအမိန့်ပေး ခြိမ်းခြောက် အတည်ပြု ထောက်ခံခိုင်းထားသည့် နာဂစ် အခြေခံ ဥပဒေအရ စစ်သား တစ်မတ်သား အဆင့်ထက် ပိုပြီး စစ်သား တစ်ကျပ်သား လိုချင်သည့် အတွက် ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်နိုင်ရန် န.အ.ဖ စစ်ဗိုလ်ချုပ်များသည် ဘောင်းဘီ ချွတ်လိုက်ကြ၏။ တောင်ရှည်ပုဆိုး ဝတ်ပြီး ခေါင်းပေါင်းစ တလူလူ လွှင့်နိုင်ရန်အတွက် သူတို့၏ လက်ကိုင်တုတ် ကြံ့ဖွံ့အသင်းကြီးအား နိုင်ငံရေးပါတီ အဖြစ် ပြောင်းလဲ ဖွဲ့စည်းလိုက်သည်။

န.အ.ဖ စစ်အာဏာရှင်တို့သည် နိုင်ငံရေးဓားပြမှုကြီးကို ပြောင်ပြောင်တင်းတင်း ပြုလုပ်လိုက်ခြင်းဖြစ်၏။ ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ ကျောင်းသားများ အစရှိသည့် နိုင်ငံရေး အစဉ်အလာ ရှိသူများအား မြန်မာ့နိုင်ငံရေး လောကမှ အပြီးတိုင် ဖယ်ထုတ်နိုင်ရန် ကလိန်ကကျစ် နည်းမျိုးစုံဖြင့် ကြိုးပမ်းနေကြ၏။

ထိုသို့ ပြုကျင့်နေခြင်းတို့သည် လူ့အခွင့်အရေး ချိုးဖောက်ခြင်း၊ နိုင်ငံတကာဥပဒေ စံချိန် စံညွှန်းများနှင့် မကိုက်ညီခြင်း၊ ဒီမိုကရေစီ နည်းလမ်းကျ မဟုတ်ခြင်း၊ စစ်ရာဇဝတ်မှုများကို ကျူးလွန်နေခြင်းများကို ဆက်တိုက် ပြုကျင့်နေကြသဖြင့် ... သြဂုတ်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် 'မြန်မာနိုင်ငံအကျဉ်းသားများနေ့' အခါသမယတွင် ကျဆုံးသွားသည့် ကိုဝင်းဗိုလ်နှင့်တကွ လက်ရှိ အကျဉ်းခံဘဝတွင် ရောက်ရှိနေသည့် မြန်မာ နိုင်ငံသား ပြည်သူသန်းပေါင်း ၆ဝ ကျော် ကိုယ်စား န.အ.ဖ စစ်အာဏာရှင်များကို နိုင်ငံတကာမှ စစ်ရာဇဝတ်ကောင်များ နည်းတူ ၎င်းတို့ ကျူးလွန် ခဲ့သည့် စစ်ရာဇဝတ်မှုများကို တရားစီရင်နိုင်ရန် အတွက် ကုလသမဂ္ဂက ဦးစီးဦးဆောင်ပြုလုပ် ဖွဲ့စည်းသည့် စုံစမ်းရေး ကော်မရှင် တစ်ရပ်ကို အမြန်ဆုံး လက်တွေ့ အကောင်အထည် ဖော်ပြီး မြန်မာနိုင်ငံသို့ စေလွှတ်ပေးပါရန် တိုက်တွန်း နှိုးဆော်လိုက်ပါသည်။

ရင်းမြစ်..မိုးမခ

သတင်း---မြတ်လးငုံ

နအဖတပ်ခေါင်းဆောင် များ စစ်ရာထူးစွန့် NLD ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဟောင်း သူရ ဦးတင်ဦးပြောသောရုပ်သံအင်တာဗျူး









သတင်း--မြတ်လေးငုံ

Friday, August 27, 2010

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရာထူးမှ အနားယူပြီ

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရာထူးမှ အနားယူပြီ
မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ သြဂုတ်လ ၂၇ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၄၀ မိနစ် .
ချင်းမိုင် (မဇ္ဈိမ) ။ ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုဗိုလ်ချုပ်ကြီး မောင်အေးတို့ ရာထူးမှ နားခြင်းအပါအဝင် တပ်မတော်ထိပ်တန်း စစ်ဘက်ရာထူးများတွင် အပြောင်းအရွေ့များ ယနေ့ ဖြစ်ပွားသည်။

ယခင် စစ်ရေးချူပ် ဒုဗိုလ်ချုပ်ကြီး သူရမြင့်အောင်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဖြစ်လာပြီး အခြားသော ကစထမှူးတဦးဖြစ်သော ဒုဗိုလ်ချုပ်ကြီးကိုကိုမှာ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဖြစ်လာသည်။

နံပါတ် ၃ အဆင့်ဖြစ်သော ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏နေရာတွင် ယခင် စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ဖြစ်လာသည်။

ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၏ ရာထူးဖြစ်သော စစ်ထောက်ချုပ်ရုံးသို့ ယခင် နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ်ဝေလွင် ရာထူးတိုးမြှင့် ရောက်ရှိလာသည်။

ဒုဗိုလ်ချုပ်ကြီး အဆင့်ရှိသူအများစု ရာထူးမှ နှုတ်ထွက်သွားပြီး တိုင်းမှူးအများစု အပါအဝင် ဗိုလ်ချုပ်အဆင့် ရှိသူများ ရာထူးတက်သည်။

ရာထူးမှ နှုတ်ထွက်သွားသူများသည် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။

အောက်တွင် ရာထူးဟောင်းနှင့် ရာထူးသစ်များကို ပြသထားသည်။ အသေးစိတ်ကို ဆက်လက် စုံစမ်းလျှက်ရှိသည်။


လက်ရှိရာထူး ယခင်ရာထူး
ကြည်းရေလေညှိနှိုင်းရေးမှူး ကစထမှူး၂ ဒုဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်
စစ်ရေးချုပ် ကမ်းရိုးတန်းတိုင်းမှူး ဗိုလ်ချုပ် ခင်ဇော်ဦး
စစ်ထောက်ချုပ်ရုံး နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ်ဝေလွင်
စစ်ရာထူးခန့်ချုပ် ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်ချုပ်ဝင်းမြင့်
ရန်ကုန်တိုင်း တပ်မ ၇၇ တပ်မှူး ဗိုလ်မှူးကြီး ထွန်းသန်း
တပ်မတော် ထောက်လှမ်းရေး ဌာနချုပ်ရုံး အနောက်တောင်တိုင်း တိုင်းမှူး ဗိုလ်ချုပ်ကျော်ဆွေ
ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ် ကာကွယ်ရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်သိန်းဌေး
ကာကွယ်ရေး ဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး (၁) အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြင့်စိုး
ကာကွယ်ရေး ဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ်
ကာကွယ်ရေး ဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး (၃) တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လှမင်း
ကာကွယ်ရေး ဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး (၄) အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်း
ကာကွယ်ရေး ဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး (၅) အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်တင်ငွေ

© Copyright 1998 - 2009 Mizzima News. All Rights Reserved

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် မှ ဦးဥာဏ်ဝင်းသို့မှာကြားချက်


လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် မှ ဦးဥာဏ်ဝင်းသို့မှာကြားချက်

(၉)ချက်



၁။ NLD မပါလို့ဘယ်သူ့ကိုမဲထည့်ရမလည်းဆိုရင် ကိုယ်ကြိုက်တဲ့ပါတီမပါရင် မဲမထည့်ပဲနေပါ။

၂။ ပြည်ပသတင်းတွေမှာကော ပြည်တွင်းစာနယ်ဇင်းတွေမှာပါ ပြည်သူတွေနားမလည်တာကို အခွင့်အရေးယူပြီးလှည့်စားပြောနေတာတွေကို့ ကန့်ကွက်တယ်။

၃။ ဘီဘီစီ မြန်မာပိုင်းဌာနမှာ ရန်ပုံငွေနည်းနေတဲ့အတွက် ရပ်တည်ရခက်နေတာကို စိတ်မကောင်းကြောင်း။

၎။ ရွေးကောက်ပွဲ ရက်ကို အချိန်တိုလေ ကပ်ပြီးကြေငြာတာဟာ မကောင်းဘူး။

၅။ ပြည်သူတွေအနေနဲ့ အခုထွက်နေတဲ့ဥပဒေတွေကို နားလည်းရမယ်၊နားမလည်ပဲနဲ့မဲသွားထည့်ရင် ဘာမှအဓိပါယ်မရှိဘူး။

၆။ မဲဆွယ်စည်းရုံးရေးတို့ ရွေးကောက်ပွဲဥပဒေတို့နဲ့ဆန့်ကျင်ပြီးမသမာမှုတွေရှိရင် ပြည်သူတွေအနေနဲ့ တရားစွဲရမယ် ရဲစခန်းကိုတိုင်ရမယ်။

၇။ ရွေးကောက်ပွဲနဲ့ပက်သက်ပြီး သတင်းရယူခွင့် ၊သတင်းထုပ်ပြန်ခွင့် မရှိဘူးအဲ့ဒါကိုကန့်ကွက်တယ်။

၈။ ၂၀၀၈ ဖွဲ့စည်းပုံအရေ၏၂၀၁၀ရွေးကောက်ပွဲကိုလုပ်တယ် အဲ့ဒီကထွက်လာမယ့် သမ္မတကိုလွတ်တော်ကမလွမ်းမိုးနိုင်ဘူး သမတ ကပဲအားလုံးကိုလွမ်းမိုးချုပ်ကိုင်သွားမှာဖြစ်တယ်။


၉။ အခုထွက်နေတဲ့ဥပဒေတွေက တရားမျှတမှုမရှိဘူး အဲ့ဒါတွေကိုတောင် မလိုက်နာနိုင်ရင် ဒါဟာမင်းမဲ့စရိုက်ပဲ။


သတင်း----မြတ်လေးငုံ

Thursday, August 26, 2010

ရွေးကောက်ပွဲကို ကျောခိုင်းရန်လိုအပ်ဟု ဦးဝင်းတင် ပြောကြား


၂၀၁၀ ရွေးကောက်ပွဲအပေါ်တွင် ပြည့်စုံသည့်တုံ့ပြန်မှု ဖြစ်စေရန်အတွက် ရွေးကောက်ပွဲကို သပိတ်မှောက်ရန် လိုအပ်ကြောင်း အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ပြောကြားသည်။

“ပြည့်စုံတဲ့တုံ့ပြန်မှုဆိုတာ ဒီရွေးကောက်ပွဲက မတရားဘူး။ ဒီရွေးကောက်ပွဲသွားမယ့် လမ်းခရီးကလည်း မှားနေတဲ့ဟာဆို ကျနော်တို့လိုပဲ သပိတ်မှောက်ပေါ့။ ရွေးကောက်ပွဲကို သပိတ်မှောက်ရမယ်” ဟု ၎င်းက ပြောသည်။

နအဖကောင်စီက ထုတ်ပြန်သည့် ရွေးကောက်ပွဲဥပဒေများသည် တရားမျှတမှုမရှိသောကြောင့် အန်အယ်လ်ဒီပါတီက ယခုနှစ် မတ်လ (၂၉) ရက်နေ့တွင် ပါတီအနေဖြင့် မှတ်ပုံတင်မည်မဟုတ်ကြောင်း ဆုံးဖြတ်ခဲ့ပြီး လာမည့် နိုဝင်ဘာ (၇) ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်း ဆုံးဖြတ်ချက်ကို သြဂုတ် (၁၉) ရက်တွင် တရားဝင်ထုတ်ဖော်ကြေညာခဲ့သည်။

“ဒီရွေးကောက်ပွဲဟာ ၂၀၀၈ အခြေခံဥပဒေကိုသွားမယ်။ ဒီဥပဒေဟာ တရားမဲ့တဲ့ ဥပဒေကြီး၊ စစ်အစိုးရ စစ်အာဏာရှင်တွေ အာဏာတည်မြဲဖို့ အသက်သွင်းမယ့် အခြေခံဥပဒေဖြစ်တယ်။ ဒီရွေးကောက်ပွဲက ဒီအခြေခံဥပဒေကို အကောင်အထည်ဖော်မှာမို့ ကျနော်တို့ကန့်ကွက်တယ်။ တရားမျှတခြင်း နိုင်ငံရေးအခြေအနေ ပြည့်စုံတာ ဘာမှမရှိတဲ့အတွက် ကျနော်တို့ကန့်ကွက်တယ်။ ဒါဆို ကျနော်တို့ပါတီက မှတ်ပုံလည်းမတင်ဘူး၊ ရွေးကောက်ပွဲလည်း မ၀င်ဘူးဆုံးဖြတ်တယ်” ဟု ဦးဝင်းတင်က ပြောသည်။

သို့သော် ရွေးကောက်ပွဲကို သပိတ်မှောက်ရာတွင် အပြည့်အစုံမျှော်လင့်၍ မရနိုင်ကြောင်း ဦးဝင်းတင်က ပြောဆိုသည်။

“အပြည့်အစုံမျှော်လင့်ပြီး ပြောနေတာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ လူထုက ဘယ်ပါနိုင်မလဲ။ ပါနိုင်မှဖြင့် ၁၉၉၀ ရွေးကောက်ပွဲကတည်းက၊ အာဏာမလွှဲဘူးဆိုကတည်းက လူထုက အုံကြွပြီးတော့ ပါလာမှာပေါ့။ မပါဘူးဆိုတာ ကျနော်တို့ သဘောပေါက်ပါတယ်။ မပါဝံ့ဘူး၊ မပါနိုင်ဘူး၊ ပါနိုင်တဲ့အခြေအနေ မရှိဘူး။ ပါနိုင်တဲ့အခြေအနေမျိုး ဖြစ်အောင်လည်း စစ်အစိုးရက ခွင့်မပေးဘူးဆိုတာ ကျနော်တို့သိတယ်။ သို့သော် ဘာပဲပြောပြော ကျနော်တို့က ရုန်းကန်မှုအနေနဲ့၊ ဆန့်ကျင်မှုအနေနဲ့၊ တုံ့ပြန်မှုအနေနဲ့ကတော့ ရှိမယ်လို့ ကျနော်တို့ ယူဆတယ်” ဟု ၎င်းက ပြောသည်။

ယနေ့အခြေအနေမှာ လူထုအနေဖြင့် စစ်အစိုးရအား ဆန့်ကျင်မြဲဆန့်ကျင်နေသော်လည်း လုံလောက်သည့် တုံ့ပြန်မှုမရှိသည့်အတွက်၊ မလုပ်နိုင်သည့်အတွက် စစ်အစိုးရ ဆက်လက်ရှိနေဦးမည်ဖြစ်ကြောင်း၊ သို့သော် အန်အယ်လ်ဒီက ဆက်လက် ရုန်းကန်ကန့်ကွက် ဆန့်ကျင်နေမည်ဖြစ်ပြီး လူထုအနေဖြင့် ပံ့ပိုးနိုင်သမျှ ပံ့ပိုးမည်ဟု ယုံကြည်ကြောင်း ဦးဝင်းတင်က ပြောသည်။

၎င်းက ဆက်လက်ပြီး “ဒီရွေးကောက်ပွဲမှာလည်း ပြည့်စုံတဲ့ အနေအထားရှိမှာမဟုတ်ဘူး။ သို့သော် အဲဒါ နောက်ဆုံးမှာ အကျိုးသက်ရောက်မှုက ဘာလည်းဆိုတော့ အနည်းဆုံး ဒီရွေးကောက်ပွဲကြီးဟာ မတရားဘူး။ နိုင်ငံရေးအပြောင်းအလဲကို စစ်အစိုးရပဲ ဆက်လက်စီးထားမယ်၊ စစ်အစိုးရရဲ့လက်ကိုင်တုတ်ပါတီ ကြံ့ဖွံ့လိုဟာမျိုးကပဲ စီးမယ်ဆိုတာမျိုးတွေ ဖော်ပြနိုင်ရင် ကမ္ဘာကနေ စစ်အစိုးရအပေါ်မှာ ဖိစီးမှုတွေ ပိုပြီးတော့ များသထက် များလာမယ်လို့ ယူဆတယ်။ ဒီလိုဖြစ်တာဟာ တထစ်တရစ်တော့ တိုးသွားခြင်းဖြစ်တယ်လို့ ယူဆတယ်” ဟု ပြောကြားသည်။

ယမန်နေ့ကမူ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ကို မဲပေးလိုသည့် ပြည်သူလူထုအနေဖြင့် လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီ မပါဝင်သဖြင့် မဲမပေးကြရန်သာရှိကြောင်း ၎င်း၏အကျိုးဆောင်ရှေ့နေ အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးဉာဏ်ဝင်းမှတဆင့် ပြောကြားခဲ့သည်။

လာမည့်ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီ မပါသည့်အတွက် မည်သည့်ပါတီကို မဲပေးရန် မသိရှိတော့ကြောင်း ပြည်သူများ၏ ပြောဆိုချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားလိုက်ခြင်းဖြစ်သည်။

ယင်းသို့ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်သည် မှန်ကန်ကြောင်း ဦးဝင်းတင်က ထောက်ခံပြောဆိုသည်။

၎င်းက “ဒေါ်စုရဲ့ ပြောဆိုချက်ဟာ အမှန်ဆုံးပဲ။ ဒေါ်စုရဲ့သဘောထားနဲ့ ကျနော်တို့ အန်အယ်လ်ဒီရဲ့သဘောထားဟာ တထပ်တည်းကျတယ်လို့ပဲ ကျနော်တို့ ယူဆတယ်။ အန်အယ်လ်ဒီကို ထောက်ခံချင်တယ်၊ မဲပေးချင်ကြတယ်။ အန်အယ်လ်ဒီ မရှိတဲ့အခါကျတော့ ဘယ်သူ့မဲပေးရမှန်းမသိဘူး၊ ဘာလုပ်ရမှန်းမသိဘူး၊ မျက်စိသူငယ်ဖြစ်နေတယ်ဆိုရင် အန်အယ်လ်ဒီမှ မရှိတာ မပေးနဲ့ပေါ့။ အန်အယ်လ်ဒီ လုပ်သလိုလုပ်ပေါ့။ အန်အယ်လ်ဒီကနေ ရွေးကောက်ပွဲ ကျောခိုင်းထားရင် လူထုကလည်း ရွေးကောက်ပွဲကို ကျောခိုင်းရမှာပဲ။ အဲတော့ ဒေါ်စုရဲ့သဘောထားကို ကျနော်တို့ လုံးဝထောက်ခံတယ်။ ထောက်ခံရုံတင်မဟုတ်ဘူး။ ဒီသဘောထားမျိုးဟာလည်း အန်အယ်လ်ဒီမှာ အောက်ခြေအထိ ရှိပါတယ်” ဟု ပြောသည်။

စစ်အစိုးရပြုလုပ်မည့် ရွေးကောက်ပွဲ မတရားမှန်း နိုင်ငံရေးသမားတိုင်း သိနိုင်သည့်အခြေအနေတွင် ရွေးကောက်ပွဲဝင်ရန် မှတ်ပုံတင်သူအချို့ ပါတီမှနုတ်ထွက်ခြင်း၊ ရွေးကောက်ပွဲတွင် မပါဝင်တော့ခြင်းတို့မှာလည်း ပြည့်စုံသည့် တုံ့ပြန်မှုမျိုး မဟုတ်ကြောင်း ဦးဝင်းတင်က ပြောဆိုသည်။

“အခု ဥက္ကဋ္ဌတွေ ထွက်ကြတယ်။ ရွေးကောက်ပွဲ ၀င်မယ် မ၀င်ဘူး ဆိုတာတွေဟာ လုံလောက်တဲ့ စစ်အစိုးရအပေါ် တုံ့ပြန်ခြင်းမျိုးမဟုတ်ဘူး။ ပြည့်စုံတဲ့ တုံ့ပြန်ခြင်းလည်း မဟုတ်ဘူး။ သူတို့ရဲ့ ပုဂ္ဂိုလ်ရေးတွေ၊ ကိုယ်ရေးကိုယ်တာ နည်းနည်းလေး ထိလာတဲ့အခါမှာ သို့မဟုတ်လည်း ရည်မှန်းချက် မပြည့်စုံတဲ့အခါမှာ သူတို့ရဲ့တုံ့ပြန်ချက်မျှသာဖြစ်တယ်။ အဲဒီဟာ ကျနော်တို့ ဘာမှမပြောဘူး” ဟု ဆိုသည်။

သို့သော် ရွေးကောက်ပွဲဝင်ရန် မှတ်ပုံတင်ထားသည့် ပါတီများအနေဖြင့် ပါတီများဖျက်သိမ်းပြီး ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်မည်ဆိုပါက ထောက်ခံကြိုဆိုမည်ဟု ဦးဝင်းတင်က ပြောကြားသည်။

ပြည်ထောင်စုဒီမိုကရေစီပါတီ ဥက္ကဋ္ဌဖြစ်သူ ဦးဖြိုးမင်းသိမ်းနှင့် နာယကအဖွဲ့ဝင်တဦးဖြစ်သူ ဦးညိုထွန်းတို့ ပါတီမှနုတ်ထွက်ကာ ရွေးကောက်ပွဲဝင်တော့မည်မဟုတ်ကြောင်း ပြောဆိုခဲ့ပြီး ယမန်နေ့ကလည်း အမျိုးသားဒီမိုကရေစီအင်အားစု (အန်ဒီအက်ဖ်) ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက ရွေးကောက်ပွဲမ၀င်ရန် ဆုံးဖြတ်လိုက်ကြောင်း ပြောဆိုခဲ့သည်။

::: Copyright © 1992-2010 The New Era Journal :::

နောင်အစိုးရကို လွှတ်တော်က ထိန်းချုပ်နိုင်မှာ မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

2010-08-25
၂၀ဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေဟာ သမ္မတစနစ်ကို အခြေခံထားတဲ့ ဖွဲ့စည်းပုံ ဖြစ်နေပြီး အဲဒီ ဖွဲ့စည်းပုံပါ အချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်လာမယ့် အစိုးရသစ်ကို ပြည်သူ့လွှတ်တော်က ထိန်းကျောင်းတည့်မတ်နိုင် မှာ မဟုတ်ဘူးလို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။


AFP

နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်။ မြန်မာ စစ်အစိုးရအနေဖြင့် ဒီမိုကရေစီ အင်အားစုများနှင့် စစ်မှန်သော တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ဖို့ နိုင်ငံတကာမှ ထပ်ခါတလဲလဲ တောင်းဆိုနေပါသည်။ (Photo: AFP)
ဒေါ်အောင်ဆန်းစုကြည်ဟာ သြဂုတ်လ (၂၄) ရက်နေ့က သူ့ရဲ့ ရှေ့နေတွေဖြစ်တဲ့ ဦးဥာဏ်ဝင်း၊ ဦးကြည်ဝင်း၊ ဒေါ်ခင်ဌေးကြွယ်တို့နဲ့ နေအိမ်မှာ တွေ့ဆုံစဉ် ခုလို ပြောကြားခဲ့တာလို့ ရှေ့နေဦးဥာဏ်ဝင်းက RFA ကို ပြောပါတယ်။

“၂၀၀၈ ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲပြီးလို့ အစိုးရဖွဲ့ရင်တောင်မှ အစိုးရအဖွဲ့အပေါ်မှာ ပြည်သူ့လွှတ်တော်က ထိန်းကျောင်းတည့်မတ်နိုင်တဲ့ အခြေအနေ မရှိဘူးတဲ့ ဒီဥပဒေအရ ဆိုရင်။ Parliamentary Government မဟုတ်ဘူးဗျာ၊ Presidential Government ဒါကို ပြောတာပါပဲ”

ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ NLD ပါတီက ဆုံးဖြတ်ခဲ့တဲ့ ကိစ္စကို ဒေါ်အောင်ဆန်းစုကြည်က သဘောတူတယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပြီး စစ်အစိုးရ ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေနဲ့ လက်တွေ့ ဆောင်ရွက်ချက်တွေမှာ မတရားတဲ့ ကွဲပြားခြားနားမှုတွေ ရှိလာရင် ပြည်သူတွေအနေနဲ့ ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောဆို ထောက်ပြကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က မှာကြားလိုက်တယ်လို့ ရှေ့နေဦးဥာဏ်ဝင်းက RFA ကို ပြောပါတယ်။

NLD ပါတီကိုမှ မဲပေးချင်သူတွေအတွက် ဒေါ်အောင်ဆန်းစုကြည်က မှာကြားရာမှာတော့ NLD ပါတီဟာ ရွေးကောက်ပွဲ မဝင်တော့တာကြောင့် မဲပေးစရာ NLD ပါတီ မရှိဘူးဆိုရင် မဲမပေးပဲ နေနိုင်ကြောင်း မှာကြားတယ်လို့ ရှေ့နေဦးဥာဏ်ဝင်းက ပြောပါတယ်။

ရှေ့နေဦးဥာဏ်ဝင်းကို RFA အဖွဲ့သား ဦးဥာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

RFA

NDF ဦးခင်မောင်ဆွေ ရွေးကောက်ပွဲ ၀င်တော့မည် မဟုတ်


အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေက ရွေးကောက်ပွဲ မ၀င်ဖို့ ဆုံးဖြတ်လိုက်ပြီလို့ ဗွီအိုအေကို ပြောပါတယ်။ ရွေးကောက်ပွဲ ၀င်ခွင့်ရဖို့အတွက် ကော်မရှင်မှာ ပထမတကြိမ် ခွင့်တောင်းလွှာ တင်ခဲ့ရပြီးနောက် အခုတခါ ထပ်ပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ပြဋ္ဌာန်းချက်တွေကို လိုက်နာပါ့မယ်ဆိုတဲ့ ခံဝန်ကတိမျိုး ထပ်ပြီး တင်ခိုင်းတဲ့အတွက် ဒါကို သူ့အနေနဲ့ မတင်နိုင်တဲ့အကြောင်း ဦးခင်မောင်ဆွေက ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဗွီအိုအေ ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းတဲ့အခါ ဦးခင်မောင်ဆွေက အခုလို ပြောပါတယ်။



AP
NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေ။ နိုဝင်ဘာ ၄၊ ၂၀၀၉။
“တင်ဖို့အကြောင်း မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က ဒီဥပဒေကို လိုက်နာပါ့မယ်ဆိုပြီး ပါတီထောင်၊ ပါတီမှတ်ပုံတင်လည်း ချပေးထားပြီး ကျူးလွန်ခဲ့တဲ့ အမှုလည်း ခံပြီးပြီ၊ လွတ်လည်း လွတ်နေပြီ၊ သာမန်ပြည်သူ တယောက်လည်း ဖြစ်နေပြီ၊ ပါတီ Founder တွေ အဖြစ်လည်း ပါနေပြီ။ အဲဒါကို ထပ်ပြီးတော့ ဟိုတုန်းက ဒီအပြစ်တွေ ရှိခဲ့တယ် ဆိုတာကို အလိုအလျောက် ပယ်ဖျက်ပေးရမယ့် အစား ကျနော်တို့ကိုလာ ကြိုးနဲ့ချီတယ်။ ခင်ဗျားတို့ တင်ပြရမယ်၊ တင်ပြမှ၊ ဒီဥပဒေကို လိုက်နာမှဆိုပြီး ပုဂ္ဂိုလ်ရေး ထပ်ပြီးတော့ ကြိုးနဲ့ချီတာ။ ဒါကြောင့် ကျနော်ကတော့ မတင်ပါဘူး။

“ဘာကြောင့်လဲဆိုတော့ ဒါဟာ မှတ်ပုံတင်တုန်းက ပါပြီးသား ကိစ္စတွေကို နောက်တခါ ဒုတိယအကြိမ် ထပ်ပြီး တောင်းတာမို့ ဥပဒေအရ ကြည့်ရင်လည်း သဘာဝရုပ်တိ မကျဘူးလို့လည်း ထင်ပါတယ်။ နိုင်ငံသား အခွင့်အရေးကိုလည်း ပိတ်ပင်တယ်လို့ ယူဆတဲ့အတွက် ကျနော်က ပြန်လည်တင်ခြင်း မရှိပါဘူး။ တခြားပုဂ္ဂိုလ်တွေတော့ ဘယ်သူတင်မယ်၊ မတင်ဘူးဆိုတာ ကျနော် မသိပါဘူး။”

တကယ်လို့ ဆရာ ပြန်မတင်တဲ့အခါမှာ ရွေးကောက်ပွဲဝင်ဖို့ ကိစ္စကို ထိခိုက်လာမယ် ဆိုရင်ရော။

“ကျနော်မှ ရွေးကောက်ပွဲ မ၀င်တော့တဲ့ဟာ၊ ဘာထိခိုက်စရာအကြောင်း ရှိမလဲ။ ကျနော့်ကိစ္စပဲ၊ ပါတီကိစ္စ မဟုတ်ပါဘူး။ ကျနော်က ၁၂၂၊ ၁၂၄ ပုဒ်မနဲ့ ကျလို့ နိုင်ငံတော် သစ္စာဖောက်မှုကို ကျူးလွန်တယ် ဆိုပြီးတော့ ထောင်ဒဏ် ၁၇ နှစ် ကျနော် ကျခံခဲ့ပြီးပြီ။ ကျခံခဲ့တာ သူတို့ အပြစ်ရှိတယ်လို့ သတ်မှတ်လို့ ဒီအပြစ်ကြွေးကို ဆပ်ပြီးပြီ။

“ဆပ်ပြီးတဲ့ လူတယောက်က လွတ်လပ်တဲ့ ပြည်သူဘ၀ကို ရောက်သွားတာတောင်မှ လိုက်ပြီးတော့ ကန့်သတ်တာဟာ ပြည်သူလူထုရဲ့ အခွင့်အရေးကို ပိတ်ပင်ရာ ရောက်တယ်လို့ ယူဆလို့ ကျနော်က ထပ်ပြီး တင်ခြင်း မရှိပါဘူး။ အသနားခံရမယ်ဆိုလည်း မခံနိုင်ပါဘူး။ ဒါကြောင့်မို့ ကျနော် ရွေးကောက်ပွဲကိုလည်း ၀င်ဖို့ အကြောင်းမရှိပါဘူး။ ထပ်လည်း တင်ဖို့ အကြောင်းမရှိပါဘူး။ ပါတီကို ထိခိုက်စရာ မရှိပါဘူး။ ဒါ ပုဂ္ဂိုလ်ရေး ကိစ္စတွေပါ။”

ဟုတ်ကဲ့၊ ကျနော် သေချာအောင် ထပ်မေးပါရစေ၊ ဆရာ ရွေးကောက်ပွဲ မ၀င်တော့ဖို့ ဆုံးဖြတ်ပြီးပြီပေါ့။

“ဟုတ်ပါတယ်။ ကျနော် မတင်ရင် ၀င်လို့မရဘူးလေ။ ကျနော် ထပ်ပြီးတော့ ဒါတွေတင်မှ ၀င်ရမှာကိုး။ ၀င်ချင်ရင် တင်ပါဆိုတာ မ၀င်ချင်ရင် မတင်နဲ့ဆိုတော့ ကျနော်က မေးပါတယ်၊ ၀င်ချင်ရင် တင်ရမယ်ဆိုရင် မ၀င်ချင်ရင် မတင်ရဘူးလားဆိုတော့ မ၀င်ချင်ရင် မတင်လို့ရတယ်ဆိုတာ ပုဂ္ဂိုလ်ရေး ကိစ္စတွေပါ။ လူတဦးတယောက်ကို ကန့်သတ်တဲ့ ကိစ္စတွေပါ။ ပါတီနဲ့ မဆိုင်ပါဘူး။”

မနေ့က ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်တယ်လို့ ဦးဉာဏ်ဝင်းကတဆင့် ကျနော်တို့ သိရပါတယ်။ အဲဒါကတော့ ဒေါ်အောင်ဆန်းစုကြည်က လူထုကို တိုက်တွန်းပါတယ်တဲ့၊ ရွေးကောက်ပွဲဟာ လျစ်လျူရှုထားလို့ မရဘူး၊ စိတ်မ၀င်စားလို့ မရဘူး၊ ကြည့်နေဖို့ လိုတယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုအပြောအပေါ်မှာ ဆရာ ဘယ်လိုနားလည်ပါသလဲ၊ ဆရာ့သဘောထားကရော အဲဒါကို ဘယ်လိုမြင်ပါသလဲ ခင်ဗျ။


“ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ ခေါင်းဆောင်အဖြစ် နှစ်ပေါင်းများစွာ လုပ်ခဲ့ပြီး အခုလည်း ကျနော်တို့ ခေါင်းဆောင်အဖြစ် ကျနော်တို့က သတ်မှတ်ထားတာပဲလေ။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ခေါင်းဆောင်ကြီးပဲလေ။ နောက်ပြီးတော့ ကမ္ဘာမှာလည်း အသိအမှတ် ပြုခံထားရတဲ့ ဒီမိုကရေစီခေါင်းဆောင် တဦးပဲလေ။

“အစကတည်းကိုက ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ ဘယ်တုန်းကမှ ပြစ်မှားခြင်း မရှိခဲ့ပါဘူး။ ဒေါ်စုက ဒီမိုကရေစီ ကျင့်စဉ်တွေကို ဘယ်တော့မှ သွေဖည်သွားလိမ့်မယ်လို့ ဘယ်တုန်းကမှ ကျနော်တို့ ဒါမျိုးကို မစဉ်းစားခဲ့မိပါဘူး။

“ဒေါ်စုပြောတဲ့ဟာက ရွေးကောက်ပွဲဟာ ပြည်သူတွေရဲ့ ဆန္ဒကို ခံယူမယ့်ပွဲ ဖြစ်တယ်။ ပြည်သူတွေ ပါဝင်ပတ်သက်မယ့် ဟာကို ဒေါ်စု လျစ်လျူမရှုဘူး ဆိုတာကို ပြောတဲ့ကိစ္စပါပဲ။ ပြည်သူ့ဆန္ဒကို ထုတ်ဖော်တဲ့ ပွဲတပွဲကို ဒီမိုကရေစီခေါင်းဆောင် တယောက် အနေနဲ့တော့ ဘယ်တော့မှ မပြစ်ပယ်ဘူးဆိုတဲ့ သဘောကို ရောက်တယ်လို့ ကျနော် ယူဆပါတယ်။”

အခုလက်ရှိ အခြေအနေမှာ ဆရာတို့ NDF ပါတီအနေနဲ့ စုစုပေါင်း လွှတ်တော် ကိုယ်စားလှယ်လောင်း ဘယ်လောက်ဝင်ဖို့ အခြေအနေ ရှိပါသလဲခင်ဗျ။


“ကျနော်တို့ကတော့ ၁၀၀ တော့ ကျော်လိမ့်မယ် ထင်တာပဲ။ သို့သော်လည်း အခက်အခဲတွေ ဖြတ်ကျော်တဲ့ အခါကြတော့ ၁၀၀ လောက်မှာ သွားတင်လိမ့်မယ် ထင်တယ်။ အစကတော့ ၁၂၀ လောက် ရမလား၊ ၁၃၀ လောက် ရမလား၊ မှန်းဆတာပေါ့ဗျာ။ အခက်အခဲတွေ အများကြီး ကြုံနေရတဲ့ အခါကြတော့ တင်ပြီးတာတောင် ပယ်တာ ရှိရင်ရှိဦးမယ်လေ။ အဲတော့ အောက်ခြေ ၁၀၀ လောက်ကတော့ ကျန်လိမ့်မယ်လို့ ယူဆပါတယ်။”

ဆရာက ရွေးကောက်ပွဲ မ၀င်တော့ဘူးဆိုတော့ NDF ပါတီရဲ့ ခေါင်းဆောင်အနေနဲ့တော့ ဆက်ရှိနေမှာလား ခင်ဗျာ။

“ဟုတ်တယ်၊ ကျနော်က NDF ပါတီရဲ့ ခေါင်းဆောင်လည်း ဟုတ်တယ်၊ နိုင်ငံရေး ဦးဆောင်ကော်မတီရဲ့ ခေါင်းဆောင်လည်း ဟုတ်တယ်။ ကျနော်ကတော့ မှတ်ပုံတင်တာ ကျနော့်ကို ခေါင်းဆောင်အနေနဲ့ တင်ပေးပါဆိုလို့ ကျနော် ခေါင်းဆောင်အနေနဲ့ သွားတင်ရတာကိုး။ ကျနော်တို့ ပါတီဝင် ၁၉ ဦးက ကျနော့်ကို ခေါင်းဆောင် မြှောက်လိုက်တာကိုး။ မြှောက်တော့ ကျနော်က ခေါင်းဆောင်ပါပဲ။ ရွေးကောက်ပွဲဝင်တာ၊ မ၀င်တာနဲ့ မဆိုင်ပါဘူးခင်ဗျ။”

NDF ခေါင်းဆောင် ဦးခင်မောင်ဆွေက ရွေးကောက်ပွဲ မ၀င်တော့ဖို့ သူဆုံးဖြတ်လိုက်တဲ့ အခြေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှာစကားအပေါ် သူ့သဘောထားတွေကို ပြောပြသွားတာ ဖြစ်ပါတယ်။


VOA

ရွေးကောက်ပွဲ စောင့်ကြည့်ရေး လူထုမှာလည်း တာဝန်ရှိ၊ ဒေါ်စု တိုက်တွန်း


လာမယ့် ၂၀၁၀ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပါဝင်ခြင်း မရှိပေမဲ့ ဒီရွေးကောက်ပွဲကို လျစ်လျူပြုထားမှာ မဟုတ်ဘူးလို့ အထိန်းသိမ်းခံနေရတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အပြည့်အစုံကို စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ နိုင်ငံရေးပါတီတွေ၊ ပြည်သူလူထုတွေက စိတ်ပျက်လက်ပျက် ဖြစ်နေကြတဲ့ အချိန်မှာ ရွေးကောက်ပွဲကို အာရုံစိုက် သတိထား စောင့်ကြည့်ဖို့ ဒေါ်အောင်ဆန်းစုကြည်က သတိပေးလိုက်တာလို့ အတော်များများက ယူဆကြပါတယ်။ အထိန်းသိမ်းခံထားရတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မနေ့က တွေ့ဆုံခဲ့တဲ့ NLD ပြောခွင့်ရသူ ဦးဉာဏ်ဝင်းကတော့ ရွေးကောက်ပွဲကို NLD က မျက်နှာလွှဲထားလို့ မရဘူးလို့ ပြောဆိုခဲ့တဲ့အကြောင်း အခုလို ပြောပါတယ်။

“ကျနော်ပြောတာက အနီးကပ် စောင့်ကြည့်ဖို့ လိုတယ်လို့ မပြောဘူး။ ကျနော်ပြောတဲ့ဟာက ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲကို မ၀င်ဘူး ဆိုပေမဲ့ ရွေးကောက်ပွဲကို Ignore လုပ်လို့မရဘူး၊ ရွေးကောက်ပွဲကို စိတ်မ၀င်စားလို့ မရဘူး။ ရွေးကောက်ပွဲဆိုတာ ကြည့်နေရမယ်လို့ ဒါပဲပြောတာပါ။”

ရွေးကောက်ပွဲက မျှတမှု ရှိဖို့အတွက် အစိုးရတင် မကဘူး၊ ပြည်သူမှာလည်း တာဝန်ရှိတယ်ဆိုတာ ဘယ်လိုသဘောမျိုးလဲ ခင်ဗျ။

“ပြည်သူနဲ့ ဆိုင်တဲ့ကိစ္စက ပြည်သူမှာလည်း တာဝန်ရှိတယ်၊ ဒါကို ပြောတာပါ။”

ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သူမရဲ့ အမြင်သဘောထား အတော်များများကို ပြောဆိုထားပေမဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးပြီးမှ တရားဝင် ထုတ်ပြန်ပေးမယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။ AFP သတင်းတရပ်မှာ ရွေးကောက်ပွဲ မျှတမှု ရှိမရှိ လူထုက စောင့်ကြည့်သွားဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုတဲ့အကြောင်း ဖော်ပြပါတယ်။

မြန်မာ့အိမ်နီးချင်း နိုင်ငံအချို့က ရွေးကောက်ပွဲတွေမှာ လေ့လာသူအဖြစ် ပါဝင်ခဲ့ဖူးတဲ့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ အထွေထွေ အတွင်းရေးမှူး ဦးအောင်ထူးကတော့ ဒါဟာ လူထုအနေနဲ့ ဒီရွေးကောက်ပွဲကို လူထုလှုပ်ရှားမှု ပုံစံနဲ့ သွားဖို့ သဘောမျိုး ဖြစ်နိုင်တယ်လို့ ယူဆပါတယ်။

“ကမ္ဘောဒီးယားဆိုရင် အချိုးကျ ကိုယ်စားပြုတဲ့ စနစ်ကို ရွေးချယ် တင်မြှောက်တယ်။ ဒီစနစ်အကြောင်း လူထုသိလာအောင် အကြီးအကျယ် ပညာပေးရေး လုပ်ရတယ်။ အဲဒီလို လုပ်တဲ့ကိစ္စက လူထုလှုပ်ရှားမှုကြီး တရပ်အနေနဲ့ လုပ်တာ ဖြစ်တယ်။ အဲဒီလိုလုပ်ခြင်းအားဖြင့် လူတွေက ပိုသိမြင်လာကြတယ်။ ရွေးကောက်ပွဲကို ဘယ်လို စောင့်ကြည့်ရမယ်ဆိုတာ နားလည်လာကြတယ်။ ရွေးကောက်ပွဲ မသမာမှုတွေ ဘယ်လို ဖော်ထုတ်ရမယ်ဆိုတာ သိလာကြတယ်။ သတင်းအချက်အလက် ဘယ်လို စုဆောင်းရမယ်ဆိုတာ သိလာကြတယ်။ ဒီလို ၀ိုင်းလုပ်ကြခြင်း အားဖြင့် ရွေးကောက်ပွဲက လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာနိုင်ချေကို တဖြည်းဖြည်း သွားတဲ့သဘော ရောက်ပါတယ်။”

အခု မြန်မာနိုင်ငံမှာ ရှိထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ၊ ဥပဒေ ပြဋ္ဌာန်းချက်တွေနဲ့ ခုနပြောတဲ့ ရွေးကောက်ပွဲကို လူထုက ဘယ်လိုပါဝင်သင့်သလဲ ဆိုတဲ့ အချက်တွေက ကိုက်ညီနိုင်ပါ့မလား၊ ဥပဒေတွင်းရော ဘောင်ဝင်ရဲ့လား။


“ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ လုံးဝကို ပြောင်းပြန်ဖြစ်နေတယ်။ ရွေးကောက်ပွဲ ဥပဒေ အကုန်လုံးက လူထုရဲ့ ပါဝင် ပတ်သက်မှုကို စနစ်တကျ ငြင်းဆိုထားလို့ ဖြစ်တယ်။”

ဒါဆိုရင် မျှတတဲ့ ရွေးကောက်ပွဲတရပ်ဖြစ်ဖို့ လူထုက ပါဝင်နိုင်ချေဆိုရင် လူထုအနေနဲ့ ဘာတွေ လုပ်နိုင်တဲ့ အခြေအနေ ရှိလဲ၊ အခုလို အခြေအနေအောက်မှာ။


“လူထုက ပထမတချက် တောင်းဆိုရမှာကတော့ ဥပဒေတွေကို ပြင်ဖို့ဖြစ်တယ်။ ဥပဒေတွေကိုက လူထု ရသင့်တဲ့ အခွင့်အရေးတွေကို ကန့်သတ် ပိတ်ပင်ထားတယ်။ ရွေးကောက်ပွဲ တရပ်မှာ ရှိသင့်တဲ့ လွတ်လပ် မျှတမှု ရနိုင်ဖို့၊ ဖော်ဆောင်နိုင်ဖို့ အနေအထားတွေကို ပိတ်ပင်ထားတယ်။ ပထမဦးဆုံး လူထုလုပ်သင့်တဲ့ အချက်ကတော့ မတရားတဲ့ ဥပဒေတွေကို ပြင်ဖို့ဖြစ်တယ်။”

ဒီရွေးကောက်ပွဲကို သပိတ်မှောက်မယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တနေ့ကပဲ ပြောခဲ့ပါတယ်။ နယ်စပ်အခြေစိုက်တဲ့ နိုင်ငံရေး အဖွဲ့အစည်း အတော်များများကလည်း ဒီရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ စည်းရုံး လှုံ့ဆော်နေပါတယ်။ ရွေးကောက်ပွဲ မျှတမှု ရှိမရှိ စောင့်ကြည့်ပါဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားနဲ့ အခုလို ရွေးကောက်ပွဲ သပိတ်မှောက်ဖို့ ပြောနေကြတဲ့စကား ကွဲလွဲနေကြသလား စဉ်းစားစရာပါ။ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်ကတော့ မကွဲလွဲဘူး၊ လူထုပါဝင်အောင် လုပ်ဖို့ကိစ္စမှာ တူညီတယ်လို့ ယူဆပါတယ်။

“ကျနော့်အထင်အရ ပြောမယ်ဆိုရင် မလွဲဘူးလို့ ယူဆပါတယ်။ ကျနော်တို့က ဒီရွေးကောက်ပွဲကို သပိတ်မှောက်သင့်တယ်လို့ တင်ပြခဲ့တယ်။ အခြား မှတ်ပုံတင်ထားတဲ့ နိုင်ငံရေး ပါတီတွေကိုလည်း လက်ရှိ နိုင်ငံရေး အခြေအနေအရ သပိတ်မှောက်သင့်တယ်လို့ ကျနော်တို့ တိုက်တွန်းခဲ့တယ်။ အဲဒီလို ပြောတဲ့အတွက် နအဖက သူ့ဘာသာသူ ဇွတ်အတင်း လုပ်သွားမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ကျနော်တို့ ဘာမှ စိတ်မ၀င်စားရတော့ဘူး၊ ကျနော်တို့ အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး။

“ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဖြစ်စဉ်တလျှောက်လုံးမှာ နအဖက မဟုတ်တာတွေ လုပ်နေတာ ရှိတယ်။ တဘက်စောင်းနင်း လုပ်နေတာတွေ ရှိတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ ကျနော်တို့ ပြည်သူတွေ အနေနဲ့ မဟုတ်တာကို မဟုတ်ဘူးလို့ ပြောဖို့ တာဝန်ရှိတယ်။ မဟုတ်တာကို မဟုတ်ဘူးလို့ များများ ပြောလာတာနဲ့ အမျှ သပိတ်မှောက်တဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေ ဘာကြောင့် သပိတ်မှောက်ရတယ်ဆိုတာ ပိုပြီးတော့ ထင်ရှားလာမယ်။

“တပြိုင်နက်တည်းမှာလည်း နအဖက အတင်းအဓမ္မ ပြုလုပ်မယ့် ရွေးကောက်ပွဲ ဆိုတာရဲ့ Legitimacy ဆိုတာလည်း ပိုပြီးတော့ ကျဆင်းသွားလိမ့်မယ်လို့ ကျနော့်အနေနဲ့ အဲဒီလို နားလည်ကြည့်တယ်။ ဒါ ကျနော့်အမြင်ပါ။ အဓိကကတော့ ပြည်သူတွေအနေနဲ့ သော်လည်းကောင်း၊ နိုင်ငံရေး အင်အားစုတွေအနေနဲ့ သော်လည်းကောင်း နအဖ မဟုတ်တန်းတရား လုပ်နေတဲ့ ကိစ္စတွေကို ကျယ်ကျယ်လောင်လောင် ပြောနိုင်ဖို့၊ ၀ိုင်းဝန်း ဆန္ဒ ထုတ်ဖော်နိုင်ဖို့က အဓိကကျတယ်၊ ဒီကိစ္စကို အဓိက ဇောင်းပေးတယ်လို့ ကျနော့်အနေနဲ့တော့ အဲဒီလို ယူဆပါတယ်။”

၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဒီမိုကရေစီ အင်အားစုတွေရော တိုင်းရင်းသား အင်အားစုတွေမှာပါ အမြင်သဘောထားက အမျိုးမျိုးပါ။ ကိုယ်တိုင် ပါဝင်ယှဉ်ပြိုင်ဖို့ ပြင်နေသူတွေ ရှိသလို ရွေးကောက်ပွဲကို သပိတ်မှောက်ရေး၊ မဲမပေးရေး လှုံ့ဆော်သူတွေလည်း ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ လူထုကို ဒီရွေးကောက်ပွဲနဲ့ မျက်ခြည်မပြတ်ကြဖို့၊ နိုင်ငံရေး အခြေအနေ အရပ်ရပ်ကို စိတ်ဝင်တစား ရှိကြဖို့ သတိပေးတဲ့ စကားလို့ ယူဆရပါတယ်။

Tuesday, August 24, 2010

Boycott-2010-Vol-2

Boycott 2010 Vol.2

အကျဉ်းကျများ လွှတ်ပေးတော့မယ်လို့ ထောင်အာဏာပိုင်တွေပြော

2010-08-23
ထောင်ကျခံနေရတဲ့ အကျဉ်းသားတွေ ကို လွှတ်ပေးဖို့ အကျဉ်းဦးစီးဌာန အာဏာပိုင်တွေ စီစဉ်နေတယ်လို့ သီတဂူဆရာတော် အရှင် ဒေါက်တာ ဥာဏိဿရ က RFA ကို မိန့်ကြားပါတယ်။

သပိတ်အိုင်ဆရာတော် ဦးဥာဏိဿရ ဟာ သြဂုတ်လ ၂၁ ရက်၊ စနေနေ့က အင်းစိန်ထောင်တွင်းက အကျဉ်းသား ၉ ထောင့် ၇ ရာကျော်ကို တရား ဟောကြားခဲ့ပါတယ်။ ဒါ့အပြင် အကျဉ်းသားတွေကို လွှတ်ပေးဖို့ အစီအစဉ်ရှိကြောင်း ထောင်အာဏာပိုင်တွေက ဆရာတော်ကို ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်တယ်လို့ ဆရာတော် ဦးဥာဏိဿရက မိန့်ပါတယ်။

“လွတ်ဖို့အစီအစဉ် ရှိတယ်လို့ ပြောတယ်။ လျှော့ရက်တွေ အများကြီး ရနိုင်တယ်ဆိုတာ ငါက ဟောတယ်။ တရားပွဲပြီးတော့ ငါက ထောင်က အရာရှိကြီးတွေကို မေးတယ်။ ခင်ဗျားတို့ လျှော့ရက်ကလေး ဘာလေး ပေးပြီးတော့ ထောင်သားတွေ လွှတ်လိုက်ရင်ကောင်းမှာ ဆိုတော့ လွှတ်ဖို့ အစီအစဉ် ရှိတယ်တဲ့၊ တရားပွဲပြီးရင် တပည့်တော်က သူတို့ကို သက်တောင့်သက်တာနဲ့ လွှတ်မယ့် ပုဂ္ဂိုလ်တွေ အများကြီး အခု ရွေးနေပြီတဲ့”

အကျဉ်းသား အရေအတွက် ဘယ်လောက် လွှတ်ပေးမယ်၊ ဘယ်တော့ လွှတ်ပေးမယ်၊ နိုင်ငံရေး အကျဉ်းသား ဘယ်လောက်ပါမယ် စတဲ့ အသေးစိတ်တွေကိုတော့ အင်းစိန်ထောင် ညွှန်ကြားရေးမှူးက ထုတ်ဖော်ပြောဆိုတာ မရှိဘူးလို့ ဆရာတော်က မိန့်ပါတယ်။ အကျဉ်းသားတွေကို ညှဉ်းပန်းနှိပ်စက်ခြင်း မပြုဖို့ကိုလည်း ထောင်အာဏာပိုင်တွေကို အလေးထားမှာကြားခဲ့တယ်လို့ ဆရာတော်က မိန့်ပါတယ်။

သီတဂူ ဆရာတော် အရှင် ဒေါက်တာ ဥာဏိဿရဟာ အမေရိကန် အပါအ၀င် ကမ္ဘာတလွှားမှာ သာသနာပြု လုပ်ငန်းတွေကို ကြိုးပမ်း ဆောင်ရွက်နေတဲ့အပြင် မြန်မာနိုင်ငံ တ၀ှမ်းမှာ ဆေးရုံဆေးခန်းတွေ၊ စာသင်ကျောင်းတွေနဲ့ လူမှုရေး ပရဟိတ လုပ်ငန်းတွေ အမြောက်အမြား လုပ်ဆောင်နေပါတယ်။ အခု အင်းစိန်ထောင်က အကျဉ်းသားတွေကို တရားချီးမြှင့်ပြီးတဲ့နောက် နေ့လည်စာနဲ့ ညစာ ထမင်း (၂) နပ် ကျွေးမွေးခဲ့တယ်လို့ သိရပါတယ်။

“နေ့လည်စာ ဒံပေါက်ထမင်း ကျွေးတယ်။ ညစာကျတော့ ကြက်သားကြော်နဲ့ ထမင်းကျွေးတယ်။ ငါးပိကြော်၊ ငါးခြောက်ကြော်၊ သရက်သီးသနပ်၊ ပဲခြမ်းကြော် ဘာညာ စားစရာအားလုံး၊ ပန်းသီးတွေ သရက်သီးတွေ။ ထောင်က အကုန်လုံး ဝိုင်းလုပ်ပေးတယ်”

ဆရာတော်ဟာ အင်းစိန်ထောင်အတွင်း အကျဉ်းသားတွေကို ကျွေးမွေးတာ၊ တရားဟောတာ အခုအကြိမ်နဲ့ပါ ဆိုရင် (၄) ကြိမ် ရှိသွားပြီလို့ သိရပါတယ်။

RFA

ဥပဒေ ချိန်ခွင်ပေါ် က ရွေးကောက်ပွဲ






copy from မြတ်လေးငုံ

၂၀၁၀ ရွေးကောက်ပွဲ အရှုပ်ထဲမှာ ရှင်းအောင်နေ

ဆရာနဲ့ ယခင်အပတ်က တွေ့ဆုံမေးမြန်းခဲ့ရာမှာ အင်န်အယ်ဒီပါတီက ၂၀၁၀ ရွေးကောက်ပွဲကို ပါတီတရပ်အနေနဲ့ သပိတ်မှောက်တယ်လို့ ကြေညာခဲ့ရာကနေ မဲဆန္ဒရှင်ပြည်သူတွေကပါ စစ်အာဏာရှင်စနစ် သက်ဇိုးရှည်စေမယ့် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့ ထပ်မံပြီး ကြေညာလိုက်ပါတယ်။ ပြည်သူလူထုကို အတိအလင်း တိုက်တွန်းလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်ဒီပါတီတရပ်လုံးက လွန်ခဲ့တဲ့ မတ် ၂၉ ကတည်းက ၂၀၀၈ အခြေခံဥပဒေကို အသက်သွင်းမယ့် ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံနိုင်ဘူးလို့ ထုတ်ဖော်ပြောဆိုခဲ့ပြီးပြီ၊ ရပ်တည်ခဲ့ပြီးပြီ။ အဲသည်လောက် ထင်ရှားတဲ့ သဘောထားတရပ်ကို ရပ်တည်ပြီး ရှေ့က ဦးဆောင်ချီတက်နေတဲ့ နိုင်ငံရေးပါတီကြီးအနေနဲ့ အခုလိုမျိုး လူထုကို အခုလို သြဂုတ် ၁၉ ရက်နေ့မှာ တိုက်ရိုက်တိုက်တွန်းမှုကို ပြုလုပ်ရတာလဲ ဆိုတာကို မေးမြန်းတာ ဖြစ်ပါတယ်။

ဆရာက ပြန်လည် ဖြေကြားချက်များထဲက ပြန်လည် ကောက်နုတ်ဖော်ပြရမယ် ဆိုရင် …
ပါတီအနေနဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်တယ် ဆိုတာကတော့ အားလုံးရဲ့ မျက်မှောက်မှာ ထင်ရှားပြီးသား ဖြစ်တယ်။ သို့သော် ဒီကြားထဲမှာ ဘယ်လိုဖြစ်လာသလဲ ဆိုတော့ … အခြားသူတွေဆီမှာ ချွင်းချက်တွေ ပေါ်လာတယ်။ ဘယ်လိုမျိုး သပိတ်မှောက်ကြရမှာလဲ ဆိုတဲ့ အသေးစိတ် မေးခွန်းတွေ ပေါ်လာတယ်။

ဒီလို …ကျေးလက်တွေ နယ်တွေမှာ လူထုကို အတင်းမဲရုံတွေ တွန်းပို့ပြီး သူတို့ရဲ့ ပါတီတွေဖြစ်တဲ့ ကြံ့ဖွံ့တွေ၊ ဘာတွေကို အတင်းမဲပေးခိုင်းမှာပဲ။ ဒါဆိုရင် အဲသည်လို ပါတီမျိုးတွေကို သပိတ်မှောက်ကြရမှာလား ဆိုတဲ့ မေးခွန်းက တခု။

နောက်ပြီးတော့ ၁၉၉ ၀ ရွေးကောက်ပွဲတုန်းကလည်း ၀င်ပြီး အရွေးခံခဲ့တယ်။ ပြည်သူလူထုရဲ့ မဲဆန္ဒကို ပစ်ပယ်ပြီးတော့ အခု ၂၀၁၀ မှာလည်း ရွေးကောက်ပွဲ ၀င်ကြဖို့ လုပ်ပြန်တဲ့ ပါတီတွေ အမတ်လောင်းတွေ ပေါ်လာပြန်တယ်။ အဲသည်လို လူမျိုးတွေ ပါတီတွေကို သပိတ်မှောက်ကြရမှာလား ဆိုတဲ့ မေးခွန်း။

တိုင်းရင်းသားအင်အားစုတွေကလည်း သူတို့ နယ်မြေဒေသတွေမှာ အရွေးခံကြတဲ့အခါမှာ သူတို့တွေရဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေကို ပြောရေးဆိုခွင့် နေရာရစေချင်တယ်။ အခြားသူတွေ အဓမ္မ ၀င်ရောက် နေရာယူမှာကို စိုးရိမ်ကြတယ်။ ဒါဆိုရင် အဲသည် တိုင်းရင်းသားဒေသတွေမှာ ကြံ့ဖွံ့လို အင်အားစုတွေကို သပိတ်မှောက်ကြဖို့ တိုက်တွန်းကြရမှလား ဆိုတဲ့ မေးခွန်းကလည်း ပေါ်လာတယ်။

ဒီမေးခွန်းတွေနဲ့ အင်န်အယ်ဒီရဲ့ သဘောထားကို မေးကြ စုံစမ်းကြ၊ သဘောထားတောင်းကြတာတွေ ပေါ်လာတဲ့ အချိန်မှာ လာမယ့် ၂၀၁၀ နိုဝင်ဘာမှာ ရွေးကောက်ပွဲလုပ်တော့မယ်ဆိုတဲ့ သတင်းကြေညာချက်က စစ်အစိုးရဖက်က ထုတ်ပြန်လာတယ်။ အဲသည်အခါကျတော့ အင်န်အယ်ဒီအနေနဲ့ အားလုံးရဲ့ အခြေအနေတွေ အားလုံးကို ခြုံငုံပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲအပေါ်မှာ ပြတ်ပြတ်သားသား ရှင်းလင်းတဲ့ သဘောထားကို လူထုကို ထုတ်ဖော် ပြောပြရတော့မယ်လို့ ဖြစ်လာတယ်။

ဒါကြောင့် သြဂုတ်လ ၁၉ ရက်နေ့မှာ အစည်းအဝေး ထိုင်တယ်၊ ဆုံးဖြတ်ချက်ချတယ်။ ပါတီအနေနဲ့ သပိတ်မှောက်တယ်။ သပိတ်မှောက်တယ် ဆိုတဲ့ စကားလုံးကို သုံးစွဲလိုက်တယ်။ ရွေးကောက်ပွဲကို မဲဆန္ဒရှင်ပြည်သူတွေကလည်း သပိတ်မှောက်ကြဖို့ တိုက်တွန်းတယ်။ သပိတ်မှောက်တယ် ဆိုတာက ဥပဒေနဲ့လည်း မငြိစွန်းဘူး။ သဘောကတော့ မဲပေးခွင့် ရှိသလို၊ မဲမပေးဘဲလည်း နေခွင့်ရှိတယ်။ ဒါကို ထပ်လောင်းပြီး ပြောလိုက်တယ်။

မတ်လ ၂၉ ရက်နေ့က စပြီး ပြောခဲ့တာက ၂၀၀၈ အခြေခံဥပဒေကို လက်မခံတဲ့အတွက် ၂၀၁၀ ရွေးကောက်ပွဲမှာ ပါတီ မှတ်ပုံထပ်မတင်ဘူး လို့ ပြောခဲ့တယ်။ ဆင့်ပွားပြီးပြောရင် ဒါဟာလည်း ပါတီအနေနဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်တာ ဖြစ်တယ်။ ဒါပေမယ့် အခုအချိန်မှာ တိတိကျကျအနေနဲ့ ပါတီက ရွေးကောက်ပွဲကို သပိတ်မှောက်တယ်။ မဲဆန္ဒရှင်တွေကိုလည်း သပိတ်မှောက်ဖို့ တိုက်တွန်းတယ်လို့ သြဂုတ်လ ၁၉ ရက်နေ့မှာ ပါတီက ထပ်မံ အတည်ပြု ဆုံးဖြတ် ကြေညာလိုက်ရတာ ဖြစ်ပါတယ်။

အဲသည်မှာ မေးမြန်းမိတာက ၂၀၁၀ ရွေးကောက်ပွဲကို အင်န်အယ်ဒီပါတီက သပိတ်မှောက်တယ်၊ ပါတီဝင်တွေက သပိတ်မှောက်တယ်။ ဒါ့အပြင် ပြည်သူ့လူထုတရပ်လုံးကို သပိတ်မှောက်ကြဖို့ တိုက်တွန်းတဲ့ သဘောကို အတည်ပြု ပြောကြားတဲ့ သဘောဆိုရင် ဘယ်လိုမျိုး ပြည်သူလူထုကို နားလည်အောင်၊ လိုက်ပါလာအောင် စည်းရုံးမှာလဲ ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ဆရာကပြောကြားရာမှာ …ကျနော်တို့အနေနဲ့ ပြောရမှာကတော့ ကူးတို့ဆိပ်မှာ နတ်ပြည်ကို သွားတဲ့ လမ်းကို ပိတ်ထားပြီ၊ ငရဲကို သွားတဲ့လမ်းကိုပဲ ဖွင့်ပေးထားတယ်။

စစ်အာဏာရှင်ငရဲလမ်းကိုတော့ ဖွင့်ထားတယ်။ အဲသည်လမ်းကိုတော့ မသွားကြပါနဲ့လို့ ပြောရမှာပဲ။ နတ်ပြည်ကိုသွားတဲ့ လမ်းပိတ်ထားတာနဲ့ ငရဲသွားတဲ့ လမ်းကို အတင်းကြိတ်မှိတ်ပြီး မသွားကြနဲ့။ သွားစရာမလိုဘူး။ ကျနော်တို့က ငရဲရောက်မယ့် လမ်း သိသိကြီးနဲ့ ကျနော်တို့တော့ မသွားဘူး၊ ခင်ဗျားတို့ သွားချင်သွားလို့လည်း မပြောနိုင်ဘူး။ ကျနော်တို့နဲ့ နတ်လမ်းကို သွားဖို့ ဆောင်ရွက်ကြပါလို့ ပြောရမှာ ဖြစ်တယ် လို့ ပြောချင်တယ်။

အဲသည်မှာ နိုင်ငံရေးအကျဉ်းထောင်ကြီးနဲ့တူတဲ့ စစ်အစိုးရရဲ့ အာဏာရှင်စိတ်တိုင်းကျ လွှတ်တော်ကြီးကို ၀င်ရောက်ဖို့ တာစူနေကြတဲ့ နိုင်ငံရေးပါတီတွေကလည်း မေးခွန်းတွေ ထုတ်ကြပြန်တယ်။ ဒီမိုကရေစီသွားချင်တဲ့ ပြည်သူလူထုကြီးကို လမ်းပိတ်တဲ့ သဘောပဲလို့ သူတို့က ပြောလာပြန်တယ်။ ဒီလမ်းကြောင်းကို သွားလို့ ဒီမိုကရေစီရမယ့်လို့ ဘယ်သူမှလည်း အာမခံထားတဲ့ လမ်းကြောင်းလည်း မဟုတ်ဘူး။ ၂၀၀၈ အခြေခံဥပဒေကို ဒူးထောက်အညံ့ခံတဲ့ နိုင်ငံရေးပါတီတွေ ကိုယ်တိုင်ကလည်း သူတို့ကိုယ်တိုင်က မသေချာ မရေရာဘဲ ဒီအာဏာရှင်တွေရဲ့ ငရဲလမ်းကြောင်းကို သွားနေကြတာ ဖြစ်တယ်လို့ ကျနော်တို့က ပြန်ပြီး ထောက်ပြရတယ်။

သေချာတာကတော့ အင်န်အယ်ဒီက ပြည်သူတွေ ရှေ့ကနေ ကြိုတင်ပြီး ရပ်တည်ပြီးတော့ ရွေးကောက်ပွဲကို သပိတ်မှောက်တယ်ဆိုရင် ပြည်သူတွေကိုလည်း သပိတ်မှောက်ကြဖို့ကို ပြောဆို တိုက်တွန်းရမှာပဲ။ ရအောင် စည်းရုံးရမှာပဲ၊ ရှင်းလင်း ပြောပြရမှာပဲ။ လူထုကို ရွေးကောက်ပွဲ သပိတ်မှောက်ကြဖို့ကို ပြောရမှာပဲ။ ဥပဒေအရလည်း မဲ ဆန္ဒရှင်တွေအနေနဲ့ မဲမပေးဘဲ နေခွင့် ရှိတယ် ဆိုတာကို ထောက်ပြရမှာပဲ။ စကားတွေ ဘယ်လို ရှုပ်အောင် ပြောလာပါစေ ကျနော်တို့ကတော့ ရှင်းအောင် ပြောနေရမှာပဲ ဖြစ်ပါတယ်။

ပြည်သူလူထုတွေက ၂၀၁၀ မှာ ရွေးကောက်ပွဲကို မဲမပေးဘဲ နေကြမယ်ဆိုရင် ရွေးကောက်ပွဲကို သပိတ်မှောက်လိုက်ခြင်းကနေ စစ်အုပ်စုကို ဘယ်လိုမျိုး ရွေးချယ်စရာ လမ်းကြောင်းကို ဆွဲခေါ်နိုင်မှာလဲ။

ငရဲသွားမယ့် လမ်းကြောင်းကို ကျနော်တို့တတွေက မသွားနိုင်ဘူးလို့ တညီတညွတ်တည်း ပြောလိုက်နိုင်မယ် ဆိုရင်၊ ဒီအတိုင်းကြီး ဆက်ရပ်နေလို့ မဖြစ်တော့ဘူး။ ကျနော်တို့တတွေက နတ်ပြည်သွားမယ့်လမ်းကို ရွေးကြရမယ်။ အဲသည်လမ်းကို သွားကြရမယ်။ အဲသည်လမ်းကြောင်းဆိုတာကလည်း အင်န်အယ်ဒီနဲ့ အတိုက်အခံနိုင်ငံရေး အင်အားစုတွေ၊ တိုင်းရင်းသားတွေနဲ့ နိုင်ငံတကာမိသားစုတွေက အစဉ်တစိုက် ပြောဆို တိုက်တွန်းနေတဲ့ လမ်းကြောင်းပဲ ဖြစ်ပါတယ်။ တွေ့ဆုံဆွေးနွေး အဖြေရှာကြဖို့ပဲ။

ဒီမိုကရေစီလမ်းကြောင်းကို သွားနိုင်ဖို့က ဒီ ရွေးကောက်ပွဲလမ်းကြောင်းမဟုတ်ဘူး၊ စစ်အာဏာရှင်ကို အတည်ပြုမယ့် ၂၀၀၈ အခြေခံဥပဒေကို အသက်သွင်းမယ့် ရွေးကောက်ပွဲလမ်းကြောင်းကို သွားမယ့်အစား ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ နိုင်ငံရေး အင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာကြဖို့ပါပဲ။ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း တံခါးကို တွန်းဖွင့်ဖို့အတွက် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ကြရတာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။

အဲသည်အချိန်နဲ့ တပြိုင်နက်တည်းမှာပဲ အနောက်နိုင်ငံတွေက ကုလသမဂ္ဂနဲ့အတူ မြန်မာပြည်စစ်အာဏာရှင်တွေရဲ့ စစ်ရာဇ၀တ်မှုတွေ၊ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်တဲ့ ရာဇ၀တ်မှုတွေကို စုံစမ်း စစ်ဆေး အရေးယူဖို့၊ တရားစီရင်ဖို့ တိုက်တွန်းလာတယ်။ ဒါဟာ နိုင်ငံတကာက စစ်အစိုးရရဲ့ ရွေးကောက်ပွဲဟာ ထွက်ပေါက်လို့ မယုံကြည်ဘူးလို့ ထုတ်ဖော်ပြလိုက်တာ ဖြစ်တယ်လို့ မြင်ပါတယ်။ အဲသည်အချက်နဲ့ ပတ်သက်ပြီး မြန်မာပြည်သူတွေက ဘာတွေ ဆောင်ရွက်လို့ ရနိုင်သလဲ။ မဲဆန္̔ဒရှင်ပြည်သူတွေရဲ့ အခန်းကဏ္ဍက ဘယ်လိုလဲ။

ကျနော်တို့ အင်န်အယ်ဒီက ဒီလိုမျိုးဆောင်ရွက်လာတာကို ထောက်ခံတယ် ဆိုတဲ့အကြောင်း နိုင်ငံတကာက အစိုးရအဖွဲ့အစည်းတွေကို ထုတ်ဖော် ပြောဆိုပါတယ်။ မြန်မာပြည်မှာလည်း လူ့အခွင့်အရေးအခြေအနေတွေက အတော်ကို ဆိုးဝါးနေပြီ။ ဒါကို အရေးယူဖို့ မပြောနဲ့ဦး၊ စုံစမ်းစစ်ဆေးဖို့ကို အခုကတည်းက မလုပ်နိုင်ရင် နောက်ကို ပိုပြီး ဆိုးဝါးတော့မှာ ဖြစ်တယ်။

ပြည်သူတွေက တဦးချင်း တယောက်ချင်း အနေနဲ့သာမက၊ နယ်စပ်ဒေသ နယ်တွေက မိသားစုတွေကလည်း မတရားအလုပ်ခံထားရတွေကို ရှေ့တိုးပြီး ထုတ်ဖော်ပြောဆိုလာမယ်။ ဒါဟာ ရွေးကောက်ပွဲ ကျင်းပတဲ့ အချိန်အထိ၊ ရွေးကောက်ပွဲ ပြီးတဲ့အချိန်ထိ စောင့်နေစရာ မလိုဘူး။ အင်န်အယ်ဒီပါတီကလည်း အောက်ခြေအထိ အဆင့်ဆင့်ဆင်းပြီး ရှင်းလင်းပြောပြရင်းကနေ စစ်အာဏာရှင်တွေရဲ့ မတရားမှုတွေ အဓမ္မမှုတွေကို မှတ်တမ်း တင်ရမှာပဲ။ ထုတ်ဖော် ပြောဆိုပေးရမှာပဲ။ ဒါတွေကိုလည်း ကျနော်တို့က ဆက်လက် ဆောင်ရွက်နေမယ်ဆိုတာကို ပြောချင်ပါတယ်။

ဒီလိုမျိုး စုံစမ်းစစ်ဆေးရေးတွေ လုပ်လာတယ်ဆိုတာဟာ အရေးယူဖို့ လုပ်လာတာဟာ ကျနော့်သဘောအရ ပြောရရင်တော့ တွေ့ဆုံဆွေးနွေးရေးတံခါးကို ဖွင့်နိုင်ဖို့၊ အင်ဂိတ်ဂ်ျ လုပ်နိုင်ဖို့အတွက် ဖွင့်ထားတာပဲလို့ မြင်ပါတယ်။ နိုင်ငံတကာရဲ့ မျက်နှာစာမှာ ဒီအချက်အလက်တွေ ရောက်ရှိလာရင်၊ တင်ပြလာနိုင်မယ် ဆိုရင် စစ်အစိုးရဲ့ ရွေးကောက်ပွဲဟာ ဘယ်သူ့အတွက်မှ အဖြေမဟုတ်ဘူးဆိုတာ ထင်ရှားလာမယ် ဖြစ်ပါတယ်။

ဒါမျိုးတွေနဲ့ ပြည်တွင်းမှကော ပြည်ပမှာပါ နိုင်ငံရေး အကြပ်အတည်းတွေ၊ ဖိအားတွေနဲ့ ရင်ဆိုင်လာရတဲ့ စစ်အာဏာရှင်လူတစုဟာ ဘယ်လိုမျိုး ပြန်လည် တုံပြန်မှုတွေနဲ့ တိုက်ခိုက်လာနိုင်သလဲ၊ ဖိနှိပ်မှုတွေ အကြမ်းဖက်မှုတွေကော လုပ်မလာနိုင်ဘူးလား။

ဒါကတော့ ကျနော်တို့တတွေ ရင်ဆိုင်ဖို့ အဆင်သင့် ပြင်ထားရမှာ ဖြစ်ပါတယ်။ လူမျိုးရေး အဓိကရုဏ်းတွေ၊ ဘာသာရေး သွေးထိုးလှုံဆော်တာတွေကို ကျနော်တို့က သတိနဲ့ စောင့်ကြည့်ရမယ်။ နယ်တွေမှာလည်း အကြမ်းဖက်ခံရတာတွေ၊ အဖိနှိပ်ခံရတာတွေ ရှိလာနိုင်ပါတယ်။ နိုင်ငံတကာမိသားစုတွေအနေနဲ့ကလည်း အခုလို စောင့်ကြည့်နေတဲ့ အချိန်မှာ စစ်ရာဇ၀တ်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ ရာဇ၀တ်မှုတွေ ပိုမို ဆိုးဝါးလာတယ် ဆိုရင် နိုင်ငံတကာက အနောက်နိုင်ငံတွေသာမက၊ အာရှနိုင်ငံတွေ၊ အာဆီယံနိုင်ငံတွေမှာပါ မြန်မာပြည်က အပြစ်မဲ့တဲ့ လက်နက်မဲ့တဲ့ ပြည်သူလူထုတွေ၊ နိုင်ငံရေးအင်အားစုတွေကို ကာကွယ်ပေးဖို့ တာဝန်ရှိတယ်ဆိုတာကလည်း ပိုပြီး ထင်ရှားလာမယ် ဖြစ်တယ်။ အဲလိုမျိုး ပြောချင်ပါတယ်။

ဆရာဦးဝင်းတင်နဲ့ မေးခွန်းများ ဖြစ်ပါတယ်။ သြဂုတ်လ ၂၀ ရက်နေ့က မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

ရင်းမြစ်..မိုးမခ

copy from မြတ်လေးငုံ

Monday, August 23, 2010

2nd Annual Burmese Literary Talk - SIngapore

ဗိုလ်ချုပ်မှူးကြီးအမိန့်နဲ့ ဆင်နွှဲခဲ့ကြရတဲ့ ၁၉၉၈ ခရစ္စတီးကျွန်းပေါ်က လူသတ်ပွဲ

VOA Radio, တက်ဆက်သူ - ရော်နီညိမ်း
တနင်္ဂနွေ, 22 သြဂုတ် 2010တပ်မှူးတပ်သား ပြောစကား (၀၂၂)
မြန်မာနိုင်ငံထဲမှာ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ စစ်ရာဇ၀တ်မှုတွေနဲ့ ပတ်သက်လို့၊ ကုလသမဂ္ဂက စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး စုံစမ်းစစ်ဆေးဘို့ဆိုတဲ့ ကိစ္စကို၊ အမေရိကန်အစိုးရကပါ ထောက်ခံဘို့ သမတအိုဘားမားက ဆုံးဖြတ်ခဲ့ပါပြီ။ မြန်မာနိုင်ငံမှာ လူသူမသိအောင်ထိန်ဝှက်ထားတဲ့ ၁၉၉၈ ခုနှစ်က မြန်မာ စစ်တပ်က အပြစ်မဲ့သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ပစ်ခဲ့တဲ့ စစ်ရာဝတ်မှုကြီးတစ်ခုအကြောင်းကို ၂၀၀၈ မေလ(၂၅)ရက်နေ့က ဗီအိုအေမြန်မာပိုင်းက ထုတ်လွှင့်ခဲ့ပြီးပါပြီ။ မြန်မာ့ဒီမိုကရေစီရေးရာကဏ္ဍမှာ ဦးသန်းလွင်ထွန်း တင်ဆက်ခဲ့တဲ့ ဒီအစီအစဉ်ကို၊ ဒီတပတ် “တပ်မှူးတပ်သား ပြောစကား”အပတ်စဉ်ကဏ္ဍမှာ ပြန်ပြီး ထုတ်လွှင့်ပေးလိုက်ပါတယ်။
ဦးသန်းလွင်ထွန်း။ ။ ကမ္ဘာပေါ်မှာ လက်ချိုးရေလို့ရလောက်အောင် အနည်းငယ်ပဲကျန်နေသေးတော့တဲ့ အာဏာရှင်နိုင်ငံတွေ ကြားထဲမှာ၊ မြန်မာနိုင်ငံ ထင်ထင်ရှားရှားပါဝင် ပေါ် လွင်နေတာဟာ မြန်မာစစ်အာဏာရှင်ခေါင်းဆောင်တွေရဲ့ ရက်စက်ကြမ်းကြုပ်မှုတွေကြောင့် ဖြစ်ပါတယ်။ ဒီလို ရက်စက်ကြမ်းကြုပ်မှုတွေ ကျူးလွန်နေတဲ့ ကိုယ်တွေ့ဖြစ်ရပ်တစ်ခုကို မကြာသေးခင်ကပဲ ဗီအိုအေကို ထုတ်ဖေါ်ပြောကြားလာသူကတော့ အမေရိကန်ပြည်ထောင်စုက မြန်မာသံရုံးမှာ သံမှူးကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ဘူးတဲ့ ဗိုလ်မှူးအောင်လင်းထွဋ်ပါ။
ဗိုလ်မှူးအောင်လင်းထွဋ်ဟာ မြန်မာ့တပ်မတော်ထောက်လှမ်းရေးမှာ တာဝန်ထမ်းဆောင်နေရကနေ၊ နိုင်ငံခြားရေးဝန်ကြီးဌာနကို အထူးတာဝန်နဲ့ ရောက် ရှိလာသူ ဖြစ်ပါတယ်။ သူဟာ ၂၀၀၅ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုမှာ ခိုလှုံခွင့်တောင်းခံနေထိုင်ခဲ့ပါတယ်။ သတင်းဌာနတွေနဲ့ အရင်က ပြောဆိုဆက်သွယ်မှုတွေ မရှိခဲ့ပေမဲ့၊ နာဂစ်(စ်)ဆိုက်ကလုံးမုန်တိုင်းကြီး တိုက်ခတ်ခဲ့အပြီး အပြစ်မဲ့ပြည်သူတွေအပေါ် စာနာထောက်ထားမှုကင်းမဲ့လွန်းတဲ့ စစ်အာဏာရှင်တွေရဲ့အပြုအမူအပေါ် မခံမရပ်နိုင်အောင် ဖြစ်လာတာမို့၊ အခုလို ဆက်သွယ်ပြောဆို လာရခြင်းဖြစ်တယ်လို့ ဗိုလ်မှူးအောင်လင်းထွဋ်က ဆိုပါတယ်။
မြန်မာနိုင်ငံ တောင်ပိုင်း တနင်္သာရီတိုင်း မြန်မာ့ပင်လယ်ပြင်အတွင်းက ခရစ္စတီးကျွန်း (Cristie Island) (မြောက်လတ္တီ တွဒ် ၀၉ ဒီဂရီ ၃၇ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၅၉မိနစ် {Geographical location 0937N 9759E}) လို့ခေါ်တဲ့ ကျွန်းငယ်လေးတစ်ခုပေါ်မှာ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အမိန့်နဲ့ အပြစ်မဲ့ပြည်သူကျေးရွာသား (၅၉)ဦးနဲ့ ထိုင်းရေလုပ်သား (၂၂)ဦးကို မြန်မာစစ်တပ်က သတ်ဖြတ်ပစ်ခဲ့ရပုံအကြောင်း ကိုယ်တွေ့ဖြစ်ရပ်တစ်ခုကို ဗိုလ်မှူးအောင်လင်းထွဋ် က ပြောပြခဲ့ပါတယ်။



ဦးအောင်လင်းထွဋ်။ ။ 1998 တုန်းက မေလမှာ တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် ဇာဒက်ကြီးရေတပ်စခန်းမှာ ကျနော်တို့က အခြေချပါတယ်။ ရှေ့တန်းစစ်ဗျူဟာအနေနဲ့ကတော့ ခရစ္စတီးကျွန်းမှာ အခြေချပါတယ်။ ခရစ္စတီးကျွန်းဟာ ထိုင်းနဲ့မြန်မာရဲ့ရေပြင်ပိုင်နက်အစပ်နားမှာ ရှိပါတယ်။
ကျနော်တို့ဆိုတာက ဗိုလ်ချုပ်ကြီးကြည်မင်း(ယခု အငြိမ်းစားဒုဗိုလ်ချုပ်ကြီး)၊ နောက်ပိုင်းမှာ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဖြစ်ခဲ့တဲ့သူပါ။ အခုတော့ အငြိမ်းစားယူပြီး စစ်မှုထမ်းဟောင်းအဖွဲ့မှာ ဒုဥက္ကဌလုပ်နေတဲ့ ဗိုလ်ချုပ်ကြီးကြည်မင်းပါ။ နောက်တယောက်က ဗိုလ်ချုပ်မြင့်ဆွေ(လေ) (ယခု အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး) ပါ။ သူကလည်း ကာကွယ်ရေးဦးစီးချုပ်(လေ) ဖြစ်ခဲ့ပြီးတော့မှ အခု retire (အငြိမ်းစား) သွားပါပြီ။ ဦးနေ၀င်းရဲ့မြေးတွေရဲ့ ဖြစ် စဉ်မှာ အဖြုတ်ခံရတဲ့ ပုဂ္ဂိုလ်ပါ။ နောက်တယောက်က ဗိုလ်ချုပ်သူရမြင့်အောင်(ကြည်း) (ယခု ဒုဗိုလ်ချုပ်ကြီး) ပါ။ သူကတော့ လက်ရှိ စစ်ရေးချုပ်ရာထူးကို ယူထားပါတယ်။
(မှတ်ချက်။ ။ ခရစ္စတီးကျွန်းလူသတ်ပွဲဖြစ်စဉ်တွင် ဤသုံးဦးလုံးမှာ ဗိုလ်မှူးချုပ်အဆင့်သာ ရှိကြပြီး၊ တပ်ထုံးစံအရ ဗိုလ်မှူးချုပ်ကို ဗိုလ်ချုပ်၊ ဒုဗိုလ်ချုပ်ကြီးကို ဗိုလ်ချုပ်ကြီး၊ ဒုဗိုလ်မှူးကြီးကို ဗိုလ်မှူးကြီးဟုပင် ခေါ်ကြပါသည်။)
သူတို့သုံးယောက်ကို ကြည်း-ရေ-လေ ပူးပေါင်းစစ်ဆင်ရေးဆိုပြီး တော့၊ ကက(ကြည်း)(ကာကွယ်ရေးဝန်ကြီးဌာန တပ်မတော်-ကြည်း)ရုံးကနေ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဖွဲ့စည်းပေးပြီး တော့မှ ဇာဒက်ကြီးရေတပ်စခန်းကို လွှတ်လိုက်ပါတယ်။ ဇာဒက်ကြီးရေတပ်စခန်းရဲ့ စခန်းမှူးက ဒုတိယဗိုလ်မှူးကြီး မောင်မောင်သစ်။ ကော့သောင်းရဲ့အခြေချ စစ်ဗျူဟာမှူးက ဗိုလ်မှူး ကြီးဇော်မင်း(ယခု ၀န်ကြီးဦးဇော်မင်း)။ အခု အမှတ်(၁)လျှပ်စစ်ဝန်ကြီးတာဝန်ရော ကြံ့ခိုင်ဖွံ့ဖြိုးရေးရဲ့ တွဲဘက်အတွင်းရေးမှူးတာဝန်ရော ယူနေတဲ့ပုဂ္ဂိုလ် ဖြစ်ပါတယ်။ သူက ဗျူဟာမှူး အနေနဲ့ ခရစ္စတီးကျွန်းမှာ တာဝန်ယူရပါတယ်။ သူ့လက်အောက်မှာ အဲဒီအချိန်မှာ တပ်ရင်းမှူးအဖြစ် ခမရ(၂၆၂) ကော့သောင်းတပ်က ဒုတိယဗိုလ်မှူးကြီးစိုးတင်။ ဒီပုဂ္ဂိုလ်က နောက် ပိုင်းမှာ အမှတ်(၁)စက်မှုဝန်ကြီးဌာနမှာ ညွှန်ကြားရေးမှူးဖြစ်တယ်လို့ သိရပါတယ်။ နောက်တယောက်က ဘုတ်ပြင်းက တပ်ရင်းမှူးပါ။ ခမရ (၄၀၃) လား (၄၀၄)လား ကျနော် မသိတော့ ဘူး။ ဒုတိယဗိုလ်မှူးကြီးဝင်းဆွေ။ ဒီပုဂ္ဂိုလ်တွေနဲ့ ပေါ့လေ၊ အဲ့ဒီမှာ ဗိုလ်မှူးကြီးဇော်မင်းဦးစီးတဲ့ ဗျူဟာကနေ ခရစ္စတီးကျွန်းကို တက်ပြီး နေရာယူလိုက်တဲ့အခါမှာ အဲဒီမှာ သစ်ခုတ်ဝါး ခုတ်နဲ့ အရပ်သူအရပ်သား(၅၉)ယောက်တိတိကို သူတို့ ဖမ်းလိုက်ပါတယ်။ အဲဒီအထဲမှာ သုံးနှစ်သမီးလေးတစ်ယောက် ပါတယ်။ မိန်းမတစ်ယောက်ဆိုလို့ရှိရင် သိပ်မကြာသေးဘူး၊ ကလေးငယ်ငယ်လေးကို မွေးခဲ့ပြီး နေနေခဲ့တာပေါ့လေ။ သူတို့ကတော့ သာမန် ဒီနယ်မြေဒီဒေသမှာ သစ်ခုတ်ဝါးခုတ်ပြီးတော့မှ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းအတွက်ကို ရှာဖွေ လုပ်ကိုင်စားသောက်နေတဲ့ အရပ်သူအရပ်သားတွေ ဖြစ်ပါတယ်။ အဒီအချိန်က တိုင်းမှူးက ဗိုလ်ချုပ် သီဟသူရ သူရစစ်မောင် (ထိုစဉ်က ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူး၊ ၂၀၀၁ တွင် ရဟတ်ယာဉ်ပျက်ကျစဉ် အတွင်းရေးမှူး -၂ ဒုဗိုလ်ချုပ်ကြီးတင်ဦးနှင့်အတူ ကွယ်လွန်သွားသူ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး)။ သူက ပုဒ်မ(၁၄၄)ထုတ်ထားတယ်တဲ့။ ဒီကျွန်းတွေမှာ အရပ်သားတွေ မနေရဘူးဆိုတာကြောင့် ဖမ်းတယ်ဆိုပြီး ဖြစ်ခဲ့ပါတယ်။ ကျနော်တို့ထင်တာက ဒီ(၅၉)ယောက်ကို ကော့သောင်းမြို့ကို ပြန်ပို့ပြီး အရေးယူချင်လည်း ယူ ပေါ့လေ။ လ၀ကဥပဒေနဲ့ အရေးယူချင်လည်း ယူပေါ့လေ၊ ဒီလိုပဲ လွှတ်လိုက်မယ်လို့ ကျနော်ထင်ခဲ့ပါတယ်။ ဖမ်းမိတာက ဧပြီလမှာလို့ ကျနော်ထင်တယ်။ မေလလောက် ရောက်တဲ့ အခါကျတော့၊ ညဘက်ကြီးမှာ ကောက်ခါငင်ခါ အမိန့်တစ်ခု ရောက်လာလို့ ကျနော်တို့ သိရပါတယ်။ အဲ့ဒီအချိန်တုန်းက စစ်ဦးစီးဗိုလ်မှူးချုပ်(ကြည်း)ဖြစ်တဲ့ ကက(ကြည်း)က ဗိုလ်ချုပ် မြင့်ဆွေ (ယခု ဒုဗိုလ်ချုပ်ကြီး၊ ကစထမှူး၊ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့ ၅)က ဆက်သွယ်ရေးစက်ပေါ်တက်လာပြီး ဗိုလ်ချုပ်ကြီးကြည်မင်းနဲ့ စကားပြောချင်တယ်လို့ ပြောပါတယ်။ အဲဒီလို ပြောကြပြီးတော့မှ ဗိုလ်ချုပ်ကြီးကြည်မင်း ပြန်လာတဲ့အခါကျတော့ ကျနော်တို့အပါအ၀င် အားလုံးကိုခေါ်ပြီးတော့ ဘာပြောလဲဆိုတော့ အခုဖမ်းထားတဲ့ (၅၉) ယောက်လုံးကို အကုန်လုံးကို ရှင်းပစ်ရမယ် သတ်ပစ်ရမယ်ဆိုပြီး အမိန့်ပေးတယ် ဆိုပြီး ပြောပါတယ်။ ဗိုလ်ချုပ်မြင့်ဆွေက ဗိုလ်ချုပ်ကြီးကြည်မင်းကို ဆက်သွယ်ရေးစက်နဲ့ လှမ်းပြီး အမိန့်ပေးတာပါ။
ဦးသန်းလွင်ထွန်း။ ။ ဘာကြောင့်လဲ၊ အဲဒါ။
ဦးအောင်လင်းထွဋ်။ ။ ဘာကြောင့်လဲဆိုတာ ပြောရခက်ပါတယ်။ ဒီကလေးလေးတွေ မိန်းမတွေ ယောက်ျားတွေ ဘာမှ လက်နက်မကိုင်ထားတဲ့လူတွေကို သတ်ခိုင်းတာဟာ၊ ကျနော် တို့မှာ အရမ်းကို ခံစားရတယ်။ အမှန်အတိုင်းပြောရရင် မဖြစ်သင့်မဖြစ်ထိုက်တဲ့ ကိစ္စပါ။ ကျနော်လဲ ဒါဟာ ကြုံလိုက်ရတဲ့ ကိုယ်တွေ့တစ်ခုဘဲ။ ဗိုလ်ချုပ်ကြီးကြည်မင်းက ကျနော်တို့ အား လုံးကို စုလိုက်တယ်။ ကျနော်တို့ကတော့ staff အနေနဲ့ နားထောင်ရတာပေါ့။ ဗိုလ်ချုပ်ကြီးကြည်မင်း(ရေ)၊ ဗိုလ်ချုပ်မြင့်ဆွေ(လေ)၊ ဗိုလ်ချုပ်သူရမြင့်အောင်(ကြည်း)၊ ဗိုလ်မှူးကြီးမောင် မောင်သစ်(ရေ)၊ ဒါကတော့ လူကြီးပိုင်းတွေပေါ့လေ။ ဗိုလ်ချုပ်ကြီးကြည်မင်းက ဒီသတင်းကို ကျနော်တို့ကို ပြောလိုက်တဲ့အခါကျတော့၊ ဗိုလ်ချုပ်သူရမြင့်အောင် အခု စစ်ရေးချုပ်လုပ်နေ တဲ့လူက ဘာထပြောလဲဆိုတော့ “ဒါ အထက်အမိန့်ပဲ၊ အကုန်သတ်ပစ်ရမှာပေါ့” ဆိုပြီး တော့မှ သူက စပြောပါတယ်။ ဗိုလ်ချုပ်မြင့်ဆွေ(လေ)ကတော့ သူက ပုတီးသမား တရားသမား ဆိုတဲ့အခါကျတော့၊ ထိန်းထိန်းသိမ်းသိမ်းလုပ်ဘို့နဲ့ “အခြေအနေလေးတော့ ပြန်မေးကြည့်ပါဦး၊ ဘာဖြစ်လို့လဲဆိုတော့ ဒီအချိန်က ညကိုးနာရီခွဲပတ်ဝန်းကျင်လောက်ဖြစ်နေတော့ ဒါဟာ ဗိုလ်ချုပ်မှူးကြီးမောင်အေး အရက်သောက်ပြီး မူးတဲ့အချိန်၊ တော်ကြာ မူးမူးရူးရူးနဲ့ အမိန့်ဖြစ်နေဦးမယ်” ဆိုပြီးတော့မှ ပြောခဲ့ပါတယ်။ သူတို့နှစ်ယောက် (ဗိုလ်မှူးချုပ်သူရမြင့်အောင် နဲ့ ဗိုလ်မှူးချုပ်မြင့်ဆွေ-လေ) ပြောတဲ့အပေါ်မှာ အဓိကမူတည်ပြီးတော့မှ၊ ဗိုလ်ချုပ်ကြီးကြည်မင်းက ဆုံးဖြတ်ပါတယ်။ “ကောင်းပြီ ဒါဆို ဒို့တွေ နောက်နေ့မနက် စက်ပေါ်တက်ပြီးတော့မှ ကိုမြင့်ဆွေ (ရန်ကုန်စစ်ရုံးချုပ်မှ စစ်ဦးစီးဗိုလ်မှူးချုပ်(ကြည်း) ဗိုလ်မှူးချုပ်မြင့်ဆွေ)ကို ဒို့ ထပ်မေးကြည့်မယ်၊ ဒီအမိန့်ကိုတော့ အောက်က ဗိုလ်မှူးကြီးဇော်မင်းတို့ကို ချမပေးနဲ့ဦး” ဆိုပြီး ဗိုလ်ချုပ်ကြီးကြည်မင်းက ထိန်းထားလိုက်တာ ကျနော်တို့ သိရပါတယ်။ မနက် ကိုးနာရီပတ်ဝန်းကျင်လောက်၊ ဗိုလ်ချုပ်မြင့်ဆွေ(ကြည်း)ကို စက်ပေါ်တက်ပြီး ဗိုလ်ချုပ်ကြီးကြည်မင်းက မေးပြီး ပြန်လာတဲ့အခါကျတော့၊ ဘာပြောလဲဆိုတော့ “ဗိုလ်ချုပ်မြင့်ဆွေ(ကြည်း)က ပြောလိုက်တယ်၊ ဒါဟာ အဘအေး(ဒုဗိုလ်ချုပ်မှူးကြီးမောင်အေး)အမိန့် မဟုတ်ဘူး၊ အဘကြီး(ဗိုလ် ချုပ်မှူးကြီးသန်းရွှေ)အမိန့်ဆိုပြီး ပြောတယ်” ဆိုပြီး ပြန်ပြီးတော့မှ ပြောပြပါတယ်။ အဘကြီး ဆိုတာကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို အဘကြီးလို့ ကျနော်တို့ ခေါ်ကြပါတယ်၊ စစ်တပ် မှာတော့။
ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့၊ အဲ့ဒီအမိန့်ကို ပြန်ပြီးတော့ ပြင်လို့ မရခဲ့ဘူးပေါ့။
ဦးအောင်လင်းထွဋ်။ ။ အဲ့ဒီအမိန့်ကို ပြန်ပြီးတော့ ပြင်လို့ မရခဲ့ဘူး။ မရခဲ့တဲ့အခါကျတော့၊ အဓိကက အဲ့ဒီနယ်မြေရဲ့ တာဝန်ခံက ဗိုလ်ချုပ်သူရမြင့်အောင်။ သူက စကခ(၁၃)(စကခ= စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ဟု အမည်ပေးထားသော ခြေမြန်တပ်မများ) ရဲ့ တပ်မမှူးပါ။ ဗိုလ်မှူးကြီးဇော်မင်းက သူ့လက်အောက်ကမှ ဗျူဟာမှူးပါ။ ဆက်ပြီးတော့ ရှင်းရှင်း ပြောရရင် တော့၊ အမိန့်ပေးလိုက်တယ်။ အမိန့်ပေးတဲ့အတိုင်းပဲ အဲ့ဒီ့နေ့မှာပဲ အဲ့ဒီ့ အရပ်သူအရပ်သားတွေကို သောင်ပြင်မှာပဲ အကုန်လုံးက သေနတ်နဲ့ပစ်သတ်ပြီးတော့မှ သောင်ပြင်မှာမြှုပ်လိုက် တယ်လို့ ကျနော်တို့ သိရပါတယ်။ အခု သွားပြီး အဲ့ဒီ့အရိုးတွေကို တူးကြည့်ရင် မြင်ရပါဦးမယ်။
ဦးသန်းလွင်ထွန်း။ ။ အဲဒီလိုအမိန့်ကို အကောင်အထည်ဖေါ်ခဲ့တာက၊ ဦးအောင်လင်းထွဋ် ပြောတဲ့အတိုင်းဆိုရင် ဗိုလ်မှူးကြီးဇော်မင်းဦးဆောင်တဲ့ဗျူဟာက လုပ်ခဲ့တာပေါ့။
ဦးအောင်လင်းထွဋ်။ ။ ဟုတ်ကဲ့ ခင်ဗျ။ ဗိုလ်မှူးကြီးဇော်မင်း (ယခုအမှတ်(၁)လျှပ်စစ်ဝန်ကြီဌာန ၀န်ကြီး နှင့် ပြည်ထောင်စုကြံခိုင်ဖွံ့ဖြိုးရေးပါတီ တွဲဘက်အတွင်းရေးမှူး) နဲ့ သူ့တပ်ရင်းမှူး နှစ်ယောက်ပေါ့လေ။ ဗိုလ်မှူးကြီးဇော်မင်းကလည်း တပ်ရင်းမှူးနှစ်ယောက်ကို ဆက်အမိန့်ပေးပြီးတော့မှ အကုန်လုံးကို လုပ်ပစ်လိုက်ကြတယ်လို့ သိရပါတယ်။ အဲ့ဒီ့ဓါတ်ပုံတွေ ရှိပါသေး တယ်။ ကျနော့်ရုံး(ကာကွယ်ရေးဝန်ကြီးဌာန တပ်မတော်ထောက်လှမ်းရေးညွှန်ကြားရေးမှူး ရုံး)က ဗီရိုထဲမှာ ရှိတယ်။ ဘာလို့လဲဆိုတော့ အဲဒီ့အချိန်မှာ ဗိုလ်မှူးကြီးဇော်မင်းတို့နဲ့အတူတူ ထောက်လှမ်းရေး(၁၉) တပ်မှူး၊ အခုတော့ ထောင်ထဲရောက်နေပါပြီ (၂၀၀၄တွင် ဗိုလ်ချုပ်ကြီးခင်ညွန့်နှင့်အတူ ဖြုတ်ထုတ်ရှင်းခံရသူများထဲမှ တစ်ဦး)၊ ဗိုလ်မှူးမြင့်ဦးဆိုတာ အတူတူ ရှိပါ တယ်။ သူက ခိုးပြီးတော့ ရိုက်ထားတဲ့ဓါတ်ပုံတွေကို ဒီစစ်ဆင်ရေး အပြန်မှာ ကျနော်တို့ကို ခိုးပြီးတော့ ပြန်ပေးလိုက်တဲ့အခါကျတော့၊ ကျနော်လည်း ရန်ကုန်ကို ပြန်ရောက်တဲ့အခါကျ တော့ ဗိုလ်မှူးချုပ်ကျော်သိမ်းနဲ့ ဗိုလ်မှူးကြီးစန်းပွင့် ကျနော့် G 1 (စစ်ဦးစီးမှူး ပထမတန်း) တို့ကို ပြပြီးတော့မှ ကျနော့်ဗီရိုထဲမှာ သိမ်းခဲ့တယ်။ အခုတော့ ရှိ မရှိတော့ ကျနော် မသိတော့ ဘူး။
ဦးသန်းလွင်ထွန်း။ ။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ နောက်ပိုင်း မြန်မာစစ်ခေါင်းဆောင်တွေကြားထဲမှာ တစုံတရာပြန် လည်ဆွေးနွေးတာတွေ၊ ဒီကိစ္စနဲ့ပတ်သက်လို့ အမှားအမှန် ကိစ္စတွေ ပြောခဲ့တာတွေများ ရှိလား ခင်ဗျ။


ဦးအောင်လင်းထွဋ်။ ။ ကိုသန်းလွင်ထွန်းရေ၊ ဒီဥစ္စာက အသေးလေး ဗျ။ ၁၉၉ရခုနှစ် လောက်ထဲက၊ စစ်ဆင်ရေး လေးလပတ် (စစ်ရုံးချုပ် အစည်းအဝေး)တစ်ခုမှာ “အစိပ်သားတောင် မချန်နဲ့၊ မင်းတို့ အကုန်လုံးကို ရှင်းပစ်” ဆိုပြီးတော့မှ အမိန့်က တရားဝင်ပေးတာ။ အဲ့ဒီအမိန့်ကို အကောင်အထည်ဖေါ်တာက ဗိုလ်ချုပ်မောင်ဘို (နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့ ၃ ၏ ကစထမှူး အဖြစ်မှ၊ တပ်မတော်စစ်ဆေးရေးနှင့်စာရင်းစစ်ချုပ် ကြည်း-ရေ-လေ အဖြစ် ရာထူးချခံရပြီး ကွယ် လွန်သွားခဲ့သူ ဒုဗိုလ်ချုပ်ကြီး မောင်ဘို)။ ဗိုလ်ချုပ်ကြီးမောင်ဘို တိုင်းမှူး(အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်)ဘ၀တုံးက ရွာသူရွာသားတွေကို ဘယ်လောက် သတ်ပစ်ခဲ့တယ်ဆိုတာ၊ သူ အသိ ဆုံးပါ။
ဦးသန်းလွင်ထွန်း။ ။ “အစိပ်သားတောင် မချန်နဲ့”ဆိုတာ ဘာကို ပြောတာလဲ။
ဦးအောင်လင်းထွဋ်။ ။ “အစိပ်သားတောင် မချန်နဲ့”ဆိုတဲ့ဥစ္စာက ကိုယ်ဝန်ပေါ့ဗျာ။ ကိုယ်ဝန်ကို တပ်ထဲမှာ “အစိပ်သား” လို့ ကျနော်တို့ ခေါ်တာကိုး။ ဗိုက်ထဲမှာရှိတဲ့ ကလေးတောင် မချန်နဲ့၊ အကုန်လုံးသတ်ပစ်ဆိုပြီးတော့ တရားဝင်အမိန့် ပါ။ တရားဝင်အမိန့်ဆိုတာ စစ်ဆင်ရေးအစည်းအဝေးတစ်ခုမှာ နှုတ်မိန့်ပေါ့ဗျာ။ စာနဲ့တော့ ဘယ်သူမှ မထုတ်ပါ ဘူး။ ပြောလိုက် တဲ့စကားပါ။
ဦးသန်းလွင်ထွန်း။ ။ ဘယ်နယ်မြေထဲမှာလဲ ခင်ဗျ။
ဦးအောင်လင်းထွဋ်။ ။ အားလုံးဘဲ။ အဓိကကတော့ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း။ အညိုရောင်လို့ သတ်မှတ်ထားတဲ့နယ်မြေမှာ။ အဲ့ဒီအချိန်က ဒါ ဘာလို့ဖြစ်ရလဲ ဆိုတဲ့အခါကျတော့ ရှင်းရှင်းပြောရရင်၊ ရွာတွေကို စုတာပါဘဲ။ Replacement လုပ်တယ်။ (မှတ်ချက်။ ။ တိုင်းရင်းသားဒေသတွေမှ ကျေးရွာတွေကို စစ်အင်အားနှင့် ခြိမ်းခြောက်ပြီး အတင်းအကြပ်ပြောင်းရွေှ့ပစ်ခြင်းကို မြန်မာ့တပ်မတော်တွင် “ရွာစုသည်”ဟု တရားဝင်ခေါ်ဝေါ် သည်။) ရွာတွေကို စုတဲ့အခါမှာ တချို့ရွာတွေက သူတို့ရဲ့အိုးအိမ် သူတို့ရဲ့ တောင်ယာလေးတွေကို မဖျက်ချင်တဲ့အခါ ကျတော့ မပြောင်းချင်ဘူး။ မပြောင်းချင်တဲ့ဥစ္စာကို by force မပြောင်းရင် မရဘူး ဆိုတဲ့ဟာမျိုးနဲ့ လူတွေကို သတ်ပစ်ခဲ့တဲ့ဖြစ်စဉ်တွေ အများ ကြီး ရှိပါတယ်။ အဲ့ဒီ့ သက်ဆိုင်ရာနယ်မြေမှာ ရှိတဲ့လူတွေ အသိဆုံးပါ။
ဦးသန်းလွင်ထွန်း။ ။ ဦးအောင်လင်းထွဋ်အနေနဲ့ ကိုယ်တွေ့ကြုံခဲ့ရတာကတော့၊ ခု မြန်မာပြည်တောင်ပိုင်း ခရစ္စတီးကျွန်း (Cristie Island)မှာ အရပ်သူအရပ်သား (၅၉)ဦးကို သတ် ခဲ့တဲ့ ကိစ္စပေါ့။
ဦးအောင်လင်းထွဋ်။ ။ အဲ့ဒီ့တုန်းက (၅၉)ယောက်တင် မကဘူး ခင်ဗျ။ ဒီ (၅၉)ယောက်ကို ရှင်းပစ်ပြီးတဲ့နောက်ပိုင်း မှာ၊ တရက်နှစ်ရက်လောက် ထင်တယ်။ ရခိုင်ဘက်ကနေပြီးတော့ မှ ယိုးဒယားငါးဖမ်းစက်လှေပေါ့ လေ။ ယိုးဒယား ငါးဖမ်းစက်လှေဆိုတာကလည်း တရားဝင် ရခိုင်ပြည်နယ်မှာ မှတ်ပုံတင်ထားတဲ့ ငါးဖမ်းစက်လှေပါ။ အဲ့ဒီ့စက်လှေဟာ ငါးတွေကို ရနောင်းမြို့ကို ပို့ဘို့အလာမှာ၊ လမ်းကြောင်းက ဒီ ခရစ္စတီးကျွန်းနားကို ၀င်လာတဲ့အခါကျတော့၊ ရေတပ်က 305 လား 303 လား (တိုက်ရေယာဉ် နံပါတ်များ)တော့ မသိဘူး။ ကျနော် မှတ်မိတာကတော့ စစ်ရေယာဉ်မှူးက ဗိုလ်မှူးအောင်ကြီး။ သူက ဖမ်းလာပါလေရော။ ဖမ်းလာပြီး ဗိုလ်ချုပ်ကြီးကြည်မင်းကို သူတို့ သတင်းပို့လိုက်တဲ့အခါကျ တော့၊ ထုံးစံအတိုင်းပဲ ကက(ကြည်း)ကို ဆက်ပြီး သတင်းပို့ကြတယ်။ ဆက်ပို့တော့ ကက(ကြည်း)ကလည်း အရင်လိုပဲ “ရှင်း ပစ်လိုက်”ဆိုပြီး ရှင်းခိုင်းတယ်။ ရှင်းခိုင်းတော့ အားလုံးပေါင်း ဒီစက်လှေပေါ်မှာပါ တဲ့လူ (၂၂)ယောက်ကို၊ ရေတပ်က တာဝန်ယူပြီးတော့ အဲ့ဒီ့ ခရစ္စတီးကျွန်းပေါ်မှာပဲ သတ်ပစ်ပြီး မြှုပ်ပစ်ခဲ့ရတယ်။ အဲ့ဒီ့စက်လှေကြီးကိုတော့ ကျနော်တို့က မမြုပ်မချင်း ပင်လယ်ထဲမှာ မြုပ်အောင်ဆိုပြီးတော့မှ စက်လှေကို ကျနော်တို့က ဗိုက်ဖေါက်ပြီးမီးရှို့ပြီးတော့ မြှုပ်တဲ့ဥစ္စာ၊ ကျနော် ထင်တယ်၊ တစ်ပတ်လောက်ကြာမှ အဲ့ဒီ့စက်လှေကြီးဟာ ရေအောက်ထဲကို ရောက်သွား တယ် ထင်တယ်။ ဒါက ဆက်စပ်ပြီး ဖြစ်ခဲ့တဲ့ ဖြစ်စဉ်ပါ။ အဲ့ဒီတော့ အားလုံး အဲ့ဒီ့အချိန်မှာ ကျနော်တွေ့ခဲ့တာက အရပ်သားတွေချည့်ဘဲ။ ဘာမှ လက်နက်ကိုင်တဲ့လူ တစ် ယောက်မှ မပါဘူး။
ဦးသန်းလွင်ထွန်း။ ။ အခု ဒုတိယပြောတဲ့အကြောင်းဆိုလိုှိ့ရင် ဒါက ယိုးဒယား ထိုင်းလူမျိုးတွေဆိုတော့၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ တစုံတရာ ပြဿနာတက် တာ မရှိနိုင်ခဲ့ဘူးလား။
ဦးအောင်လင်းထွဋ်။ ။ မရှိပါဘူး ခင်ဗျ။ မရှိဘူးဆိုတာက ဘယ်သူမှ မသိဘူး။ အဲ့ဒီရေပြင်မှာလည်း တရားဝင်အမိန့် ထုတ်ထားပါတယ်။ အရှင် မလိုချင်ဘူးလို့ ပြောထားတယ်။ ငါးခိုး ဖမ်းစက်လှေပဲဖြစ်ဖြစ်၊ အကုန်လုံးကိုသတ်ပစ်ပြီးတော့မှ စက်လှေပါ မြှုပ်ပစ်ရပါတယ်။ ပထမပိုင်းတုန်းကတော့၊ လူတွေပဲ စက်လှေကိုဖမ်းပြီး ပစ္စည်းတွေကို ယူတာရှိတယ်။ နောက်ပိုင်း မှာ လူရောပစ္စည်းရော အကုန်လုံး မြှုပ်ခိုင်းတဲ့ဥစ္စာတွေက ၁၉၉၆၊ ၁၉၉၇ လောက်က စပြီး နည်းနည်းလေး ပြင်းထန်လာတဲ့ သဘောရှိပါတယ်။
ဦးသန်းလွင်ထွန်း။ ။ အခုကြားခဲ့ရတာကတော့ မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လူသတ်ပွဲတစ်ခုအကြောင်း ကိုယ်တွေ့ဖြစ်ရပ်တစ်ခုကို ဗိုလ်မှူးအောင်လင်းထွဋ်က ပြော ပြခဲ့တာပါ။ “အရိုးတွန်တယ်”ဆိုတဲ့ မြန်မာဆိုရိုးစကားတစ်ခုအရ ဆိုရင်တော့၊ ကျူးလွန်ခဲ့သမျှ ရာဇ၀တ်မှုမှန်သမျှဟာ ဒီအတိုင်း ပျောက်ပြယ်သွားလေ့တော့ မရှိပါဘူး။ တချိန်ချိန်မှာ အကြောင်းအမျိုးနဲ့ တစ်ခုခုနဲ့ ပြန်ပေါ်လာတတ်ပြီး၊ ကျူးလွန်သူတွေ ထိုက်သင့်တဲ့ပြစ်ဒဏ်ကို ခံရစမြဲဆိုတာကိုတော့၊ အခု ကမ္ဘာ့သတင်းတွေမှာ ကြားသိနေရတဲ့ အီရတ်နိုင်ငံက သမ္မတဟောင်း ဆဒမ်ဟူစိန်ကို ခုံရုံးတင်ပြီး ကြိုးပေးစီရင်ခဲ့မှု၊ ဒါ့အပြင် အီရတ်နိုင်ငံအတွင်း ကုန်သည်(၄၀)ကျော်ကို မတရားဖမ်းဆီးပြီး အမိန့်ပေးသတ်ဖြတ်ခဲ့မှုနဲ့ လောလောဆယ် တရားစွဲဆိုခံနေရတဲ့ ဒုတိယသမ္မတဟောင်း ထာရစ်အာဇစ်ရဲ့ ကိစ္စ၊ နောက်ပြီး The Hague မြို့ နိုင်ငံတကာရာဇ၀တ်ခုံရုံးမှာ တရားစွဲဆို အပြစ်ပေးခြင်းတွေခံနေရတဲ့ ဘော့စနီးယား ဆာ့ဗ် စစ်ခေါင်းဆောင်ဟောင်း တွေအကြောင်း၊ စတာတွေက သက်သေခံနေပါတယ် ခင်ဗျာ။ ကျနော် သန်းလွင်ထွန်းပါ။
(၂၀၀၈ မေလ(၂၅)ရက်နေ့က ဗီအိုအေမြန်မာပိုင်းရဲ့ မြန်မာ့ဒီမိုကရေစီရေးရာကဏ္ဍမှာ ဦးသန်းလွင်ထွန်း တင်ဆက်ခဲ့တဲ့ အစီအစဉ်ကို၊ ဒီတပတ် “တပ်မှူးတပ်သား ပြောစကား” အပတ် စဉ်ကဏ္ဍမှာ ပြန်ပြီးထုတ်လွှင့်ပေးခဲ့တာပါ။)
အသံလွှင့်ခဲ့သော ဤအစီအစဉ်တွင်ပါဝင်နေသည့် စစ်အရာရှိများ၊ ဗိုလ်သင်တန်းဆင်းနှစ်များ နှင့်၊ ထိုစဉ်က အရာရှိအဆင့် နှင့် စစ်ရာထူးများ (စာပိုဒ်အစဉ်လိုက်)
၁။ ဗိုလ်မှူးအောင်လင်းထွဋ် (စစ်ဦးစီးမှူး-ဒုတိယတန်း၊ ကကလှမ်း) (DSA အပတ်စဉ်၂၀၊ ၁၉၇၉)
၂။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်)(OTS အပတ်စဉ် ၉၊ ၁၉၅၃)
၃။ ဗိုလ်မှူးချုပ်ကြည်မင်း (စစ်ဦးစီး ဗိုလ်မှူးချုပ်-ရေ) (DSA အပတ်စဉ် ၆၊ ၁၉၆၄)
၎။ ဗိုလ်မှူးချုပ်မြင့်ဆွေ (စစ်ဦးစီး ဗိုလ်မှူးချုပ်-လေ) (DSA အပတ်စဉ် ၁၁၊ ၁၉၆၉)
၅။ ဗိုလ်မှူးချုပ်သူရမြင့်အောင် (တပ်မမှူး၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - ၁၃၊ ဘုတ်ပြင်း) (DSA အပတ်စဉ် ၁၈၊ ၁၉၇၆)
၆။ ဒုတိယဗိုလ်မှူးကြီးမောင်မောင်သစ် (စခန်းမှူး၊ အမှတ် ၁၉ ရေတပ်ရှေ့တပ်စခန်း၊ ဇာဒက်ကြီးကျွန်း)(DSA အပတ်စဉ် ၁၀၊ ၁၉၆၈)
၇။ ဗိုလ်မှူးကြီးဇော်မင်း (ကော့သောင်းအခြေချစစ်ဗျူဟာမှူး၊ ကမ်းရိုးတန်းစစ်ဌာနချုပ်) (DSA အပတ်စဉ် ၁၅၊ ၁၉၇၃)
၈။ ဒုတိယဗိုလ်မှူးကြီးစိုးတင် (ခမရ ၂၆၂ တပ်ရင်းမှူး၊ ကော့သောင်း) (OTS အပတ်စဉ် ၅၁၊ ၁၉၇၆)
၉။ ဒုတိယဗိုလ်မှူးကြီးဝင်းဆွေ (ခမရ ၄၀၃ တပ်ရင်းမှူး၊ ဘုတ်ပြင်း) (DSA အပတ်စဉ် ၂၁၊ ၁၉၈၀)
၁၀။ ဗိုလ်ချုပ် သီဟသူရ သူရစစ်မောင် (ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး) (DSA အပတ်စဉ် ၁၂၊ ၁၉၇၀)
၁၁။ ဗိုလ်မှူးချုပ်မြင့်ဆွေ (စစ်ဦးစီး ဗိုလ်မှူးချုပ်-ကြည်း) (DSA အပတ်စဉ် ၁၅၊ ၁၉၇၃)
၁၂။ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး (ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် ကာကွယ်ရေးဦးစီးချုပ်-ကြည်း) (DSA အပတ်စဉ် ၁၊ ၁၉၅၉)
၁၃။ ဗိုလ်မှူးမြင့်ဦး (အမှတ် ၁၉ ထောက်လှမ်းရေးတပ် - မြိတ်၊ တပ်မှူး) (OTS အပတ်စဉ် ၅၈၊ ၁၉၈၀)
၁၄။ ဗိုလ်မှူးချုပ်ကျော်သိမ်း (မူးယစ်ဆေးဝါးနှင့်တိုက်ပွဲထောက်လှမ်းရေးဌာနမှူး၊ စစ်မဟာဗျူဟာလေ့လာရေးဌာန) (DSA အပတ်စဉ် ၁၁၊ ၁၉၆၉)
၁၅။ ဒုတိယဗိုလ်မှူးကြီးစန်းပွင့် (စစ်ဦးစီးမှူး-ပထမတန်း၊ ကကလှမ်း) (အလုပ်သင်ဗိုလ်သင်တန်း အပတ်စဉ် ၁၊ ၁၉၇၃)
၁၆။ ဗိုလ်ချုပ်မောင်ဘို (အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး) (OTS အပတ်စဉ် ၃၁၊ ၁၉၆၄)
၁၇။ ဗိုလ်မှူးအောင်ကြီး (ရေ) (စစ်ရေယာဉ်မှူး)
(သြဂုတ်လ ၂၂ ရက်၊ ဗီအိုအေရေဒီယို အစီအစဉ်က ပြန်လည်ကူးယူ တင်ပြပါတယ်)

© 2010 MoeMaKa Radio & Multimedia